Honor ကနေ Honor 80 GT ဖုန်းအသစ်ကို တရုတ်နိုင်ငံအတွင်းမှာ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ အဆိုပါ Launch Event မှာ Honor 80 GT ဖုန်းအပြင် Honor Pad V8 Pro Tablet အသစ်ကိုလည်း မြင်တွေ့ရမယ်လို့ သိရပါတယ်။

အခုလိုမျိုး တရားဝင်မမိတ်ဆက်ရသေးပေမယ့် Honor 80 GT ဖုန်းရဲ့ အသေးစိတ်အချက်အလက်အချို့ ထွက်ရှိလာပြီဖြစ်ပါတယ်။ အခုသတင်းကိုတော့ တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ပြောကြားချက်အရ Honor 80 GT ဖုန်းဟာ အစောပိုင်း Honor 80 Series ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းမှာ ကွာခြားမှာဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် စျေးနှုန်းပိုမိုသက်သာဖို့အတွက် Plastic Frame ကို အသုံးပြုထားမှာဖြစ်ပါတယ်။

ကျန်တဲ့အပိုင်းတွေအနေနဲ့ကတော့ Honor 80 GT ဖုန်းဟာ Qualcomm Snapdragon 8 Plus Gen 1 Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ Full HD+ Punch-hole OLED Display ပါဝင်မှာဖြစ်ပြီး 120Hz Refresh Rate ကို ထောက်ပံ့ပေးထားမှာပါ။

Camera ပိုင်းမှာ Honor 80 GT ဖုန်းဟာ အစောပိုင်း Honor 70 Series ဖုန်းတွေလိုမျိုးပဲ 54MP Sony IMX800 Camera ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery ပိုင်းမှာတော့ ပါဝင်မယ့် Capacity ကို အတိအကျမသိရသေးပေမယ့် 66W Fast Charging ပါဝင်လာမယ်လို့ သိရပါတယ်။

Honor 80 GT ဖုန်းဟာ တရုတ်ယွမ်ငွေ ၃,၀၀၀ ဝန်းကျင် (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) နဲ့ မိတ်ဆက်လာနိုင်တာကြောင့် Price-to-Performance ပိုင်းမှာ တော်တော်လေးကောင်းတဲ့ဖုန်းတစ်လုံးဖြစ်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China