Honor ဟာ Flagship Series ဖုန်းတွေကို နိုဝင်ဘာလ ၂၃​ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုမိတ်ဆက်သွားမယ့် Honor Flagship ဖုန်းတွေကတော့ Honor 80 Series လို့ သိရပြီး Honor 80 ၊​ Honor 80 Pro နဲ့ Honor 80 Pro+ ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရတော့ တရုတ်နိုင်ငံတွင်းမှာ နာမည်ကြီးတဲ့ Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Honor 80 Pro+ ဖုန်းမှာပါဝင်လာတဲ့ Specification တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရ Honor 80 Pro+ ဖုန်းဟာ Camera ပိုင်းမှာ 160MP Camera ကို အဓိကအနေနဲ့ အသုံးပြုထားမှာဖြစ်ပါတယ်။

အစောပိုင်းတုန်းက Honor ဟာ 80 Pro+ ဖုန်းမှာ 200MP Camera Sensor ကို အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ရှိခဲ့ပေမယ့် ကုမ္ပဏီကနေ ဆုံးဖြတ်ချက်ပြောင်းလဲခဲ့ပြီး 160MP Camera Sensor ကိုပဲ ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ 200MP Camera Sensor တွေက Optimization ပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။​

160MP Back Camera Sensor အပြင် Front Selfie Camera ပိုင်းမှာ Dual 50MP Camera Sensor တွေကို အသုံးပြုလာမှာဖြစ်ပြီး Sony IMX890 Sensor အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Selfie Camera ပိုင်းမှာလည်း တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းမွန်ဖွယ်ရှိနေပါတယ်။

Honor 80 Pro+ ဖုန်းဟာ Display ပိုင်းအနေနဲ့ 1.5K Display ကို အသုံးပြုထားမှာဖြစ်ပြီး Battery ပိုင်းမှာလည်း 100W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 8+ Gen1 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။​

Ref – GSM Arena