Honor က စွမ်းရည်မြင့် 80 နဲ့ 80 Pro ကို ကြေညာလိုက်ပါတယ်။

Honor 80 Pro

Honor 80 Pro မှာ Snapdragon 8+ Gen 1 SoC မောင်းနှင်ထားပြီး ၆.၇၈ လက်မ AMOLED မျက်နှာပြင်က 1.5K Resolution ရှိကာ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ ၁၈၈ ဂရမ် အလေးချိန်ရှိပြီး ၇.၈ မီလီမီတာ အထူ ရှိပါတယ်။

Honor

4,800mAh ဘက်ထရီ ပါလာပြီး 66W Fast Charging ထောက်ပံ့ထားပါတယ်။ Android 12 OS အခြေပြု MagicOS 7.0 မောင်းနှင်ထားပြီး အရှေ့ဘက်မှာ 50MP နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 160MP Main , 50MP Ultrawide နဲ့ 2MP Depth ကင်မရာ ၃ လုံး ပါပါတယ်။

Honor 80

Honor 80 မှာ Snapdragon 782G Processor မောင်းနှင်ထားပြီး ၆.၆၇ လက်မ OLED မျက်နှာပြင်ကွေး ပါလာကာ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 66W Fast Charging ထောက်ပံ့တဲ့ 4,800mAh ဘက်ထရီ တပ်ဆင်ထားပြီး ၁၅ မိနစ်အတွင်း ၃ ကနေ ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Honor

အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 160MP Main , 8MP Ultrawide Angle နဲ့ 2MP Macro ကင်မရာ ၃ လုံး ပါပါတယ်။ Android 12 OS အခြေပြု MagicOS 7.0 မောင်းနှင်ထားပါတယ်။

ဈေးနှုန်း

Honor 80 နဲ့ 80 Pro အတွက် Bright Black, Jade Green, Blue Wave နဲ့ Pink Morning Glow အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Honor 80

8GB + 256GB : 2699 yuan (ဒေါ်လာ ၃၇၇ ဝန်းကျင်)

12GB + 256GB : 2999 yuan (ဒေါ်လာ ၄၁၉ ဝန်းကျင်)

12GB + 512GB : 3299 yuan (ဒေါ်လာ ၄၆၀ ဝန်းကျင်)

Honor 80 Pro

8GB + 256GB : 3499 yuan (ဒေါ်လာ ၄၈၉ ဝန်းကျင်)

12GB + 256GB : 3799 yuan (ဒေါ်လာ ၅၃၀ ဝန်းကျင်)

12GB + 512GB : 4099 yuan (ဒေါ်လာ ၅၇၂ ဝန်းကျင်)

တရုတ်မှာ ဒီလ ၂၃ ရက်နေ့က စတင်ကာ ကြိုတင်မှာယူနိုင်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina