[Zawgyi]

ႏွစ္ကူးခ်ိန္မွာ တရုတ္စမတ္ဖုန္းထုတ္လုပ္သူေတြရဲ႕ ၿပိဳင္ပြဲက ပိုမုိျပင္းထန္လာၿပီး ထုတ္ကုန္သစ္ေတြ ခပ္စိတ္စိတ္ျမင္လာရပါတယ္။ အခုလည္း Xiaomi Mi Play ထြက္ၿပီး သိပ္မၾကာေသးခင္မွာ Huawei ရဲ႕ အမွတ္တံဆိပ္ခြဲ Honor ကလည္း သတင္းထြက္ေနတဲ့ Honor 8A စမတ္ဖုန္းကို Honor Play 8A အမည္ျဖင့္ ထြက္ခ်လာၿပီး ႀကိဳတင္ေၾကျငာထားတဲ့ ဇန္နဝါရီ ၈ ရက္ထက္ ႏွစ္ရက္ေစာကာ ႀကိဳတင္အမွာစာလက္ခံလာတာ ေတြ႕ရပါတယ္။

Honor Play 8A စမတ္ဖုန္းသစ္မွာ ပလတ္စတစ္ေနာက္ေက်ာနဲ႔ သတၳဳဖရိန္တုိ႔ ပါဝင္လာၿပီး ကိုယ္ထည္ အခ်ဳိးက 156.28 x 73.5 x 8.0 mm ရွိကာ 150 ဂရမ္ေလးပါတယ္။ အေရာင္ကေတာ့ အနက္ေရာင္၊ အျပာ၊ ေရႊေရာင္နဲ႔ အနီေရာင္တို႔ ေရြးခ်ယ္ဝယ္ယူႏုိင္မွာပါ။

က်န္တဲ့ Specs ေတြကလည္း ႀကိဳတင္သတင္းထြက္ထားသလိုပါပဲ။ သူ႕မွာ Teardrop Notch တစ္ခုနဲ႔ 6.09” လက္မအရြယ္ IPS Display ပါဝင္လာတယ္။ အတြင္းမွာ MediaTek ရဲ႕လတ္လတ္ဆတ္ဆတ္ Helio P35 MT6765 ခ်စ္ပ္ဆက္မွာ Cortex-A53 Core ရွစ္ခုနဲ႔ 2.3GHz ျမန္ႏႈန္း၊ PowerVR GE8320 တုိ႔ ပါဝင္တယ္။ မန္မုိရီ ပိုင္းမွာ အနည္းငယ္နည္းၿပီး 3GB RAM နဲ႔ 32GB / 64GB Storage ျဖစ္ပါတယ္။ MicroSD နဲ႔ထပ္မံတုိးခ်ဲ႕ႏုိင္ၿပီး Android 9 Pie ကိုအေျခခံထားတဲ့ EMUI 9.0 ျဖင့္ အသုံးျပဳရမွာပါ။

ကင္မရာကေတာ့ ေနာက္မွာ 13MP f/1.8 တစ္လုံးတည္း ပါလာၿပီး ေရွ႕ဆယ္ဖီကင္မရာက 8MP f/2.0 ပါ။ ဘကၳရီပမာဏ 3,020 mAh ရွိပါတယ္။ တကယ္ေတာ့ Honor Play 8A အျဖစ္ ထြက္ခ်လာတဲ့ Honor 8A ဟာ လာမယ့္ ရွစ္ရက္ေန႔မွ တရုတ္ျပည္တြင္းမွာ တရားဝင္မိတ္ဆက္လာဖို႔ ေၾကျငာထားတာပါ။ ဒါေပမယ့္ Honor က CES 2019 ခ်ိန္ခါထိ မေစာင့္ေတာ့ဘဲ သမာရုိးက်နည္းလမ္းေတြကို ဖယ္ထားၿပီး ထုတ္ကုန္သစ္ကို ပစ္ခ်ျပလိုက္တာပါပဲ။ တရုတ္ေစ်းကြက္ထဲမွာ ေစ်းႏႈန္းေဒၚလာ ၁၁၉ – ၁၂၉ (ျမန္မာေငြ တစ္သိန္းရွစ္ေသာင္းေက်ာ္ – ႏွစ္သိန္းနီးပါး) သတ္မွတ္ထားပါတယ္။

Ref – GSM Arena

[Unicode]

နှစ်ကူးချိန်မှာ တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ ပြိုင်ပွဲက ပိုမိုပြင်းထန်လာပြီး ထုတ်ကုန်သစ်တွေ ခပ်စိတ်စိတ်မြင်လာရပါတယ်။ အခုလည်း Xiaomi Mi Play ထွက်ပြီး သိပ်မကြာသေးခင်မှာ Huawei ရဲ့ အမှတ်တံဆိပ်ခွဲ Honor ကလည်း သတင်းထွက်နေတဲ့ Honor 8A စမတ်ဖုန်းကို Honor Play 8A အမည်ဖြင့် ထွက်ချလာပြီး ကြိုတင်ကြေငြာထားတဲ့ ဇန်နဝါရီ ၈ ရက်ထက် နှစ်ရက်စောကာ ကြိုတင်အမှာစာလက်ခံလာတာ တွေ့ရပါတယ်။

Honor Play 8A စမတ်ဖုန်းသစ်မှာ ပလတ်စတစ်နောက်ကျောနဲ့ သတ္ထုဖရိန်တို့ ပါဝင်လာပြီး ကိုယ်ထည် အချိုးက 156.28 x 73.5 x 8.0 mm ရှိကာ 150 ဂရမ်လေးပါတယ်။ အရောင်ကတော့ အနက်ရောင်၊ အပြာ၊ ရွှေရောင်နဲ့ အနီရောင်တို့ ရွေးချယ်ဝယ်ယူနိုင်မှာပါ။

ကျန်တဲ့ Specs တွေကလည်း ကြိုတင်သတင်းထွက်ထားသလိုပါပဲ။ သူ့မှာ Teardrop Notch တစ်ခုနဲ့ 6.09” လက်မအရွယ် IPS Display ပါဝင်လာတယ်။ အတွင်းမှာ MediaTek ရဲ့လတ်လတ်ဆတ်ဆတ် Helio P35 MT6765 ချစ်ပ်ဆက်မှာ Cortex-A53 Core ရှစ်ခုနဲ့ 2.3GHz မြန်နှုန်း၊ PowerVR GE8320 တို့ ပါဝင်တယ်။ မန်မိုရီ ပိုင်းမှာ အနည်းငယ်နည်းပြီး 3GB RAM နဲ့ 32GB / 64GB Storage ဖြစ်ပါတယ်။ MicroSD နဲ့ထပ်မံတိုးချဲ့နိုင်ပြီး Android 9 Pie ကိုအခြေခံထားတဲ့ EMUI 9.0 ဖြင့် အသုံးပြုရမှာပါ။

ကင်မရာကတော့ နောက်မှာ 13MP f/1.8 တစ်လုံးတည်း ပါလာပြီး ရှေ့ဆယ်ဖီကင်မရာက 8MP f/2.0 ပါ။ ဘက္ထရီပမာဏ 3,020 mAh ရှိပါတယ်။ တကယ်တော့ Honor Play 8A အဖြစ် ထွက်ချလာတဲ့ Honor 8A ဟာ လာမယ့် ရှစ်ရက်နေ့မှ တရုတ်ပြည်တွင်းမှာ တရားဝင်မိတ်ဆက်လာဖို့ ကြေငြာထားတာပါ။ ဒါပေမယ့် Honor က CES 2019 ချိန်ခါထိ မစောင့်တော့ဘဲ သမာရိုးကျနည်းလမ်းတွေကို ဖယ်ထားပြီး ထုတ်ကုန်သစ်ကို ပစ်ချပြလိုက်တာပါပဲ။ တရုတ်ဈေးကွက်ထဲမှာ ဈေးနှုန်းဒေါ်လာ ၁၁၉ – ၁၂၉ (မြန်မာငွေ တစ်သိန်းရှစ်သောင်းကျော် – နှစ်သိန်းနီးပါး) သတ်မှတ်ထားပါတယ်။

Ref – GSM Arena