[Zawgyi]
[Unicode]
Honor 8A စမတ်ဖုန်းအသစ်ကို ငွေကျပ် ၂ သိန်းအောက်ဈေးနှုန်းဖြင့်ဝယ်ယူနိုင်မည်
အသံအားကောင်းသော SmartPA စပီကာ၊ ကြိုးမဲ့ FM စနစ် နှင့် ၆.၀၉ လက်မအကျယ် Dewdrop HD+ display ပါဝင်ပြီး ဈေးကွက်အတွင်း အသက်သာဆုံးဈေးနှုန်းဖြင့် ရရှိနိုင်မည့် Honor 8A ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
ဈေးကွက်အတွင်း ဦးဆောင်နေသည့် စမတ်ဖုန်း အမှတ်တံဆိပ်တစ်ခု ဖြစ်သော Honor မှ ၎င်း၏ Honor A Series အတွက် နောက်ဆုံးထွက်ရှိလာသည့် Honor 8A ကို ယနေ့စတင် မိတ်ဆက်လိုက်သည်။ Honor 8A ကို သုံးစွဲသူများ စိတ်တိုင်းကျရွေးချယ်နိုင်စေရန် ဆွဲဆောင်မှုရှိသော အနီ၊ အမဲ၊ အပြာ နှင့် ရွှေရောင် အရောင် ၄ ရောင်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ Honor 8A ကို ၁၇၉,၉၀၀ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် မတ်လ ၂၅ ရက်မှ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် နောက်ဆုံး ကျင်းပပြုလုပ်သွားသော ကုန်ပစ္စည်းမိတ်ဆက်ပွဲနှင့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် HONOR Myanmar Fan Club မှ ပရိတ်သတ်များအတွက် အထူးအစီအစဉ်များစီစဉ်ထားကြောင်းကြေညာခဲ့သည်။ စတင်ပြုလုပ်တော့မည့် #ChangeForBetter အစီအစဉ်တွင် Fan Club အသင်းဝင်ထားသူများအနေဖြင့် ၎င်းတို့၏ ဖုန်းအဟောင်းများ အား Honor 8A အသစ်တစ်လုံးဖြင့် လဲလှယ်နိုင်မည့် အခွင့်အရေးပေးသွားမည်ဖြစ်သည်။
Honor 8A တွင် နောက်ဆုံးပေါ်စွမ်းဆောင်ရည်မြင့်လုပ်ဆောင်ချက်များ ထည့်သွင်းထားပြီး ၆.၀၉ လက်မ Dewdrop screen HD+ display၊ အလင်းရောင်နည်းသောနေရာများ၌ပင် မျက်နှာဖြင့် မြန်ဆန်စွာ unlock လုပ်နိုင်သော feature၊ ရုပ်ရှင်ကားများနှင့် မိုဘိုင်းလ်ဂိမ်းများအတွက် ကျယ်လောင်ပြတ်သားသော အသံဖြင့် နားထောင်နိုင်မည့် စပီကာ၊ ဒေတာအသုံးချရန်မလိုအပ်ဘဲ ရေဒီယိုအစီအစဉ်များနှင့် သီချင်းများကို ဖမ်းယူနား ထောင်နိုင်မည့် ကြိုးမဲ့စနစ်ဖြင့်ဖွဲ့စည်းထားသော FM Radio တို့ကို ထူးခြားသက်သာသောဈေးနှုန်းဖြင့် ဈေးကွက် အတွင်း ပထမဆုံးအနေဖြင့် ဝယ်ယူရရှိမည်ဖြစ်သည်။ ထို့အပြင် ယခုထွက်ရှိလာသော Honor 8A သည် ယခင် နှစ်တွင် အလုံးရေပေါင်း ၁၀၀,၀၀၀ ကျော်အထိရောင်းချခဲ့ရသည့် Honor ၏ ရောင်းအားအကောင်းဆုံး စမတ် ဖုန်း Honor 7A တွင်ပါဝင်ခဲ့သော 2.3GHz အထိစွမ်းဆောင်နိုင်မည့် MT6765 high frequency 8-core processor ဖြင့် ဖွဲ့စည်းထားကာ စွမ်းဆောင်ရည်မြင့် 12nm manufacturing အနေနှင့်လည်း ဘက်ထရီကို ချွှေတာစွာ အသုံးပြုနိုင်စေရန် ပါဝင်ဖွဲ့စည်းထားပေးသည်။
Honor Myanmar ၏ ဥက္ကဌဖြစ်သော Mr. Bai Jing က “Honor ရဲ့ ရောင်းအားအကောင်းဆုံးနဲ့ အအောင်မြင်ဆုံး series တစ်ခုဖြစ်တဲ့ A series ရဲ့ နောက်ထပ် စမတ်ဖုန်းအသစ် Honor 8A ကိုအခုလို မိတ်ဆက်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ Honor 8A ကဈေးကွက်ထဲမှာ ဒီလို ကျယ်ပြန့်တဲ့ dewdrop camera နဲ့ မျက်နှာပြင် ပါဝင်ပြီး ဈေးသက်သက်သာသာနဲ့လည်းရရှိနိုင်မယ့် ထူးခြားတဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူ့ speaker မှာပါဝင်တဲ့ SmartPA system ဆိုတာ ဖုန်းကနေထွက်တဲ့အသံကို ၃၀% အထိပိုပြီး ကျယ်ကျယ်လေး ကြားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့လက်ရာမြောက်လှပတဲ့ ဖုန်းကိုယ်ထည်ကိုပါ ကြည့်ခြင်းအားဖြင့် Entry-level ဖုန်းတစ်လုံးကို စွမ်းဆောင်ရည်မြင့်တဲ့ feature တွေပါဝင်အောင် လုပ်ဆောင်ပေးထားတာလို့ဆိုနိုင်ပါတယ်။ နောက်ပြီးတော့ မိုဘိုင်းလ်ဒေတာကိုမသုံးဘဲ ရေဒီယိုကိုလည်းဘယ်အချိန်မဆိုနားထောင်နိုင်တော့မှာဖြစ်ပါတယ်။” ဟုပြောကြားသွားခဲ့သည်။
Honor Myanmar ၏ President ဖြစ်သူ Mr. Bai Jing မှ Honor 8A စမတ်ဖုန်းအသစ် အကြောင်း ရှင်းလင်းပြောကြားစဉ်
ဖုန်းဖြင့် အချိန်ကြာမြင့်စွာ ရုပ်ရှင်ကြည့်ခြင်း၊ ဆိုရှယ်မီဒီယာအသုံးပြုခြင်း၊ ဂိမ်းကစားခြင်း အစရှိသည့် ဖုန်းအသုံး များသူများအတွက် Honor 8A ကို ကျယ်ပြန့်သည့် မျက်နှာပြင်နှင့် ဖုန်းမျက်နှာပြင်မှ အပြာရောင်အလင်းတန်း ဖြာထွက်မှုကို လျော့ချပေးသည့် TÜV Rheinland eye comfort certification ဖြင့် တည်ဆောက်ထားပြီး ဖုန်းကိုကြာမြင့်စွာ ကြည့်ရှုခြင်းမှ ရရှိနိုင်သည့်ဆိုးကျိုးများကို ဟန့်တားပေးနိုင်မည်ဖြစ်သည်။ အခြားသောထူးခြား သည့် လုပ်ဆောင်ချက်များမှာ 3GB RAM နှင့် 32 GB ပါရှိသည့် Memory စနစ်၊ 4G LTE စနစ်အား ပံ့ပိုးပေးသည့် Sim card နှစ်ကတ် နှင့် 512 GB အထိ သိမ်းဆည်းနိုင်သော MicroSD card ထည့်သွင်းနိုင်မည့် ကြီးမားသော card slot သုံးခုပါဝင်သည်။
Quality ကောင်းမွန်သော ဓာတ်ပုံများရိုက်ယူနိုင်ရန် HDR mode ပါဝင်သည့် 13MP၊ f/1.8 wide aperture ရှိသော ကင်မရာပါဝင်ထားသည်။ Selfie ရိုက်ကူးရန် ဝါသနာပါသူများအတွက် မှောင်မိုက်သည့် အချိန်များ၌ပင် ရှေ့ကင်မရာဖြင့် ရိုက်ကူးနိုင်မည့် soft-flash ring screen fill light ကို ထည့်သွင်းပေးထားသည်။
“ဒီလဟာ မနှစ်က မြန်မာနိုင်ငံမှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တဲ့ Honor ရဲ့ နှစ်ပတ်လည်ပွဲကနေ တစ်နှစ်ထပ်ပြည့် သွားတဲ့ လလည်းဖြစ်ပါတယ်။ ဒီနှစ်ပွဲက မနှစ်ကအောင်အောင်မြင်မြင်နဲ့ ပြုလုပ်ဖြစ်ခဲ့တဲ့ ဖုန်းပေါင်း ၁ သိန်းကျော် ရောင်းချနိုင်ခဲ့တဲ့ Honor 7A မိတ်ဆက်ပွဲရဲ့ စံနမူနာလည်းဖြစ်ပါတယ်။ အခုလိုအောင်မြင်စွာရပ်တည်နိုင်တာဟာ ကျွန်တော်တို့ Honor fan တွေကြောင့်ပါ။ အဲတာကြောင့်လည်း fan တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ fan engagement activities တွေကို Honor Myanmar Fan Club မှာအားလုံးပါဝင်နိုင်ဖို့ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု Mr. Bai Jing မှထပ်မံပြောကြားခဲ့သည်။
Honor Fan Cub မှ Honor သုံးစွဲသူ ပရိသတ် ၂ ဦးက Honor ဖုန်းသုံးစွဲရသည့် အတွေ့အကြုံများအား ဝေမျှစဉ်
Honor Club ဆိုသည်မှာတစ်ကမ္ဘာလုံးရှိ Honor ၏ထုတ်ကုန်များကိုထောက်ပံ့ပေးရန်နှင့် Honor ချစ်သူများ အတွက် တရားဝင်အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ရုရှား၊ အီဂျစ်၊ ပြင်သစ်၊ စပိန်၊ ဂျာမဏီ၊ အီတလီ၊ ယူကေ နှင့် အခြားနိုင်ငံများတွင် Honor fan club များရှိနေပြီး ယခုအခါ မြန်မာ နိုင်ငံ၏ Fan Club တွင်လည်း Honor နောက်ဆုံးထွက် ထုတ်ကုန်များ၏ ကုန်ပစ္စည်းသတင်းအချက်အလက်များ၊ အက်ပလီကေးရှင်းများ၊ ဂိမ်းများ၊ EMUI ROM အကြောင်းအရာများကိုဖော်ပြပေးထားပြီဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများအချင်းချင်းမိမိအကြိုက်ဆုံး ကုန်ပစ္စည်းများအကြောင်းများကိုလည်းဖလှယ်နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှသုံးစွဲသူများအတွက် Honor မှ #ChangeForBetter အမည်ဖြင့် အထူးအစီအစဉ်တစ်ခုအား စီစဉ် ထားရှိပြီး အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် HONOR Myanmar Fan Club တွင် စာရင်းသွင်ပြီး မိမိ၏ လက်ရှိဖုန်းအဟောင်းများအား Honor 8A ဖုန်းအသစ်ဖြင့်လဲလှယ်နိုင်မည့် အခွင့်အရေးကိုရရှိမည်ဖြစ်ပါသည်။ #ChangeForBetter ကို အစီအစဉ်များအလိုက်ကျင်းပပြီး Honor 8A အလုံး ၈၀ ထိ လဲလှယ်နိုင်ရန် ပြုလုပ်ပေးသွားမည်ဖြစ်ကာ ပထမဦးဆုံးသော အစီအစဉ်အဖြစ် ဧပြီလ ၁ ရက်နေ့မှ ၁၁ ရက်တွင် ပထမဦးဆုံးအနေဖြင့်လဲလှယ်ခွင့်များရရှိမည်ဖြစ်သည်။ Honor ချစ်သူများအနေနှင့်ထိုအစီအစဉ်တွင်ပါဝင်နိုင်ရန် HONOR Myanmar Fan Club တွင်ပါဝင်ရမည်ဖြစ်ပြီး မေးမြန်းထားသောမေးခွန်းများအား ဖြေကြားပေးခြင်းဖြင့် Honor 8A အသစ်တစ်လုံးလဲလှယ်နိုင်မည့်အခွင့်အရေးရရှိမည်ဖြစ်သည်။ အခြားသော ပျော်ရွှင်ဖွယ် အစီအစဉ် များအား Honor မှ online အပြင် offline ဖြင့်ပါ Honor ချစ်သူများအတွက် ရင်ခုန်စိတ်လှုပ်ရှားစေရန် တစ်နှစ်ပတ်လုံးကျင်းပသွားမည်ဖြစ်ပါသည်။
Mr. Bai Jing နှင့် အစီအစဉ်တင်ဆက်သူ သဇင်နွယ်ဝင်းတို့ အမှတ်တရဓာတ်ပုံ ရိုက်ကူးစဉ်
ရှေ့ဆက်လုပ်ဆောင်သွားမည့် အထူးအစီအစဉ်များနှင့် ပရိုမိုးရှင်းများအကြောင်း ပိုမိုသိရှိစေရန် Facebook ရှိ “HONOR Myanmar Fan Club” တွင်အဖွဲ့ဝင်ကာ စောင့်ကြည့် ကြည့်ရှုနိုင်ပါသည်။ နောက်ဆုံးရသတင်းအချက် အလက်များအား သိရှိစေရန် Honor Myanmar Facebook page (www.facebook.com/HonorMyanmar) သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။