[Zawgyi]

Honor Myanmar အေနနဲ႔ Honor C စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Honor 8C ရဲ႕ အေၾကာင္းကို သူတို႔ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာမွာ ဒီေန႔ပဲ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။ Honor 8C မွာ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh အထိ ထည့္သြင္းေပးထားတာေၾကာင့္ Honor 8C ရဲ႕ ေဆာင္ပုဒ္ကို “One Charge, Two Days” တစ္ႀကိမ္အားသြင္း ႏွစ္ရက္သုံး ဆိုၿပီး Honor က ေရးသားထားပါတယ္။

Honor 8C မွာ ထည့္သြင္းထားတဲ့ 4000mAh ဘက္ထရီဟာ မိုဘိုင္းဖုန္းကေန တစ္ဆင့္ အြန္လိုင္းဂိမ္းကစားသူမ်ားနဲ႔ အင္တာနက္ကေန တစ္ဆင့္ ႐ုပ္ရွင္၊ ဗီဒီယိုၾကည့္ရႈ႕သူမ်ားအတြက္ စိတ္တိုင္းက် အသုံးျပဳႏိုင္ဖို႔ အေကာင္းဆုံးပံ့ပိုးေပးထားတာေၾကာင့္ သုံးစြဲသူမ်ားရဲ႕ ေန႔စဥ္ဘဝကို ပိုမိုအဆင္ေျပလာေစမွာျဖစ္ေၾကာင္း Honor က ေျပာၾကားထားပါတယ္။

၆.၂၆ လက္မ မ်က္ႏွာျပင္ အက်ယ္ရွိ IPS LCD Display နဲ႔ Snapdragon 632 SoC ေတြကို အသုံးျပဳထားတဲ့ Honor 8C ကို လြန္ခဲ့တဲ့ ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလတုန္းက အိႏၵိယႏိုင္ငံနဲ႔ တ႐ုတ္ႏိုင္ငံေတြမွာ စတင္မိတ္ဆက္ခဲ့တာ ျဖစ္ၿပီး ေအာင္ျမင္မႈမွတ္တိုင္မ်ားစြာကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ႏိုင္ငံတကာေစ်းကြက္ရွိ ေငြေၾကးလဲလွယ္မႈ ႏႈန္းထားမ်ားအရ ျမန္မာႏိုင္ငံမွာ ေရာင္းခ်သြားမယ့္ Honor 8C ရဲ႕ ေစ်းႏႈန္းကို ၂၉၉,၉၀၀ က်ပ္လို႔ ခန္႔မွန္းေျပာဆိုမႈမ်ားနဲ႔အတူ ေစ်းႏႈန္းေပါက္ၾကားမႈမ်ား ျဖစ္ေပၚလာပါတယ္။ ဒါေပမယ့္ Honor Myanmar ဘက္ကေတာ့ Honor 8C ကို ၂၉၉,၉၀၀ က်ပ္နဲ႔ေရာင္းခ်သြားမယ္ဆိုတဲ့ အေၾကာင္းကို တရားဝင္ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးပါဘူး။

Honor Myanmar အေနနဲ႔ Honor 8C ရဲ႕ မိတ္ဆက္ပြဲ အခမ္းအနားကို ဇန္နဝါရီလ ၂၈ရက္ေန႔မွာ က်င္းပသြားမွာျဖစ္ပါတယ္။ ဖန္သားျပင္ေပၚကေန ၾကည့္ရႈ႕မယ့္ မိဘျပည္သူမ်ားအတြက္ အခ်ိန္နဲ႔ တေျပးညီ ၾကည့္ရႈႏိုင္ဖို႔ Honor Myanmar ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာကေန တစ္ဆင့္ တိုက္႐ိုက္ထုတ္လႊင့္ တင္ဆက္ေပးသြားမွာ ျဖစ္ပါတယ္။ အဆိုပါ တိုက္႐ိုက္ထုတ္လႊင့္မႈ အစီအစဥ္ကို ၾကည့္ရႈသူမ်ားအေနနဲ႔ Honor 8C ရဲ႕ ေစ်းႏႈန္းကို မွန္ကန္စြာ ခန္႔မွန္းႏိုင္ပါက အသစ္စက္စက္ Honor 8C ဖုန္းကို လက္ေဆာင္ရရွိႏိုင္မယ့္ အခြင့္အေရးကို ပိုင္ဆိုင္ႏိုင္မယ္လို႔ သိရပါတယ္။

[Unicode]

“တစ်ကြိမ်အားသွင်း နှစ်ရက်သုံး” ဆိုတဲ့ Honor 8C ကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ မြန်မာနိုင်ငံတွင် မိတ်ဆက်မည်

Honor Myanmar အနေနဲ့ Honor C စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Honor 8C ရဲ့ အကြောင်းကို သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဒီနေ့ပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Honor 8C မှာ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh အထိ ထည့်သွင်းပေးထားတာကြောင့် Honor 8C ရဲ့ ဆောင်ပုဒ်ကို “One Charge, Two Days” တစ်ကြိမ်အားသွင်း နှစ်ရက်သုံး ဆိုပြီး Honor က ရေးသားထားပါတယ်။

Honor 8C မှာ ထည့်သွင်းထားတဲ့ 4000mAh ဘက်ထရီဟာ မိုဘိုင်းဖုန်းကနေ တစ်ဆင့် အွန်လိုင်းဂိမ်းကစားသူများနဲ့ အင်တာနက်ကနေ တစ်ဆင့် ရုပ်ရှင်၊ ဗီဒီယိုကြည့်ရှု့သူများအတွက် စိတ်တိုင်းကျ အသုံးပြုနိုင်ဖို့ အကောင်းဆုံးပံ့ပိုးပေးထားတာကြောင့် သုံးစွဲသူများရဲ့ နေ့စဥ်ဘဝကို ပိုမိုအဆင်ပြေလာစေမှာဖြစ်ကြောင်း Honor က ပြောကြားထားပါတယ်။

၆.၂၆ လက်မ မျက်နှာပြင် အကျယ်ရှိ IPS LCD Display နဲ့ Snapdragon 632 SoC တွေကို အသုံးပြုထားတဲ့ Honor 8C ကို လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် အောက်တိုဘာလတုန်းက အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အောင်မြင်မှုမှတ်တိုင်များစွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာစျေးကွက်ရှိ ငွေကြေးလဲလှယ်မှု နှုန်းထားများအရ မြန်မာနိုင်ငံမှာ ရောင်းချသွားမယ့် Honor 8C ရဲ့ စျေးနှုန်းကို ၂၉၉,၉၀၀ ကျပ်လို့ ခန့်မှန်းပြောဆိုမှုများနဲ့အတူ စျေးနှုန်းပေါက်ကြားမှုများ ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် Honor Myanmar ဘက်ကတော့ Honor 8C ကို ၂၉၉,၉၀၀ ကျပ်နဲ့ရောင်းချသွားမယ်ဆိုတဲ့ အကြောင်းကို တရားဝင်ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Honor Myanmar အနေနဲ့ Honor 8C ရဲ့ မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဖန်သားပြင်ပေါ်ကနေ ကြည့်ရှု့မယ့် မိဘပြည်သူများအတွက် အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ဖို့ Honor Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာကနေ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ကို ကြည့်ရှုသူများအနေနဲ့ Honor 8C ရဲ့ စျေးနှုန်းကို မှန်ကန်စွာ ခန့်မှန်းနိုင်ပါက အသစ်စက်စက် Honor 8C ဖုန်းကို လက်ဆောင်ရရှိနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်မယ်လို့ သိရပါတယ်။