[Zawgyi]

Huawei ရဲဲ႕ Honor Brand ကေတာ့ Mid-range ဖုန္းျဖစ္တဲ့ Honor 8C နဲ႔တူတူ Honor MediaPad T5 Tablet ကို တရုတ္ႏုိင္ငံမွာ တရားဝင္မိတ္ဆက္သြားခဲ့ပါျပီ။ သူလည္း Notch ဘဝက မကြ်တ္ႏုိင္ေသးတဲ့ စမတ္ဖုန္းတစ္လံုးျဖစ္ေပမယ့္ ဖုန္းတစ္လံုးလံုးကို ၾကည့္လိုက္တာနဲ႔ အေကာင္းစား Mid-Range ဖုန္းတစ္လံုးမွန္း သိသာေအာင္ ဖန္တီးေပးထားပါတယ္။ Huawei က သူ႔ဖုန္းမွန္သမွ်မွာ သူ႔ကိုယ္ပိုင္ Kirin Chipset ေတြသံုးေလ့ရိွေပမယ့္ ဒီဖုန္းကေတာ့ Kirin မသံုးထားတဲ့ ရွားပါးဖုန္းေတြထဲက တစ္လံုးလို႔ေျပာရမွာပါ။ ဒီဇုိင္းက ဘာမွထူးထူးျခားျခားၾကီးေျပာင္းလဲလာတာမ်ိဳး မရိွဘဲ ေစ်းႏႈန္းကလည္း အသင့္အတင့္ေလာက္လို႔ ေျပာလို႔ရတဲ့အေနအထားမွာ ရိွပါတယ္။

တန္ဖိုးသင့္ဖုန္းတစ္လံုးျဖစ္ေအာင္ ကုန္က်စားရိတ္ကိုေလွ်ာ့ရမွာျဖစ္တဲ့အတြက္ သတၳဳကိုယ္ထည္အစား ပလတ္စတစ္ကိုယ္ထည္ကိုပဲ ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။ Screen Size ကေတာ့ 6.26″ LCD Display 1520 x 720p HD Resolution ျဖစ္ျပီး Pixel Density ကေတာ့ 269ppi ေလာက္ ရိွပါတယ္။ ထိပ္ဖက္ Notch ထဲမွာေတာ့ Selfie Camera နဲ႔ Earpiece ပါပါမယ္။ Notch အျပင္ ေဘာင္ bezel ေလးေတြလည္း ေသးသြားတဲ့အတြက္ Screen-to-body Ratio က 86.6% ျဖစ္သြားျပီး အထူ 7.98mm အေလးခ်ိန္ 167.2g ေလးပါတယ္။

Chipset ကိုေတာ့ Qualcomm ရဲ႕ Snapdragon 632 သံုးထားျပီး Qualcomm ရဲ႕ Chipset အသစ္ကိုပထမဆံုး သံုးခြင့္ရတဲ့ဖုန္း္တစ္လံုးပါ။ SD 632 ကေတာ့ SD 625, SD 626 တို႔ရဲ႕ ေနာက္ ထပ္ထြက္လာတဲ့ SoC ျဖစ္ျပီး 625,626 ေတြထက္ ၄၀% ေလာက္ေတာင္ ပိုေကာင္းလာပါတယ္။Graphic ကတာ့ Adreno 506 GPU ျဖစ္ျပီး RAM 4GB ကိုမွ 32GB/64GB ဆိုျပီးေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။ ေနာက္ဆိုရင္ေတာ့ RAM 6GB Version ေတြပါ ျမင္ရေတာ့မလားမသိပါဘူး ။ Storage မေလာက္ဘူးဆိုရင္ေတာ့ MicroSD ကဒ္ကို 256GB ထိ ထည့္လို႔ရမွာျဖစ္ပါတယ္။ ဖုန္းကိုေတာ့ Android 8.1 ကိုမွ Huawei ရဲ႕ EMUI 8.2 နဲ႔ Customize လုပ္ထားမွာျဖစ္ပါတယ္။

ေက်ာဘက္ Dual Camera အတြက္ 13MP (f/1.8) + 2MP(f.24 Depth Sensor) ကင္မရာေတြသံုးထားျပီး ေရွ႕ကင္မရာကေတာ့ 8MP (f/2.0) ျဖစ္ပါတယ္။ ေလာ့ခ္ဖြင့္ဖို႔အတြက္ Fingerprint Sensor က ေက်ာဘက္မွာရိွျပီး Battery ကေတာ့ 4000mAh Battery ကိုသံုးထားပါတယ္။ အေရာင္ေတြကေတာ့ Magic Night Black, Platinum Gold, Aurora Blue, Nebula Purple ဆိုျပီးလာ မွာျဖစ္ျပီး 4GB+32GBကို တရုတ္ယြမ္ 1099 Yuan ($158), 4GB+64GB ကို တရုတ္ယြမ္ 1399 ($201) ဆိုေတာ့ ေတာ္ေတာ္ေလးတန္တယ္လို႔ေတာ့ ထင္ပါတယ္။

 

Ref: GizmoChina

 

[Unicode]

 

Huawei ရဲ့ Honor Brand ကတော့ Mid-range ဖုန်းဖြစ်တဲ့ Honor 8C နဲ့တူတူ Honor MediaPad T5 Tablet ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားခဲ့ပါပြီ။ သူလည်း Notch ဘဝက မကျွတ်နိုင်သေးတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပေမယ့် ဖုန်းတစ်လုံးလုံးကို ကြည့်လိုက်တာနဲ့ အကောင်းစား Mid-Range ဖုန်းတစ်လုံးမှန်း သိသာအောင် ဖန်တီးပေးထားပါတယ်။ Huawei က သူ့ဖုန်းမှန်သမျှမှာ သူ့ကိုယ်ပိုင် Kirin Chipset တွေသုံးလေ့ရှိပေမယ့် ဒီဖုန်းကတော့ Kirin မသုံးထားတဲ့ ရှားပါးဖုန်းတွေထဲက တစ်လုံးလို့ပြောရမှာပါ။ ဒီဇိုင်းက ဘာမှထူးထူးခြားခြားကြီးပြောင်းလဲလာတာမျိုး မရှိဘဲ ဈေးနှုန်းကလည်း အသင့်အတင့်လောက်လို့ ပြောလို့ရတဲ့အနေအထားမှာ ရှိပါတယ်။

တန်ဖိုးသင့်ဖုန်းတစ်လုံးဖြစ်အောင် ကုန်ကျစားရိတ်ကိုလျှော့ရမှာဖြစ်တဲ့အတွက် သတ္ထုကိုယ်ထည်အစား ပလတ်စတစ်ကိုယ်ထည်ကိုပဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Screen Size ကတော့ 6.26″ LCD Display 1520 x 720p HD Resolution ဖြစ်ပြီး Pixel Density ကတော့ 269ppi လောက် ရှိပါတယ်။ ထိပ်ဖက် Notch ထဲမှာတော့ Selfie Camera နဲ့ Earpiece ပါပါမယ်။ Notch အပြင် ဘောင် bezel လေးတွေလည်း သေးသွားတဲ့အတွက် Screen-to-body Ratio က 86.6% ဖြစ်သွားပြီး အထူ 7.98mm အလေးချိန် 167.2g လေးပါတယ်။

Chipset ကိုတော့ Qualcomm ရဲ့ Snapdragon 632 သုံးထားပြီး Qualcomm ရဲ့ Chipset အသစ်ကိုပထမဆုံး သုံးခွင့်ရတဲ့ဖုန်းတစ်လုံးပါ။ SD 632 ကတော့ SD 625, SD 626 တို့ရဲ့ နောက် ထပ်ထွက်လာတဲ့ SoC ဖြစ်ပြီး 625,626 တွေထက် ၄၀% လောက်တောင် ပိုကောင်းလာပါတယ်။Graphic ကတာ့ Adreno 506 GPU ဖြစ်ပြီး RAM 4GB ကိုမှ 32GB/64GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ နောက်ဆိုရင်တော့ RAM 6GB Version တွေပါ မြင်ရတော့မလားမသိပါဘူး ။ Storage မလောက်ဘူးဆိုရင်တော့ MicroSD ကဒ်ကို 256GB ထိ ထည့်လို့ရမှာဖြစ်ပါတယ်။ ဖုန်းကိုတော့ Android 8.1 ကိုမှ Huawei ရဲ့ EMUI 8.2 နဲ့ Customize လုပ်ထားမှာဖြစ်ပါတယ်။

ကျောဘက် Dual Camera အတွက် 13MP (f/1.8) + 2MP(f.24 Depth Sensor) ကင်မရာတွေသုံးထားပြီး ရှေ့ကင်မရာကတော့ 8MP (f/2.0) ဖြစ်ပါတယ်။ လော့ခ်ဖွင့်ဖို့အတွက် Fingerprint Sensor က ကျောဘက်မှာရှိပြီး Battery ကတော့ 4000mAh Battery ကိုသုံးထားပါတယ်။ အရောင်တွေကတော့ Magic Night Black, Platinum Gold, Aurora Blue, Nebula Purple ဆိုပြီးလာ မှာဖြစ်ပြီး 4GB+32GBကို တရုတ်ယွမ် 1099 Yuan ($158), 4GB+64GB ကို တရုတ်ယွမ် 1399 ($201) ဆိုတော့ တော်တော်လေးတန်တယ်လို့တော့ ထင်ပါတယ်။

 

Ref: GizmoChina