Zawgyi

Honor 8X ဟာ မၾကာေသးခင္ကမွ ျမန္မာႏိုင္ငံကို ဝင္ေရာက္ခဲ့တဲ့ Honor ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္း ျဖစ္ပါတယ္။ Honor X Series ေတြျဖစ္တဲ့ 6X နဲ႔ 7X တို႔မွာ ေအာင္ျမင္မႈေတြကို သိမ္းပိုက္ႏိုင္ခဲ့သလို၊ အခု Honor 8X မွာလည္း လူေတာ္ေတာ္မ်ားမ်ားရဲ႕ သေဘာက် ႏွစ္သက္ျခင္းကို ပိုင္ဆိုင္ထားတယ္လို႔ သိရပါတယ္။

Honor 8X ကို သူ႔ရဲ႕ အရင္မ်ိဴးဆက္ျဖစ္တဲ့ 7X နဲ႔ယွဥ္မယ္ဆိုရင္ အမ်ားႀကီး တိုးတက္ေျပာင္းလဲလာတယ္လို႔ ေျပာရမွာပါ။ Honor 7X မွာတုန္းက Resolution 1080 x 2160 pixels ရွိတဲ့ 5.93” LCD Display ကို အသုံးျပဳခဲ့ေပမယ့္ Honor 8X မွာေတာ့ Resolution 1080 x 2340 pixels ရွိတဲ့ 6.5” LCD Display ကို အသုံးျပဳထားပါတယ္။ ဒါ့အျပင္ ယေန႔ေခတ္ စမတ္ဖုန္းေလာကမွာ ေရပန္းစားေနတဲ့ Notch Display ကို အသုံးျပဳထားၿပီး Chin ကလည္း 4.5mm သာရွိတာေၾကာင့္ Honor 8X ရဲ႕ Screen-to-body ratio က 91% အထိ ရွိလာပါတယ္။ ဒါ့ေၾကာင့္ Notch Display ကို အသုံးျပဳမထားတဲ့ Galaxy S9 ရဲ႕ Screen-to-body ratio နဲ႔ ယွဥ္မယ္ဆိုရင္ Honor 8X က အသာရေနမွာပါ။

Honor 8X ရဲ႕ Processor အပိုင္းအတြက္ 12nm Architecture နဲ႔ တည္ေဆာက္ထားတဲ့ HiSilicon Kirin 710 SoC ကို အသုံးျပဳေပးထားပါတယ္။ Memory Storage 128GB ထည့္သြင္းထားၿပီး RAM 4GB နဲ႔ 6GB ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာပါ။ ကင္မရာ အပိုင္းမွာဆိုရင္လည္း ၾကည္လင္ျပတ္သားတဲ့ ဓာတ္ပုံေတြ ႐ိုက္ကူးႏိုင္ဖို႔အတြက္ Aperture f/1.8 အက်ယ္ရွိ 20MP Main Camera နဲ႔ 2MP Depth Sensor ေတြကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္ တပ္ဆင္ေပးထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 16MP Camera ကို တပ္ဆင္ေပးထားပါတယ္။

Security အပိုင္းအတြက္ Fingerprint Sensor ကို ေနာက္ေက်ာဘက္မွာ ထည့္သြင္းတပ္ဆင္ေပးထားၿပီး Face Unlock စနစ္ကိုလည္း အသုံးျပဳႏိုင္မွာပါ။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3750mAh ထည့္သြင္းေပးထားၿပီး အေလးခ်ိန္ကေတာ့ ၁၇၅ ဂရမ္ရွိပါတယ္။ Body အပိုင္းအတြက္ Grafting Effect ပါရွိတဲ့ 2.5D Double Texture Aurora Glass ကို အသုံးျပဳထားတာေၾကာင့္ Honor 8X ရဲ႕ ဒီဇိုင္းဟာ ထူးျခားဆန္းသစ္ေနတာ ျဖစ္ပါတယ္။ ေစ်းႏႈန္းေတြအေနနဲ႔လည္း RAM 4GB/ Storage 128GB ေမာ္ဒယ္ကို ၃၅၉,၀၀၀က်ပ္၊ RAM 6GB/ Storage 128GB ေမာ္ဒယ္ကို ၃၉၉,၀၀၀က်ပ္နဲ႔ ေရာင္းခ်ေနတာေၾကာင့္ မဆိုးဘူးလို႔ ေျပာရမွာပါ။

Unicode

ဆန်းသစ်တဲ့ ဒီဇိုင်း၊ သင့်တင့်တဲ့ စျေးနှုန်းတွေကို ပိုင်ဆိုင်ထားတဲ့ Honor 8X

Honor 8X ဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ Honor ရဲ့ မျိူးဆက်သစ် စမတ်ဖုန်း ဖြစ်ပါတယ်။ Honor X Series တွေဖြစ်တဲ့ 6X နဲ့ 7X တို့မှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့သလို၊ အခု Honor 8X မှာလည်း လူတော်တော်များများရဲ့ သဘောကျ နှစ်သက်ခြင်းကို ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

Honor 8X ကို သူ့ရဲ့ အရင်မျိူးဆက်ဖြစ်တဲ့ 7X နဲ့ယှဥ်မယ်ဆိုရင် အများကြီး တိုးတက်ပြောင်းလဲလာတယ်လို့ ပြောရမှာပါ။ Honor 7X မှာတုန်းက Resolution 1080 x 2160 pixels ရှိတဲ့ 5.93” LCD Display ကို အသုံးပြုခဲ့ပေမယ့် Honor 8X မှာတော့ Resolution 1080 x 2340 pixels ရှိတဲ့ 6.5” LCD Display ကို အသုံးပြုထားပါတယ်။ ဒါ့အပြင် ယနေ့ခေတ် စမတ်ဖုန်းလောကမှာ ရေပန်းစားနေတဲ့ Notch Display ကို အသုံးပြုထားပြီး Chin ကလည်း 4.5mm သာရှိတာကြောင့် Honor 8X ရဲ့ Screen-to-body ratio က 91% အထိ ရှိလာပါတယ်။ ဒါ့ကြောင့် Notch Display ကို အသုံးပြုမထားတဲ့ Galaxy S9 ရဲ့ Screen-to-body ratio နဲ့ ယှဥ်မယ်ဆိုရင် Honor 8X က အသာရနေမှာပါ။

Honor 8X ရဲ့ Processor အပိုင်းအတွက် 12nm Architecture နဲ့ တည်ဆောက်ထားတဲ့ HiSilicon Kirin 710 SoC ကို အသုံးပြုပေးထားပါတယ်။ Memory Storage 128GB ထည့်သွင်းထားပြီး RAM 4GB နဲ့ 6GB ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာပါ။ ကင်မရာ အပိုင်းမှာဆိုရင်လည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် Aperture f/1.8 အကျယ်ရှိ 20MP Main Camera နဲ့ 2MP Depth Sensor တွေကို နောက်ကျောဘက်မှာ ဒေါင်လိုက် တပ်ဆင်ပေးထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 16MP Camera ကို တပ်ဆင်ပေးထားပါတယ်။

Security အပိုင်းအတွက် Fingerprint Sensor ကို နောက်ကျောဘက်မှာ ထည့်သွင်းတပ်ဆင်ပေးထားပြီး Face Unlock စနစ်ကိုလည်း အသုံးပြုနိုင်မှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3750mAh ထည့်သွင်းပေးထားပြီး အလေးချိန်ကတော့ ၁၇၅ ဂရမ်ရှိပါတယ်။ Body အပိုင်းအတွက် Grafting Effect ပါရှိတဲ့ 2.5D Double Texture Aurora Glass ကို အသုံးပြုထားတာကြောင့် Honor 8X ရဲ့ ဒီဇိုင်းဟာ ထူးခြားဆန်းသစ်နေတာ ဖြစ်ပါတယ်။ စျေးနှုန်းတွေအနေနဲ့လည်း RAM 4GB/ Storage 128GB မော်ဒယ်ကို ၃၅၉,၀၀၀ကျပ်၊ RAM 6GB/ Storage 128GB မော်ဒယ်ကို ၃၉၉,၀၀၀ကျပ်နဲ့ ရောင်းချနေတာကြောင့် မဆိုးဘူးလို့ ပြောရမှာပါ။