Xi’an၊ တရုတ်နိုင်ငံ၊ စက်တင်ဘာလ ၆ ရက်၊ ၂၀၁၈ ခုနှစ် – ဈေးကွက်ဦးဆောင် စမတ်ဖုန်း e-brand တစ်ခုဖြစ်တယ့် Honor ဟာ အဆင့်မြင့် နည်းပညာတွေနဲ့ လှပခန့်ညားတယ့် ပုံသဏ္ဍာန်တွေကို ပေါင်းစပ်ထားသော နောက်ဆုံးပေါ် Honor 8X စမတ်ဖုန်းကို ယနေ့ ထုတ်ဖော်ပြသပေးခဲ့ပါတယ်။ ရိုးရှင်းမှုက အကောင်းဆုံးဟူသော ဒီဇိုင်းမူအပေါ် အခြေပြုထားပြီး Chip-on-Film (COF) နည်းပညာကို အသုံးချထားတယ့် Honor 8X မှာ 6.5 လက်မ Full View ဖန်သားပြင် ပါဝင်ပြီး ဖန်သားပြင်နဲ့ ကိုယ်ထည်အချိုးက 91% ရှိပါတယ်။ အကွက်ပုံသက်ရောက်မှု ပါဝင်တယ့် 2.5D Texture နှစ်ထပ် ဖန်သားကိုယ်ထည် ပါဝင်တာကြောင့် အံ့သြဖွယ်ရာ ပုံသဏ္ဍာန်စွမ်းရည်ကို ပြသပေးနိုင်မှာပါ။ Honor 8X ကို တရုတ်နိုင်ငံ၌ စက်တင်ဘာလ ၆ ရက် ၊ ၂၀၁၈ခုနှစ်တွင် စတင်ရရှိနိုင်မှာ ဖြစ်ပြီး နိုင်ငံရပ်ခြား ဈေးကွက်များမှာ အောက်တိုဘာလ အစပိုင်းတွင် စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Honor 8X မှာ အထူးကောင်းမွန်သည့် နည်းပညာများ၊ ရိုးရှင်းသောဒီဇိုင်းနှင့် အနုစိပ်လက်ရာတို့ဖြင့်အမှတ်တံဆိပ်ရဲ့ ဒီဇိုင်းအမှတ်အသားများကို သရုပ်ပြပေးထားပါတယ်။ ပုံသဏ္ဍာန် အလှအပနဲ့ ပတ်သတ်ပြီး သိပ္ပံနည်းကျ ချဉ်းကပ်ဖန်တီးထားတယ့် Honor 8X ဟာ အသုံးဝင်မှုနှင့် လှပမှုတို့အကြားမှန်ကန်စွာ ဟန်ချက်ထိန်းနိုင်တယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Honor 8X ရဲ့ အထူးလုပ်ဆောင်ချက်များမှာ

ထင်ရှားပြတ်သားသော 6.5 လက်မ ဖန်သားပြင်ကြီး – Honor 8X တွင် 6.5 လက်မ Notch Full-View ဖန်သားပြင် 2.0 ပါဝင်ပြီး 5.5 လက်မအရှည်၊ 7.8 မီလီမီတာ အထူရှိတယ့် ကိုယ်ထည်တွင် 19.5:9 အချိုးဖြင့် တည်ဆောက်ထားပါတယ်။ ရုပ်ရှင်များတွင် အသုံးပြုတဲ့ 21:9 အချိုးနှင့် ပိုမိုနည်းစပ်ပြီး အသုံးပြုသူများကို သွယ်လျသော စမတ်ဖုန်းတွင် ထင်ရှားသည့် မြင်ကွင်းများကို ကြည့်ရှုနိုင်စေမှာ ဖြစ်ပါတယ်။

 

သွယ်လျသော ကိုယ်ထည်တွင် ဖန်သားပြင်နဲ့ ကိုယ်ထည်အချိုး 91% – ဖန်သားပြင်နဲ့ကိုယ်ထည်အချိုးဟာ စမတ်ဖုန်းဒီဇိုင်းအတွက် အဓိကအချက်တစ်ခု ဖြစ်ပါတယ်။ Honor 8X က အဆင့်မြင့် Chip-on-Film (COF) နည်းပညာနဲ့ မှတ်ပုံတင်ထားသော အင်တာနာဒီဇိုင်းကို အသုံးပြုပြီး အောက်ခြေအနားရဲ့ အကျယ်ကို 4.25 မီလီမီတာအထိ ကျဉ်းမြောင်းသွားစေကာ အခြားကုမ္ပဏီများမှ ဈေးကွက်ဦးဆောင် စမတ်ဖုန်းအများစုထက် သာလွန်တယ့် 91% ဖန်သားပြင်နဲ့ ကိုယ်ထည်အချိုးကို ရရှိစေပါတယ်။

ပုံသဏ္ဍာန် ခန့်ညားမှုအတွက် ထည့်သွင်းစဉ်းစားပေးထားသည့် ရိုးရှင်းသော ဒီဇိုင်းပုံစံ – Honor 8X ဟာ သတ္တုအလည်ကိုယ်ထည်ဘောင်ကို အသုံးပြုပြီး အကွက်ပုံသက်ရောက်မှု ပါဝင်တယ့် 2.5D Texture နှစ်ထပ် ဖန်သားကိုယ်ထည် တပ်ဆင်ထားတာကြောင့် ခန့်ညားလှပပြီး ချောမွေ့တဲ့ ပုံသဏ္ဍာကို ပေးစွမ်းနိုင်ပါတယ်။ အရောင်ပြောင်းလဲမှု ဒီဇိုင်းပုံစံကို အလွှာ ၁၅ ခုဖြင့် တည်ဆောက်ထားပြီး မတူညီသော ရှုထောင့်မှကြည့်ပါကမတူညီသော ရောင်ပြန်ဟပ်ခြင်းများကို ဖန်တီးပေးနိုင်ပါတယ်။ အရောင်အနေဖြင့် အပြာ၊ အနက်နဲ့ အနီတို့ကို ရွေးချယ်နိုင်ပြီး သုံးစွဲသူက မိမိစတိုင်၊ ကိုယ်ရေကိုယ်သွေးတို့နှင့် ကိုက်ညီတယ့် စမတ်ဖုန်းကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။

မျက်လုံးများအတွက် အကာအကွယ် – အီလက်ထရောနစ် ကိရိယာများရဲ့ ဖန်သားပြင်များမှ ထုတ်လွှတ်သော အပြာရောင်အလင်းနှင့် ထိတွေ့မှုကြောင့် ကျွန်ုပ်တို့မျက်လုံးများ ထိခိုက်နိုင်ကြောင်း စိုးရိမ်မှု ပိုမိုများပြားလျက် ရှိပါတယ်။ Honor 8X က TüV Rheinland မှ အသိအမှတ်ပြုထားတယ့်မျိုးဆက်သစ် မျက်လုံးသက်သာစေသည့်မုဒ် (Eye Comfort mode) ကို အသုံးပြုထားတာကြောင့် ဖန်သားပြင်မှ ထွက်ပေါ်လာတယ့် အပြာရောင်အလင်းကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်လုံးညောင်းညာမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ရှိချိန်နဲ့ ညအချိန် ဖန်သားပြင် နည်းပညာလည်း ပါဝင်တဲ့အတွက် အသုံးပြုသူများကို နေရောင်အောက်မှာ ဖန်သားပြင်အား ရှင်းလင်းစွာ မြင်စေနိုင်ပြီး ညမအိပ်မီ စာဖတ်ရာတွင်လည်း ပိုမိုသက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပါတယ်။

Honor ရဲ့ ဥက္ကဌဖြစ်သူ Mr. George Zhao မှ “Honor က အသစ်မိတ်ဆက်ပေးခဲ့တဲ့ Honor 8X နဲ့အတူ တန်ဖိုး၊ ဒီဇိုင်းပုံစံနှင့် စွမ်းဆောင်ရည်တို့အကြား ဟန်ချက်ညီစွာ ထိန်းသိမ်းနိုင်မှုအဆင့် အသစ်မြှင့်တင်နိုင်ခဲ့ပါတယ်။ Honor 8X ဟာ ရိုးရှင်းမှုကို လှပစွာ သရုပ်ဖော်နိုင်ရုံမျှ မကဘဲ ဈေးကွက်ဦးဆောင်အဆင့် လုပ်ဆောင်ချက် အင်္ဂါရပ်များကို ရယူအသုံးပြုနိုင်ရန်အတွက် ဈေးကွက်အတွင်း အမြင့်ဆုံးဈေးနှုန်းများ ပေးဆောင်ရန် မလိုအပ်ကြောင်း ပြသပေးတယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Honor 8X ရဲ့ ဈေးနှုန်း၊ စွမ်းဆောင်ရည် သို့မဟုတ် လှပထင်ရှားသည့် ပုံသဏ္ဍာန်တို့နှင့် ပတ်သတ်ပြီး မည်သည့်နေရာတွင်မှ အလျော့မပေးလိုသော သုံးစွဲသူများရဲ့ လိုချင်သည်ထက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။