Zawgyi




မူရင်းအနက်ရောင်နှင့်အပြာရောင်များကဲ့သို့ပင်Honor 8X အနီရောင်သည်ဖန်သားပြင်နှင့်ကိုယ်ထည်အချိုး91% ရှိသော6.4-inch Full Display၊16MP Selfie Camera၊20MP Dual AI ကင်မရာများ၊ရေရှည်ခံမည့်3759 mAh ဘက်ထရီနှင့်နောက်ဖက်တွင်ပါသည့်လက်ဗွေရာဆင်ဆာတို့ပါဝင်မည်ဖြစ်ပါသည်။

 



Unicode

Honor 8X ကိုခရစ်စမတ်နင့်အတူအနီရောင်အရောင်အသစ်တစ်မျိုးဖြင့်ပြသ

မြန်မာနိုင်ငံမှ သုံးစွဲသူများအနေဖြင့်အနီရောင်Honor 8X ကိုဒီဇင်ဘာ၁၅ရက်နေ့မှ စတင်ပြီးဝယ်ယူနိုင်မည်ဖြစ်သည်

ရန်ကုန်၊ဒီဇင်ဘာလ၊၁၃ရက်၊၂၀၁၈- Honor Myanmar သည်တောက်ပသည့်အနီရောင်နှင့်Honor 8X အရောင်သစ်ကိုပြသခဲ့ပြီးထိုHonor 8X ကိုဒီဇင်ဘာလ၊၁၅ရက်နေ့မှ စတင်ပြီးဝယ်ယူနိုင်မည်ဖြစ်ပါသည်။စက်တင်ဘာလအတွင်းတရုတ်နိုင်ငံတွင်ပထမဆုံးမိတ်ဆက်ပေးခဲ့သည့်Honor 8X သည်ပြီးခဲ့သည့်လအတွင်းမြန်မာနိုင်ငံသို့အပြာရောင်နှင့်အနက်ရောင်များဖြင့်ဝင်ရောက်ခဲ့ပါသည်။ယခုအချိန်တွင်Honor 8X ကိုတောက်ပသောအနီရောင်အသစ်ဖြင့်ရရှိနိုင်မည်ဖြစ်ပြီးထိုအနီရောင်ကိုHonor မှ “တင့်တယ်လှပပြီးကြွယ်ဝသည့်အနီရောင်” ဟုခေါ်ဆိုထားပါသည်။

Honor သည်၎င်းတို့၏လှပသည့်ဒီဇိုင်းပုံစံများအတွက်ထင်ရှားလျက်ရှိပြီးဒီဇိုင်းပုံစံများအတွက်သိပ္ပံနည်းကျချဉ်းကပ်မှုတစ်ခုကိုအသုံးပြုခြင်းဖြင့်Honor 8X သည်လုပ်ဆောင်နိုင်စွမ်းနှင့်လှပမှုအကြားဟန်ချက်ညီညွတ်စွာထိန်းသိမ်းနိုင်ခဲ့ပြီးငယ်ရွယ်သည့်သုံးစွဲသူများကိုဖက်ရှင်ကျစေမည်ဖြစ်ပါသည်။

မူရင်းအနက်ရောင်နှင့်အပြာရောင်များကဲ့သို့ပင်Honor 8X အနီရောင်သည်ဖန်သားပြင်နှင့်ကိုယ်ထည်အချိုး91% ရှိသော6.4-inch Full Display၊16MP Selfie Camera၊20MP dual AI ကင်မရာများ၊ရေရှည်ခံမည့်3759 mAh ဘက်ထရီနှင့်နောက်ဖက်တွင်ပါသည့်လက်ဗွေရာဆင်ဆာတို့ပါဝင်မည်ဖြစ်ပါသည်။

“Honor 8X သည်မြန်မာနိုင်ငံတွင်အောင်မြင်နေကြောင်းတွေ့ရသည့်အတွက်အလွန်ဝမ်းမြောက်လျက်ရှိပြီး၎င်း၏အောင်မြင်မှုအတွက်ကျွန်ုပ်တို့၏သစ္စာရှိပရိသတ်များကိုကျေးဇူးတင်၍မဆုံးပါ။ဤဈေးကွက်ဦးဆောင်စမတ်ဖုန်းသည်ဒီဇိုင်း၊စွမ်းဆောင်ရည်နှင့်တန်ဖိုးတို့အကြားအကောင်းဆုံးဟန်ချက်ကိုထိန်းထားနိုင်ပြီးဤအရောင်သစ်ကြောင့်လူငယ်သုံးစွဲသူများသည်ဤစမတ်ဖုန်းတွင်ပါဝင်သည့်အဆင့်မြင့်ဆုံးနည်းပညာများအပြင်၎င်းတို့၏မိတ်ဆွေများနှင့်ချစ်ခင်ရသူများမှ အားကျရမည့်လှပထင်ရှားသည့်ဖုန်းတစ်လုံးကိုလည်းအသုံးပြုနိုင်မည်ဖြစ်ပါသည်” ဟုHonor Myanmar ၏ဥက္ကဌMr. Bai Jing မှ ဆိုပါသည်။

ဤအထူးအနီရောင်ဖုန်းကို128GB+6GB အမျိုးအစားအတွက်မြန်မာကျပ်ငွေ၃၉၉,၀၀၀ကျပ်ဖြင့်ရောင်းချပေးမည်ဖြစ်ပြီးHonor Myanmar မှ အသိအမှတ်ပြုစတိုးဆိုင်အားလုံးမှ ဒီဇင်ဘာလ၁၅ရက်နေ့မှ စတင်ဝယ်ယူနိုင်ပါသည်။