Zawgyi

Honor X စီးရီးေတြဟာ ယခင္ကတည္းက ဂုဏ္သိကၡာ အရွိန္အဝါႀကီးမားခဲ့တဲ့ ဖုန္းအမ်ိဴးအစားမ်ား ျဖစ္ပါတယ္။ Honor 8X က လက္ရွိ ျပည္တြင္းေစ်းကြက္ထဲမွာဆိုရင္ ရသင့္ ရထိုက္တဲ့ ေအာင္ျမင္မႈေတြကို သိမ္းပိုက္ထားႏိုင္တဲ့ ဖုန္းတစ္လုံးပါ။ ဒါ့ေၾကာင့္ Honor 8X ဟာလည္း အရင္မ်ိဴးဆက္ Honor X စီးရီးေတြရဲ႕ ဂုဏ္သိကၡာကို ဆက္လက္ထိန္းသိမ္းထားႏိုင္တဲ့ ဖုန္းတစ္လုံးလို႔ ေျပာရမွာပါ။

Honor 8X က သူရဲ႕ အရင္မ်ိဴးဆက္ 7X ထက္ အမ်ားႀကီး တိုးတက္ေျပာင္းလဲလာတဲ့ ဖုန္းတစ္လုံး ျဖစ္ပါတယ္။ တိုးတက္ေျပာင္းလဲလာတာက Specification ေတြတင္ မဟုတ္ဘဲ ဒီဇိုင္းပိုင္းမွာပါ သိသိသာသာေျပာင္းလဲလာတာ ေတြ႕ရပါတယ္။ Honor 8X နဲ႔ ပတ္သတ္ၿပီး ေျပာစရာေတြ အမ်ားႀကီးရွိေပမယ့္ ဒီေဆာင္းပါးေလးမွာေတာ့ Selfie Camera အေၾကာင္းကိုပဲ အဓိကထားၿပီး ေျပာျပေပးသြားမွာပါ။

Honor 8X ရဲ႕ Selfie Camera အပိုင္းအတြက္ Aperture f/2.0 ရွိတဲ့ 16MP Camera ကို အသုံးျပဳထားတာ ျဖစ္ပါတယ္။ Megapixel ပမာဏက 16MP အထိ ရွိတဲ့အတြက္ အရည္အေသြးေကာင္းၿပီး ၾကည္လင္ျပတ္သားတဲ့ ဓာတ္ပုံေတြကို ရရွိေစမွာပါ။ ဒါ့အျပင္ 4-in-1 Light Fusion ေထာက္ပံ့မႈေတြ၊ ပိုမိုေကာင္းမြန္လာတဲ့ ISO (International Standards Organization) နဲ႔ Multi-frame Image Processing နည္းပညာေတြကို ေပါင္းစပ္ဖန္တီးေပးထားတာေၾကာင့္ Selfie ဓာတ္ပုံလွလွေလးေတြကို ေနာက္ခံ Background ေဝဝါးသြားေစမယ့္ Bokeh effects နဲ႔အတူ ႐ိုက္ကူးႏိုင္မွာပါ။

ယေန႔ေခတ္ မိုဘိုင္းဖုန္းေလာကမွာ ေရပန္းစားေနတဲ့ AR Lens feature ကိုလည္း Honor 8X ရဲ႕ Selfie Camera မွာ ထည့္သြင္းေပးထားတာ ေတြ႕ရပါတယ္။ AR Lens မွာ ကိုယ္ရဲ႕ အသြင္အျပင္ေတြကို အမ်ိဴးမ်ိဴးေျပာင္းလဲေပးႏိုင္မယ့္ Effects နဲ႔ ေနာက္ခံ ဒီဇိုင္းေတြကို အမ်ိဴးမ်ိဴးေျပာင္းလဲေပးႏိုင္မယ့္ Backgrounds ဆိုၿပီး Feature ၂မ်ိဴး ပါဝင္ပါတယ္။ ဗီဒီယိုအပိုင္းမွာဆိုရင္လည္း 720p HD ဗီဒီယိုေတြကို Resolution 1280 x 720 pixels နဲ႔႐ိုက္ကူးႏိုင္မွာ ျဖစ္တဲ့အတြက္ မဆိုးဘူးလို႔ ေျပာရမွာပါ။

Portrait Mode မွာဆိုရင္ Bokeh effects ကို Enabled/Disabled လုပ္ႏိုင္မယ့္အျပင္ Beauty Level ကို 0 to 10 အထိ စိတ္ႀကိဳက္ ခ်ိန္ညႇိႏိုင္မယ့္ Feature ေလးေတြလည္း ပါဝင္လာတာ ေတြ႕ရပါတယ္။ Beauty Level feature ကို ဓာတ္ပုံ႐ိုက္တဲ့ အခါမွာ သာမက ဗီဒီယို႐ိုက္ကူးတဲ့ အခါမွာပါ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ Portrait Mode ကို Bokeh effects နဲ႔႐ိုက္ကူးတဲ့အခါမွာ Edge detection ေတြက တခ်ိဴ႕ေနရာေလးေတြမွာ မျပတ္သားတာေတြ ေတြ႕ရပါတယ္။ ဒါေပမယ့္လည္း ေပးရတဲ့ ေစ်းႏႈန္းနဲ႔ ျပန္လည္ႏႈိင္းယွဥ္ၾကည့္လိုက္တဲ့ အခါမွာေတာ့ Honor 8X ရဲ႕ Selfie Camera က ထိုက္သင့္တဲ့ အရည္အေသြးကို ေပးစြမ္းႏိုင္တယ္လို႔ ေျပာရမွာပါ။

Unicode

ပြီးပြည့်စုံတဲ့ Selfie Camera ရိုက်ချက်တွေအတွက် Honor 8X

Honor X စီးရီးတွေဟာ ယခင်ကတည်းက ဂုဏ်သိက္ခာ အရှိန်အဝါကြီးမားခဲ့တဲ့ ဖုန်းအမျိူးအစားများ ဖြစ်ပါတယ်။ Honor 8X က လက်ရှိ ပြည်တွင်းစျေးကွက်ထဲမှာဆိုရင် ရသင့် ရထိုက်တဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ ဖုန်းတစ်လုံးပါ။ ဒါ့ကြောင့် Honor 8X ဟာလည်း အရင်မျိူးဆက် Honor X စီးရီးတွေရဲ့ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ ဖုန်းတစ်လုံးလို့ ပြောရမှာပါ။

Honor 8X က သူရဲ့ အရင်မျိူးဆက် 7X ထက် အများကြီး တိုးတက်ပြောင်းလဲလာတဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။ တိုးတက်ပြောင်းလဲလာတာက Specification တွေတင် မဟုတ်ဘဲ ဒီဇိုင်းပိုင်းမှာပါ သိသိသာသာပြောင်းလဲလာတာ တွေ့ရပါတယ်။ Honor 8X နဲ့ ပတ်သတ်ပြီး ပြောစရာတွေ အများကြီးရှိပေမယ့် ဒီဆောင်းပါးလေးမှာတော့ Selfie Camera အကြောင်းကိုပဲ အဓိကထားပြီး ပြောပြပေးသွားမှာပါ။

Honor 8X ရဲ့ Selfie Camera အပိုင်းအတွက် Aperture f/2.0 ရှိတဲ့ 16MP Camera ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Megapixel ပမာဏက 16MP အထိ ရှိတဲ့အတွက် အရည်အသွေးကောင်းပြီး ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေကို ရရှိစေမှာပါ။ ဒါ့အပြင် 4-in-1 Light Fusion ထောက်ပံ့မှုတွေ၊ ပိုမိုကောင်းမွန်လာတဲ့ ISO (International Standards Organization) နဲ့ Multi-frame Image Processing နည်းပညာတွေကို ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် Selfie ဓာတ်ပုံလှလှလေးတွေကို နောက်ခံ Background ဝေဝါးသွားစေမယ့် Bokeh effects နဲ့အတူ ရိုက်ကူးနိုင်မှာပါ။

ယနေ့ခေတ် မိုဘိုင်းဖုန်းလောကမှာ ရေပန်းစားနေတဲ့ AR Lens feature ကိုလည်း Honor 8X ရဲ့ Selfie Camera မှာ ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ AR Lens မှာ ကိုယ်ရဲ့ အသွင်အပြင်တွေကို အမျိူးမျိူးပြောင်းလဲပေးနိုင်မယ့် Effects နဲ့ နောက်ခံ ဒီဇိုင်းတွေကို အမျိူးမျိူးပြောင်းလဲပေးနိုင်မယ့် Backgrounds ဆိုပြီး Feature ၂မျိူး ပါဝင်ပါတယ်။ ဗီဒီယိုအပိုင်းမှာဆိုရင်လည်း 720p HD ဗီဒီယိုတွေကို Resolution 1280 x 720 pixels နဲ့ရိုက်ကူးနိုင်မှာ ဖြစ်တဲ့အတွက် မဆိုးဘူးလို့ ပြောရမှာပါ။

Portrait Mode မှာဆိုရင် Bokeh effects ကို Enabled/Disabled လုပ်နိုင်မယ့်အပြင် Beauty Level ကို 0 to 10 အထိ စိတ်ကြိုက် ချိန်ညှိနိုင်မယ့် Feature လေးတွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ Beauty Level feature ကို ဓာတ်ပုံရိုက်တဲ့ အခါမှာ သာမက ဗီဒီယိုရိုက်ကူးတဲ့ အခါမှာပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Portrait Mode ကို Bokeh effects နဲ့ရိုက်ကူးတဲ့အခါမှာ Edge detection တွေက တချိူ့နေရာလေးတွေမှာ မပြတ်သားတာတွေ တွေ့ရပါတယ်။ ဒါပေမယ့်လည်း ပေးရတဲ့ စျေးနှုန်းနဲ့ ပြန်လည်နှိုင်းယှဥ်ကြည့်လိုက်တဲ့ အခါမှာတော့ Honor 8X ရဲ့ Selfie Camera က ထိုက်သင့်တဲ့ အရည်အသွေးကို ပေးစွမ်းနိုင်တယ်လို့ ပြောရမှာပါ။