Zawgyi

Honor 8X ရဲ႕ အခ်က္အလက္ေတြဟာ Certification ဝက္ဆိုက္တစ္ခု ျဖစ္တဲ့ TENAA ကေန တစ္ဆင့္ ေပါက္ၾကားထြက္ေပၚလာတာ ျဖစ္ပါတယ္။ ေပါက္ၾကားထြက္ေပၚခဲ့တဲ့ စာ႐ြက္စာတမ္းေတြအရဆိုရင္ Honor 8X ရဲ႕ ေမာ္ဒယ္နံပါတ္က ARE-AL00 ျဖစ္ႏိုင္ဖြယ္ ရွိၿပီး မၾကာေသးမီက မိတ္ဆက္သြားတဲ့ Oppo F9 ရဲ႕ Display ပုံစံမ်ိဴး Waterdrop-like Display Notch နဲ႔ ပြဲထြက္လာႏိုင္ဖြယ္ ရွိပါတယ္။

Honor 8X ရဲ႕ Display အပိုင္းအတြက္ ၇.၁၂ လက္မရွိတဲ့ FHD+ Display ကို အသုံးျပဳထားႏိုင္ၿပီး Resolution ကေတာ့ 1080 x 2244 pixels ရွိႏိုင္ပါတယ္။ Processor အပိုင္းအတြက္ Kirin 710 SoC ဒါမွမဟုတ္ Snapdragon 660 SoC ကိုအသုံးျပဳႏိုင္ၿပီး RAM အေနနဲ႔ 4GB ပါဝင္ႏိုင္ပါတယ္။ Memory Storage ကိုေတာ့ 64GB ထည့္သြင္းထားႏိုင္ပါတယ္။

ေနာက္ေက်ာဘက္ ကင္မရာအပိုင္းအတြက္ 16MP+2MP Camera ေတြကို တြဲလ်က္တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP Camera ကို တပ္ဆင္ထားႏိုင္ပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4900mAh ထည့္သြင္းထားႏိုင္ၿပီး အေလးခ်ိန္ကေတာ့ ၂၁၀ဂရမ္ ရွိတယ္လို႔ ခန႔္မွန္းေျပာဆိုထားၾကပါတယ္။ ေလာေလာဆယ္ Honor 8X ရဲ႕ ေဈးႏႈန္းနဲ႔ ထြက္ရွိလာမယ့္ေန႔ကို အတိအက် မသိရေသးေပမယ့္ မၾကာမီ အခ်ိန္အတြင္းမွာ မိတ္ဆက္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref:gadgets.ndtv

Unicode

4900mAh Battery, တြိဂံပုံစံ Notch သေးသေးလေးနဲ့ ပွဲထွက်လာနိုင်ဖွယ်ရှိတဲ့ Honor 8X

Honor 8X ရဲ့ အချက်အလက်တွေဟာ Certification ဝက်ဆိုက်တစ်ခု ဖြစ်တဲ့ TENAA ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ စာရွက်စာတမ်းတွေအရဆိုရင် Honor 8X ရဲ့ မော်ဒယ်နံပါတ်က ARE-AL00 ဖြစ်နိုင်ဖွယ် ရှိပြီး မကြာသေးမီက မိတ်ဆက်သွားတဲ့ Oppo F9 ရဲ့ Display ပုံစံမျိူး Waterdrop-like Display Notch နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။

Honor 8X ရဲ့ Display အပိုင်းအတွက် ၇.၁၂ လက်မရှိတဲ့ FHD+ Display ကို အသုံးပြုထားနိုင်ပြီး Resolution ကတော့ 1080 x 2244 pixels ရှိနိုင်ပါတယ်။ Processor အပိုင်းအတွက် Kirin 710 SoC ဒါမှမဟုတ် Snapdragon 660 SoC ကိုအသုံးပြုနိုင်ပြီး RAM အနေနဲ့ 4GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတော့ 64GB ထည့်သွင်းထားနိုင်ပါတယ်။

နောက်ကျောဘက် ကင်မရာအပိုင်းအတွက် 16MP+2MP Camera တွေကို တွဲလျက်တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4900mAh ထည့်သွင်းထားနိုင်ပြီး အလေးချိန်ကတော့ ၂၁၀ဂရမ် ရှိတယ်လို့ ခန့်မှန်းပြောဆိုထားကြပါတယ်။ လောလောဆယ် Honor 8X ရဲ့ ဈေးနှုန်းနဲ့ ထွက်ရှိလာမယ့်နေ့ကို အတိအကျ မသိရသေးပေမယ့် မကြာမီ အချိန်အတွင်းမှာ မိတ်ဆက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Ref:gadgets.ndtv