Honor 9 Lite ဟာ Huawei ရဲ့ Brand အခွဲတစ်ခုဖြစ်တဲ့ Honor ကနေထုတ်လိုက်တဲ့ နာမည်ကျော် Honor 9 ကို Spec ပိုင်းနည်းနည်းလျော့ထားတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Design

Design ပိုင်းအနေနဲ့ လုံးဝကို Flagship Feeling မျိုးခံစားရတယ်။ ကျစ်ကျစ်လစ်လစ်ရှိတယ်။ Button တွေက နှိပ်ရတာအရမ်းကို အဆင်ပြေတယ်။ Fingerprint Sensor ရယ် Dual Camera Setup ရယ် Microphone အပေါက်သေးသေးလေးနဲ့ Flashlight တို့ကို ဖုန်းရဲ့နောက်ကျောမှာမြင်နိုင်ပြီး Glass Back ကိုသုံးထားလို့ အမြင်အရမ်းရှင်းပြီး လှပနေတယ်။ ဖုန်းရဲ့ ညာဘက်ဘေးဘောင်မှာ Power Button နဲ့ Volume Button တွေကိုတွေ့နိုင်တယ်။ ဘယ်ဘက်ဘေးမှာ Sim Card Slot ပါမယ်။ ဖုန်းရဲ့အောက်ခြေဘက်မှာတော့ USB Type B, Speaker ပေါက်နဲ့ 3.5 mm headphone jack တို့ကိုတွေ့နိုင်တယ်။

Display

 

5.65 Inches IPS LCD Display ကိုသုံးထားတယ်။ Full HD+ Resolution (1080x 2160) ရှိပြီး Pixel Density ကတော့ တစ်လက်မကို 428 Pixels ပါတယ်။ Notch မပါပေမယ့် 18:9 Ratio နဲ့ပါ။ Huawei ရဲ့ ကိုယ်ပိုင် Signature လို့ပြောလို့ရမယ့် Color Profile မျိုးပါပြီး Huawei Fan တစ်ယောက်ဆိုရင် ဒီအချက်ကို သေချာသဘောပေါက်မှာပါ။ Original Color Tone က Cold လို့ခေါ်တဲ့ အေးတဲ့ဘက်ကိုရောက်နေတယ်။ ဒါပေမယ့် Color Temperature ကိုစိတ်ကြိုက်ပြောင်းလဲနိုင်တယ်။ 720P Resolution ထိလျော့ချထားနိုင်ပြီး Battery အစားသက်သာစေတယ်။ Eye Comfort လို့ခေါ်တဲ့ ညဘက် ဖုန်းသုံးရင် မျက်လုံးအရမ်းမကျိမ်းစေဖို့ Blue Light တွေကို Filter လုပ်ပေးတဲ့ Feature လေးပါတယ်။ Viewing Angle ကတော့ သိပ်အကောင်းကြီးမဟုတ်ပေမယ့် နည်းနည်းပါးပါးစောင်းကြည့်တာမျိုးကတော့ အဆင်ပြေပါတယ်။ Display ရဲ့ Color Accuracy တော်တော်လေးကောင်းတဲ့အတွက် Camera ရိုက်တဲ့အခါမျိုးမှာ အပြင်လောကရဲ့ အစစ်အမှန် အရောင်ထွက်အနီးစပ်ဆုံး ရရှိစေတယ်။

Battery Life

Battery ပမာဏ 3,000mAh battery ပါဝင်ပါတယ်။ အားအပြည့်သွင်းပြီး စမ်းသပ်ကြည့်တဲ့အခါ မနက်ကစပြီး ဖုန်းပြော Internet ကြည့် Facebook တစ်ချက်ချက်ဝင်ကြည့်ရင်း Mobile Legend တစ်ခါတစ်လေ ဆော့ကြည့်တဲ့အခါ ညနေစောင်းတဲ့အထိ 20% ကျန်သေးတာတွေ့ရပါတယ်။ ဒါက ပျမ်းပျသုံးစွဲတဲ့နှုန်းပါ။ Game ကြီးပဲဆက်တိုက်ဆော့ရင်တော့ အဆင်မပြေပါဘူး။ Charging Cable လေးဆောင်သွားသင့်ပါတယ်။ အားနည်းချက်ကိုပြောရရင် Fast Charge မပါဝင်တာပါ။ Fast Charge မပါတဲ့အတွက် အားသွင်းချိန်တော့ နည်းနည်းကြာပါလိမ့်မယ်။

Camera

Honor 9 Lite ရဲ့ ရှေ့ဘက် ရော အနောက်ဘက်မှာ 13 Mega Pixels Camera တစ်ခုနဲ့ 2 Mega Pixels Camera နှစ်ခုပါဝင်ပါတယ်။ Selfie Camera မှာတော့ Aperture ပိုကြီးပြီး အလင်းနည်းတဲ့နေရာတွေမှာ Selfie အကောင်းစားကြီးတွေရိုက်နိုင်ပါတယ်။ Selfie Camera အတွက်ကို Dual Camera Setup ထည့်ပေးထားလို့ Portrait လို့ခေါ်တဲ့ နောက်ခံ အဝါး လူပုံတွေရိုက်နိုင်တယ်။ Quality တော်တော်လေးကောင်းတာတွေ့ရတယ်။ Selfie ရိုက်ပြီးတာနဲ့ Mirror On နဲ့ Mirror Off ဆိုပြီး Selfie ရိုက်နေတုန်းမြင်ရတဲ့အနေအထားအတိုင်းပဲ Save မလား တစ်ကယ့်ပုံမှန်အနေအထားတိုင်းပဲ Save မလားဆိုပြီး ပုံအနေအထားကို ဘယ်ညာ ပြောင်းပြီး Save နိုင်ပါတယ်။ Moving Picture လို့ခေါ်တဲ့ ပုံအလှုပ်တွေလည်းရိုက်နိုင်သေးတယ်။ Portrait Mode On လိုက်တဲ့အခါ Beauty Level ကိုစိတ်ကြိုက်ထားနိုင်ပြီး ကိုယ့်မျက်နှာကိုပိုပြီး ချောမောလှပစေတယ်။ အနောက်ဘက် Camera Quality လည်း သူ့ အတန်းအစားထဲမှာတော့ တော်တော်လေးကောင်းပါတယ်။ Detail အရမ်းကောင်းတယ်။ ဒါပေမယ့် တစ်ချို့ Scene တွေမှာ Over Saturated ဖြစ်နေတာမျိုးတွေ့ရတယ်။ မြက်ပင်တွေကိုရိုက်လိုက်ရင် ပုံမှန်ထက် ပိုစိမ်းနေတာမျိုးတွေ့ရတယ်။ Wide Aperture လို့ခေါ်တဲ့ ရိုက်ပြီးသားပုံကို စိတ်ကြိုက် Focus ပြန်ချိန်လို့ရတဲ့ Feature လေူကလည်း တော်တော်အသုံးဝင်ပါတယ်။ Portrait တွေကြည့်ပျော် ရှုပျော်ရှိပြီး အရမ်းကြီး Stand Out ဖြစ်နေတာတော့မဟုတ်လှပါဘူး။ Camera Quality ကတော့ သာမာန်လို့ပဲပြောလို့ရပါတယ်။ သာမာန် လူတစ်ယောက်အတွက်ကတော့ ဒီ Quality က လုံလောက်နေပါပြီ။

Performance

Huawei ရဲ့ကိုယ်ပိုင် Kirin 659 SoC ကို 3GB RAM နဲ့ Run ပေးထားတယ်။ Multitasking တော်တော်ကောင်းပြီး Game တွေကလွဲလို့ကျန်တဲ့ App တွေတော်တော်များများကို Reload ပြန်လုပ်တာ မတွေ့ရပါဘူး။ Android 8.0 ကိုပြုပြင်ထားတဲ့ Emotion UI ခေါ် EMUI 8.0 ကိုသုံးပေးထားတယ်။ App တွေဝင်တဲ့နေရာမှာ အတော်လေးလျင်မြန်တယ်။ Gaming ပိုင်းမှာတော့ အမြင့်ပိုင်း Game တွေတော်တော်များများ နိုင်ပါတယ်။ Shadow Fight 3, Mobile Legend, PUBG Mobile စတဲ့ High Graphic Game တွေဆော့နိုင်ပြီး Huawei ရဲ့ Flagship တွေလိုတော့ Frame Rate အမြင့်ကြီးတွေထားပြီး မဆော့နိုင်ပါဘူး။

Audio Quality

Speaker အနေနဲ့ကတော့ အောက်ဘက်မှာ Single Speaker တစ်ခုပဲပါတယ်။ သာမာန် ဂိမ်းဆော့ရုံ ဖုန်းပြောရုံလောက်သာအဆင်ပြေပြီး သီချင်းနားထောင်ဖို့အတွက်ကျတော့ အရမ်းတိကျတဲ့ အသံထွက်မျိုးမပေးနိုင်ပါဘူး။ ဂိမ်းဆော့ဖို့ ဖုန်းပြောဖို့အတွက်ကတော့ လုံလုံလောက်လောက်ကို အသံကျယ်လောင်ပါတယ်။ အသံလုံးမထူပဲနဲ့ ခပ်ပါးပါးပါပဲ။ Earphones နဲ့ နားထောင်ကြည့်တဲ့အခါ အသံအရမ်းကြည်တာတွေ့ရတယ်။ Volume Level အရမ်းကြီးမကောင်းပေမယ့် Huawei ရဲ့ ကိုယ်ပိုင် Histen Sound Effect တွေကို ဖွင့်လိုက်တဲ့အခါအသံထွက်တော်တော်ကောင်းသွားပါတယ်။ Histen Sound Effect ထဲမှာ ရွေးချယ်စရာ Surround Sound တွေအများကြီးပါပြီး ကိုယ်နှစ်သက်တဲ့ Surround Sound ပုံစံမျိုးနဲ့နားထောင်နိုင်တယ်။ Histen Sound Effect ကို သီချင်းအတွက်သာမဟုတ်ပဲ PUBG လိုဂိမ်းတွေအတွက်ပါ Support လုပ်လို့ Game ထဲက အသံတွေရဲ့ လားရာကို ကိုပြီးပေါ်လွင်စေပါတယ်။

နိဂုံးချုပ်အနေနဲ့ Camera ပိုင်းသိပ်မလိုအပ်ပဲ ဘက်စုံကောင်းမွန်ပြီး Premium Design ကိုလိုချင်တဲ့လူတွေအတွက်ကတော့ Honor 9 Lite က အရမ်းအဆင်ပြေမှာပါ။ Honor 9 Lite ရဲ့ RAM 3GB + Storage 32GB မော်ဒယ်ကို မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ ဈေးနှုန်းကတော့ ၁၉၉၀၀၀ ကျပ်တိတိ ဖြစ်ပါတယ်။