[Zawgyi]

Honor ရဲ႕ ဇူလိုင္ ၂၃ Event ဟာ 9X နဲ႔ 9X Pro ေတြကို မိတ္ဆက္မယ့္ ပြဲျဖစ္ပါတယ္။ ဒီမတိုင္မီမွာေတာ့ TENAA မွာ Honor 9X နဲ႔ 9X Pro တို႔ရဲ႕ အခ်က္အလက္ေတြကို ေတြ႕ျမင္ရၿပီျဖစ္ပါတယ္။ ဒါတင္မကေသးဘဲ Huawei Mate 30 Lite ကိုလည္း ေတြ႕ျမင္ရၿပီ ျဖစ္ပါတယ္။

Honor 9X နဲ႔ 9X Pro ႏွစ္မ်ိဳးစလုံးဟာ 6.59-inch IPS panel ကိုယ္စီနဲ႔ျဖစ္ၾကၿပီး FHD+ resolution ေတြလို႔ သိရပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာကလည္း 16MP ကိုယ္စီရွိၾကပါတယ္။ ေနာက္ထပ္တူညီတဲ့အခ်က္က ဒီစမတ္ဖုန္း ႏွစ္မ်ိဳးစလုံးကို Kirin 810 chipset ေတြ အသုံးျပဳထားတယ္ဆိုတာပါပဲ။

Honor 9X ကေတာ့ 4/64 GB, 6/128 GB နဲ႔ 8/256 GB ဆိုၿပီး ေ႐ြးခ်ယ္စရာသုံးမ်ိဳးနဲ႔ ထြက္လာမွာျဖစ္ၿပီး 9X Pro ကေတာ့ 6/128 GB နဲ႔ 8/256 GB ဆိုၿပီး ႏွစ္မ်ိဳးနဲ႔ပဲ ထြက္လာမယ္လို႔ သိရပါတယ္။ ဒီႏွစ္မ်ိဳးၾကားက ျခားနားခ်က္ေနာက္တစ္ခုကေတာ့ ေက်ာဘက္ကင္မရာပိုင္း ျဖစ္ပါတယ္။ 9X ဟာ 48MP+2MP ေက်ာဘက္ ကင္မရာႏွစ္လုံး တပ္ဆင္ေပးထားမွာျဖစ္ၿပီး Pro ကေတာ့ 48MP+ 8MP နဲ႔ 2MP ဆိုၿပီး ေက်ာဘက္ ကင္မရာသုံးလုံး တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။

9X Pro မွာေတာ့ 3,900 mAh ဘက္ထရီ တပ္ဆင္ထားမွာျဖစ္ေပမယ့္ Vanilla version ကေတာ့ 3,300 mAh ပမာဏကကိုပဲ တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။ Honor 9X ေရာ 9X Pro မွာပါ side-mounted fingerprint readers ေတြတပ္ဆင္ေပးထားမွာျဖစ္ပါတယ္။ အေရာင္အားျဖင့္ေတာ့ black, blue, red, gradient purple နဲ႔ gradient blue ငါးမ်ိဳး ေ႐ြးခ်ယ္ႏိုင္မယ္လို႔လည္း သိရပါတယ္။

Huawei Mate 30 Lite ကေတာ့ 6.26-inch IPS မ်က္ႏွာျပင္နဲ႔ပါ။ FHD+ resolution နဲ႔ျဖစ္ၿပီး အေရွ႕ကင္မရာက 32MP လို႔ သိရပါတယ္။ ေက်ာဘက္မွာေတာ့ 48MP + 8MP + 2MP + 2MP sensors ေတြနဲ႔ ကင္မရာ ေလးလုံးကို တပ္ဆင္ေပးထားမွာျဖစ္သလို Fingerprint reader လည္း တပ္ဆင္ေပးထားမွာ ျဖစ္ပါတယ္။

Mate 30 Lite ဟာ Kirin 810 SoC ကို 6GB ဒါမွမဟုတ္ 8GB RAM နဲ႔တြဲဖက္လာႏိုင္ၿပီး သိုေလွာင္မႈပမာဏကေတာ့ 128GB ဒါမွမဟုတ္ 256GB ျဖစ္ပါလိမ့္မယ္။ ဘက္ထရီကေတာ့ 3,900 mAh လို႔သိရပါတယ္။

Ref: GSM Arena

[Unicode]

TENAA မှာ တွေ့မြင်ရပြီဖြစ်တဲ့ Honor 9X နဲ့ 9X Pro

Honor ရဲ့ ဇူလိုင် ၂၃ Event ဟာ 9X နဲ့ 9X Pro တွေကို မိတ်ဆက်မယ့် ပွဲဖြစ်ပါတယ်။ ဒီမတိုင်မီမှာတော့ TENAA မှာ Honor 9X နဲ့ 9X Pro တို့ရဲ့ အချက်အလက်တွေကို တွေ့မြင်ရပြီဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ Huawei Mate 30 Lite ကိုလည်း တွေ့မြင်ရပြီ ဖြစ်ပါတယ်။

Honor 9X နဲ့ 9X Pro နှစ်မျိုးစလုံးဟာ 6.59-inch IPS panel ကိုယ်စီနဲ့ဖြစ်ကြပြီး FHD+ resolution တွေလို့ သိရပါတယ်။ အရှေ့ဘက် Selfie ကင်မရာကလည်း 16MP ကိုယ်စီရှိကြပါတယ်။ နောက်ထပ်တူညီတဲ့အချက်က ဒီစမတ်ဖုန်း နှစ်မျိုးစလုံးကို Kirin 810 chipset တွေ အသုံးပြုထားတယ်ဆိုတာပါပဲ။

Honor 9X ကတော့ 4/64 GB, 6/128 GB နဲ့ 8/256 GB ဆိုပြီး ရွေးချယ်စရာသုံးမျိုးနဲ့ ထွက်လာမှာဖြစ်ပြီး 9X Pro ကတော့ 6/128 GB နဲ့ 8/256 GB ဆိုပြီး နှစ်မျိုးနဲ့ပဲ ထွက်လာမယ်လို့ သိရပါတယ်။ ဒီနှစ်မျိုးကြားက ခြားနားချက်နောက်တစ်ခုကတော့ ကျောဘက်ကင်မရာပိုင်း ဖြစ်ပါတယ်။ 9X ဟာ 48MP+2MP ကျောဘက် ကင်မရာနှစ်လုံး တပ်ဆင်ပေးထားမှာဖြစ်ပြီး Pro ကတော့ 48MP+ 8MP နဲ့ 2MP ဆိုပြီး ကျောဘက် ကင်မရာသုံးလုံး တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

9X Pro မှာတော့ 3,900 mAh ဘက်ထရီ တပ်ဆင်ထားမှာဖြစ်ပေမယ့် Vanilla version ကတော့ 3,300 mAh ပမာဏကကိုပဲ တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ Honor 9X ရော 9X Pro မှာပါ side-mounted fingerprint readers တွေတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ အရောင်အားဖြင့်တော့ black, blue, red, gradient purple နဲ့ gradient blue ငါးမျိုး ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

Huawei Mate 30 Lite ကတော့ 6.26-inch IPS မျက်နှာပြင်နဲ့ပါ။ FHD+ resolution နဲ့ဖြစ်ပြီး အရှေ့ကင်မရာက 32MP လို့ သိရပါတယ်။ ကျောဘက်မှာတော့ 48MP + 8MP + 2MP + 2MP sensors တွေနဲ့ ကင်မရာ လေးလုံးကို တပ်ဆင်ပေးထားမှာဖြစ်သလို Fingerprint reader လည်း တပ်ဆင်ပေးထားမှာ ဖြစ်ပါတယ်။

Mate 30 Lite ဟာ Kirin 810 SoC ကို 6GB ဒါမှမဟုတ် 8GB RAM နဲ့တွဲဖက်လာနိုင်ပြီး သိုလှောင်မှုပမာဏကတော့ 128GB ဒါမှမဟုတ် 256GB ဖြစ်ပါလိမ့်မယ်။ ဘက်ထရီကတော့ 3,900 mAh လို့သိရပါတယ်။

Ref: GSM Arena