[Unicode]

Huawei ရဲ့ Sub-brand Honor က အိန္ဒိယမှာ Honor 9X ကို လာမယ့်လမှာ ရောင်းပေးတော့မှာပါ။ တရုတ် မော်ဒယ်လား၊ နိုင်ငံတကာမှာ ရောင်းတဲ့ မော်ဒယ်လားဆိုတာ မသိရသေးပါဘူး။ စွမ်းရည်သင့် Honor 9X နဲ့ 9X Pro တို့ကို ဇူလိုင်လက ကြေညာခဲ့ပြီး တရုတ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက စတင် ရောင်းပေးခဲ့ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၁၉၉ ယွမ် ( ၃၀၉ ဒေါ်လာ) သတ်မှတ်ထားပြီး မြန်မာငွေ ၄၇၀,၀၀၀ လောက်ကျသင့်ပါတယ်။ အိန္ဒိယမှာ ရောင်းမယ့် ဈေးကို မသိရသေးပါဘူး။

Honor 9X နဲ့အတူ MagicWatch 2 စမတ်နာရီကိုလည်း အိန္ဒိယမှာ ရောင်းမှာ ဖြစ်ပါတယ်။ စမတ်နာရီမှာ Kirin A1 SoC မောင်းနှင်ထားပြီး ၄၂ မီလီမီတာနဲ့ ၄၆ မီလီမီတာ အရွယ်အစား ၂ ခု ထုတ်လုပ်ပေးထားပါတယ်။ ၄၂ မီလီမီတာ မော်ဒယ်မှာ ၁.၂ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 390×390 Pixel Resolution ဖြစ်ပါတယ်။ ၄၆ မီလီမီတာ မော်ဒယ်မှာ ၁.၃၉ လက်မ OLED မျက်နှာပြင် တပ်ဆင်ထားပြီး 454×454 Pixel Resolution ဖြစ်ပါတယ်။

အဲဒီ မော်ဒယ် ၂ ခုရဲ့ နောက်ထပ် ကွာခြားချက်က ဘက်ထရီ အရွယ်အစား ဖြစ်ပါတယ်။ အရွယ်သေး မော်ဒယ်မှာ 215mAh ဘက်ထရီနဲ့ အရွယ်ကြီး မော်ဒယ်မှာ 455mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ ၂၀၂၀ ခုနှစ်မှာ Honor က အိန္ဒိယမှာ Honor Vision TV နဲ့ MagicBook Laptop တွေကို ရောင်းချဖို့ စီစဉ်ထားပါတယ်။ TV ကို လာမယ့်လမှာ ရောင်းနိုင်ပြီး Laptop ကို ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena

[Zawgyi]

လာမယ့္လမွာ Honor 9X နဲ႔ MagicWatch 2 ကို အိႏၵိယမွာ ေရာင္းမည္

Huawei ရဲ႕ Sub-brand Honor က အိႏၵိယမွာ Honor 9X ကို လာမယ့္လမွာ ေရာင္းေပးေတာ့မွာပါ။ တရုတ္ ေမာ္ဒယ္လား၊ ႏုိင္ငံတကာမွာ ေရာင္းတဲ့ ေမာ္ဒယ္လားဆိုတာ မသိရေသးပါဘူး။ စြမ္းရည္သင့္ Honor 9X နဲ႔ 9X Pro တို႔ကို ဇူလုိင္လက ေၾကညာခဲ့ၿပီး တရုတ္မွာ ဇူလိုင္လ ၃၀ ရက္ေန႔ကတည္းက စတင္ ေရာင္းေပးခဲ့ပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ကို ၂,၁၉၉ ယြမ္ ( ၃၀၉ ေဒၚလာ) သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၇၀,၀၀၀ ေလာက္က်သင့္ပါတယ္။ အိႏၵိယမွာ ေရာင္းမယ့္ ေစ်းကို မသိရေသးပါဘူး။

Honor 9X နဲ႔အတူ MagicWatch 2 စမတ္နာရီကိုလည္း အိႏၵိယမွာ ေရာင္းမွာ ျဖစ္ပါတယ္။ စမတ္နာရီမွာ Kirin A1 SoC ေမာင္းႏွင္ထားၿပီး ၄၂ မီလီမီတာနဲ႔ ၄၆ မီလီမီတာ အရြယ္အစား ၂ ခု ထုတ္လုပ္ေပးထားပါတယ္။ ၄၂ မီလီမီတာ ေမာ္ဒယ္မွာ ၁.၂ လက္မ OLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး 390×390 Pixel Resolution ျဖစ္ပါတယ္။ ၄၆ မီလီမီတာ ေမာ္ဒယ္မွာ ၁.၃၉ လက္မ OLED မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး 454×454 Pixel Resolution ျဖစ္ပါတယ္။

အဲဒီ ေမာ္ဒယ္ ၂ ခုရဲ႕ ေနာက္ထပ္ ကြာျခားခ်က္က ဘက္ထရီ အရြယ္အစား ျဖစ္ပါတယ္။ အရြယ္ေသး ေမာ္ဒယ္မွာ 215mAh ဘက္ထရီနဲ႔ အရြယ္ႀကီး ေမာ္ဒယ္မွာ 455mAh ဘက္ထရီ ထည့္သြင္းထားပါတယ္။ ၂၀၂၀ ခုႏွစ္မွာ Honor က အိႏၵိယမွာ Honor Vision TV နဲ႔ MagicBook Laptop ေတြကို ေရာင္းခ်ဖို႔ စီစဥ္ထားပါတယ္။ TV ကို လာမယ့္လမွာ ေရာင္းႏိုင္ၿပီး Laptop ကို ေရာင္းမယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Ref : gsmarena