Zawgyi

Huawei ရဲ႕အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Honor ဟာ ထုတ္ကုန္အသစ္ Honor 9X စီးရီး စမတ္ဖုန္းေတြကို မိတ္ဆက္ဖို႔ ျပင္ဆင္ေနေၾကာင္း သတင္းထြက္လာခဲ့ပါတယ္။ ယေန႔မွာ Honor ရဲ႕ အိႏၵိယဌာနခြဲ အႀကီးအကဲ Charles Peng က အင္တာဗ်ဴးတစ္ခုမွာ ဒီသတင္းကို အတည္ျပဳေပးခဲ့ၿပီး ၂၀၁၉ ႏွစ္မကုန္ခင္ Honor 9X ကိုျမင္ရမွာျဖစ္တယ္လို႔ ေျဖဆုိခဲ့ပါတယ္။

ဇူလုိင္လထဲက တရုတ္ျပည္တြင္းမွာမိတ္ဆက္ေရာင္းခ်ခဲ့တဲ့ Honor 9X စမတ္ဖုန္းဟာ ဂလိုဘယ္ေစ်းကြက္ကို အခုမွေျခဆန္႔ဖို႔ ႀကိဳးစားလာတာပါ။ Peng ရဲ႕ေျဖဆုိခ်က္မွာ “ႏွစ္ကုန္ပုိင္းမွာ Honor 9X ကို အိႏၵိယေစ်းကြက္အတြင္း ျဖန္႔ခ်ိသြားမွာပါ၊ ဒီစမတ္ဖုန္းမွာ Android OS သုံးစြဲထားမွာျဖစ္ပါတယ္” လို႔ ပါဝင္ခဲ့ပါတယ္။ Honor ဟာ ဒီဖုန္းေတြကို ဇူလိုင္လမွာ မိတ္ဆက္ခဲ့တဲ့အတြက္ Google Play Store နဲ႔ သူ႕သက္ဆုိင္ရာ App ေတြ တစ္ပါတည္း ပါလာဖို႔မ်ားပါတယ္။ ဥေရာပေစ်းကြက္ကိုေတာ့ အခု ေအာက္တိုဘာလ အကုန္မွာ ဝင္ေရာက္လာမွာျဖစ္ပါတယ္။

Honor 9X စမတ္ဖုန္းမွာ Notch မပါတဲ့ 6.59” လက္မ Full HD+ LCD Display တစ္ခုပါဝင္ၿပီး 2340 x 1080p Resolution ျဖစ္ပါတယ္။ အတြင္းမွာ Kirin 810 ခ်စ္ပ္ဆက္နဲ႔အတူ အျမင့္ဆုံးမန္မုိရီ 6GB RAM / 128GB Storage ထိ ပါဝင္မွာပါ။

ကင္မရာပုိင္းမွာေတာ့ အဓိက 48MP ကင္မရာတစ္ခုနဲ႔အတူ 15MP ဒုတိယကင္မရာနဲ႔ 2MP Depth Sensor တုိ႔ ပါဝင္ပါတယ္။ ဘကၳရီက 4,000 mAh ျဖစ္ၿပီး Android 9 OS ကိုအေျခခံထားတဲ့ EMUI 9.1.1 နဲ႔စတင္ထြက္လာမွာပါ။ ဖုန္းရဲ႕ေဘးဘက္မွာ Fingerprint ပါဝင္ၿပီး Face Recognition စနစ္လည္း ပါဝင္ပါတယ္။ ကုိယ္ထည္အခ်ဳိးအစားက 163.11 x 77.2 x 8.8mm ရွိၿပီး 206g ေလးပါတယ္။

တရုတ္ေစ်းကြက္ျပင္ပကို ထြက္လာမယ့္ Honor 9X အတြက္ ေစ်းႏႈန္းကိုေတာ့ ေလာေလာဆယ္ မသိရေသးပါဘူး။ ဒါ့အျပင္ Honor 9X Pro ဗားရွင္းကိုေရာ ျမင္ရပါ့မလား ဆုိတာလည္း မေသခ်ာေသးပါဘူး။

Ref – Gizmo China

Unicode

Huawei ရဲ့အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ဟာ ထုတ်ကုန်အသစ် Honor 9X စီးရီး စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ယနေ့မှာ Honor ရဲ့ အိန္ဒိယဌာနခွဲ အကြီးအကဲ Charles Peng က အင်တာဗျူးတစ်ခုမှာ ဒီသတင်းကို အတည်ပြုပေးခဲ့ပြီး ၂၀၁၉ နှစ်မကုန်ခင် Honor 9X ကိုမြင်ရမှာဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

ဇူလိုင်လထဲက တရုတ်ပြည်တွင်းမှာမိတ်ဆက်ရောင်းချခဲ့တဲ့ Honor 9X စမတ်ဖုန်းဟာ ဂလိုဘယ်ဈေးကွက်ကို အခုမှခြေဆန့်ဖို့ ကြိုးစားလာတာပါ။ Peng ရဲ့ဖြေဆိုချက်မှာ “နှစ်ကုန်ပိုင်းမှာ Honor 9X ကို အိန္ဒိယဈေးကွက်အတွင်း ဖြန့်ချိသွားမှာပါ၊ ဒီစမတ်ဖုန်းမှာ Android OS သုံးစွဲထားမှာဖြစ်ပါတယ်” လို့ ပါဝင်ခဲ့ပါတယ်။ Honor ဟာ ဒီဖုန်းတွေကို ဇူလိုင်လမှာ မိတ်ဆက်ခဲ့တဲ့အတွက် Google Play Store နဲ့ သူ့သက်ဆိုင်ရာ App တွေ တစ်ပါတည်း ပါလာဖို့များပါတယ်။ ဥရောပဈေးကွက်ကိုတော့ အခု အောက်တိုဘာလ အကုန်မှာ ဝင်ရောက်လာမှာဖြစ်ပါတယ်။

Honor 9X စမတ်ဖုန်းမှာ Notch မပါတဲ့ 6.59” လက်မ Full HD+ LCD Display တစ်ခုပါဝင်ပြီး 2340 x 1080p Resolution ဖြစ်ပါတယ်။ အတွင်းမှာ Kirin 810 ချစ်ပ်ဆက်နဲ့အတူ အမြင့်ဆုံးမန်မိုရီ 6GB RAM / 128GB Storage ထိ ပါဝင်မှာပါ။

ကင်မရာပိုင်းမှာတော့ အဓိက 48MP ကင်မရာတစ်ခုနဲ့အတူ 15MP ဒုတိယကင်မရာနဲ့ 2MP Depth Sensor တို့ ပါဝင်ပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး Android 9 OS ကိုအခြေခံထားတဲ့ EMUI 9.1.1 နဲ့စတင်ထွက်လာမှာပါ။ ဖုန်းရဲ့ဘေးဘက်မှာ Fingerprint ပါဝင်ပြီး Face Recognition စနစ်လည်း ပါဝင်ပါတယ်။ ကိုယ်ထည်အချိုးအစားက 163.11 x 77.2 x 8.8mm ရှိပြီး 206g လေးပါတယ်။

တရုတ်ဈေးကွက်ပြင်ပကို ထွက်လာမယ့် Honor 9X အတွက် ဈေးနှုန်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ဒါ့အပြင် Honor 9X Pro ဗားရှင်းကိုရော မြင်ရပါ့မလား ဆိုတာလည်း မသေချာသေးပါဘူး။

Ref – Gizmo China