Zawgyi
Unicode
Honor ကနေ အခုဆိုရင် မြန်မာနိုင်ငံကို စမတ်ဖုန်းမော်ဒယ်တွေအများအပြား မိတ်ဆက်ထားပြီးဖြစ်သလို အဲ့ဒီစမတ်ဖုန်းတွေထဲကမှ နောက်ဆုံးမိတ်ဆက်ထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Honor 9X အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ Sapphire Blue နဲ့ Midnight Black ဆိုပြီး အရောင် ၂မျိူး ရရှိနိုင်မယ့် Honor 9X စမတ်ဖုန်းဟာ ငွေကျပ် ၃၃၉,၉၀၀ နဲ့ ရောင်းချနေတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်ပေမယ့် လက်ရှိ Flagship ဖုန်းတွေမှာ တွေ့ရှိရတဲ့ Feature တွေလည်းပါဝင်နေတာဖြစ်ပါတယ်။
အရင်ဆုံးအနေနဲ့ Honor 9X စမတ်ဖုန်းကို ကြည့်လိုက်မယ်ဆိုရင် Flagship ဖုန်းတစ်လုံးလိုမျိုး Notch မပါ၊ Hole-Punch Camera တွေမပါဝင်တဲ့ Display ကို အရင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။ အဆိုပါ Display ဟာဆိုရင် 6.59″ အရွယ်အစားရှိမှာဖြစ်သလို Full HD+ Resolution ကို အသုံးပြုထားတဲ့အတွက် Video တွေ၊ ရုပ်ရှင်တွေကြည့်တဲ့နေရာမှာ တကယ် Immersive ဖြစ်တဲ့ Viewing Experience ကို ခံစားရမှာပါ။ အခုလိုမျိုး HONOR FullView Display က Screen-to-Body Ratio အနေနဲ့လည်း 91% အထိရှိမှာဖြစ်တဲ့အတွက် လက်ရှိတူညီတဲ့စျေးနှုန်းဝန်းကျင်မှာရှိတဲ့ တခြား Mid Range ဖုန်းတွေထက် ပိုပြီး အားသာနေတာလည်းဖြစ်ပါတယ်။
အခုလိုမျိုး Display ပိုင်းတင်မဟုတ်ဘဲ ဖုန်းတစ်လုံးမှာ နောက်ထပ်အရေးကြီးတဲ့နေရာဖြစ်တဲ့ Camera ပိုင်းမှာလည်း Honor 9X က Mid Range ဖုန်းတစ်ခုထက်ပိုတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာပါ။ Rear Camera အနေနဲ့ဆိုရင် Triple Camera Setup ကို အသုံးပြုထားပြီး 48MP Sony IMX 582 Primary Sensor ကို အဓိကအသုံးပြုထားတာဖြစ်ပါတယ်။ ဒီ 48MP Primary Sensor ဟာဆိုရင် ကြီးမားတဲ့ 1/2-inch CMOS Sensor ၊ f1.8 Aperture ၊ AI Video Stabilization စတဲ့နည်းပညာတွေပါဝင်မှာဖြစ်သလို Effective ဖြစ်တဲ့ 1.6um Pixel Size ရရှိအောင် 4-in-1 Light Fusion နည်းပညာကို အသုံးပြုထားတဲ့အတွက် ရိုက်လိုက်တဲ့ ဓါတ်ပုံတွေဟာ Noise နည်းပါးပြီး Vibrant ပိုဖြစ်တဲ့ 12MP ဓါတ်ပုံတွေကို ရရှိမှာဖြစ်ပါတယ်။ အခု 4-in-1 Light Fusion နည်းပညာနဲ့ AIS Super Night Mode တို့ ပေါင်းစပ်ထားတဲ့အတွက် Night Time Photography ကလည်း သာမန် Mid Range ဖုန်းတွေနဲ့ ယှဥ်ရင် သိသိသာသာကိုပိုပြီး ကောင်းမွန်နေဦးမှာပါ။
နောက်ထပ် Camera တစ်ခုကတော့ 8MP Super Wide-angle Camera ပဲဖြစ်ပြီးတော့ f2.4 Aperture နဲ့ 120° Ultrawide Angle ကို Support ပြုလုပ်တဲ့အတွက် Scenery တွေကို ရိုက်ကူးတဲ့အချိန်မှာ Distortion မရှိဘဲ ပိုပြီး လှပတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ နောက်ထပ် Camera အနေနဲ့ကတော့ Portrait ဓါတ်ပုံတွေအတွက် 2MP f2.4 Depth Assist Camera ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။
Selfie Camera အနေနဲ့ကတော့ 16MP Pop-up Camera ကို တပ်ဆင်ပေးထားပြီး f2.2 Aperture အပြင် 3D Portrait Lighting ကိုပါ Support ပြုလုပ်တဲ့အတွက် Selfie ပုံတွေကိုလည်း သာမန်ထက် အမြင်ဆန်းအောင်ရိုက်ကူးနိုင်မှာလည်းဖြစ်ပါတယ်။
Honor 9X ဖုန်းက Display နဲ့ Camera ပိုင်းအပြင် Battery Life အနေနဲ့လည်း တနေကုန် စိတ်ကြိုက်သုံးစွဲနိုင်မယ့် 4000mAh Battery ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Honor ရဲ့ ပြောကြားချက်အရဆိုရင် 3G Phone Call မှာ ၂၃ နာရီ၊ Mobile Data ဆက်တိုင်းအသုံးပြုမယ်ဆိုရင် ၁၂ နာရီ၊ Video ဆက်တိုက်ကြည့်ရင် ၂၂ နာရီနဲ့ Game ဆက်တိုက်ဆော့မယ်ဆိုရင် ၁၀ နာရီအထိကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ အားပြန်သွင်းတဲ့အချိန်မှာဆိုရင်တော့ USB-C ကို အသုံးပြုထားပြီး ၂ နာရီဝန်းကျင် (၁၂၃ မိနစ်) ခန့် ကြာမြှင့်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တနေကုန်ဖုန်းကို ပြန်အားမသွင်းပဲ အသုံးပြုချင်တယ်ဆိုရင် Honor 9X က ရွေးချယ်သင့်တဲ့ ဖုန်းတစ်ခုဖြစ်မှာပါ။
Performance ပိုင်းမှာဆိုရင်လည်း Battery စားသက်သာတဲ့ 12nm Kirin 710F Processor ကို အသုံးပြုထားပြီးတော့ RAM အနေနဲ့လည်း ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ LPDDR 4X အမျိုးအစားကို 4GB နဲ့ 6GB ဆိုပြီး ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Storage အနေနဲ့ 64GB/128GB UFS 2.1 Storage ပါဝင်မယ့်အပြင် microSD Card ကနေ 512GB အထိ တိုးမြှင့်နိုင်ဦးမှာပါ။ Gaming ပိုင်းအတွက်လည်း Mali G51 MP4 GPU ကို ထည့်သွင်းထားပါတယ်။
အဲ့ဒီအတွက် ဒီ ၃ သိန်းကျော်ဝန်းကျင်မှာ Mid Range ဖုန်းကောင်းကောင်းတစ်လုံးကို ရှာနေတယ်ဆိုရင် Flagship Feature တွေပါဝင်တဲ့ Honor 9X က ရွေးချယ်စရာဖုန်းတစ်လုံးလို့ ပြောရင်လည်းမမှားပါဘူး။