[Zawgyi]

Honor 9X ရဲ႕ အေရာင္သစ္ ၁ မ်ိဳးကို ေရာင္းမယ္လို႔ေၾကညာလိုက္ပါတယ္။ နာမည္က ခပ္ဆန္းဆန္းပါပဲ။ Holographic Icelandic White ျဖစ္ပါတယ္။ တရုတ္မွာ အေရာင္ အသစ္ကို ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ေရာင္းမွာပါ။ အျဖဴေရာင္ ျဖစ္ၿပီး အလင္းေရာင္က်ေရာက္တဲ့ေပၚမူတည္ၿပီး အေရာင္ မ်ိဳးစံု ေျပာင္းသြားတာက အဆန္းပါ။ Honor 9X နဲ႔ 9X Pro ၂ လံုးစလံုးအတြက္ အဲဒီ အေရာင္ကို ထုတ္လုပ္ေပးမွာပါ။

စြမ္းရည္သင့္ Honor 9X နဲ႔ 9X Pro တို႔ကို ဇူလုိင္လက ေၾကညာခဲ့ပါတယ္။ မူလက Honor 9X အတြက္ Magic Night Black, Charm Sea Blue (Phantom Blue) နဲ႔ Flame Red (Phantom Red) အေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ အဲဒီဖုန္းကို တရုတ္မွာ ဇူလိုင္လ ၃၀ ရက္ေန႔ကတည္းက စတင္ ေရာင္းေပးခဲ့ပါတယ္။

Honor 9X နဲ႔ 9X Pro တို႔မွာ တူညီတဲ့ Displays, Chipsets နဲ႔ Batteries ေတြ ပါပါတယ္။ 9X Pro ရဲ႕ အေနာက္ဘက္မွာ အပို 8MP Ultra-wide Camera ပါလာၿပီး အေျခခံ ေမာ္ဒယ္မွာ 8GB RAM ထည့္ထားပါတယ္။ Honor 9X အတြက္  4GB နဲ႔ 6GB RAM ေတြ ထုတ္လုပ္ေပးထားပါတယ္။

Honor 9X နဲ႔ 9X Pro တို႔ဟာ Pop-up Selfie Camera ေတြပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ သူတို႔ ႏွစ္လံုးဟာ အမ်ားစု တူညီၾကပါတယ္။ ပရိုဗားရွင္းရဲ႕ အေနာက္မွာ ကင္မရာ အပိုပါၿပီး RAM နဲ႔ Storage ကလည္း ပိုမ်ားပါတယ္။ သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ေၾကာင့္ Full Screen Design ကို ဖန္တီးထားႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Holographic Icelandic White အရောင် ထွက်လာမယ့် Honor 9X

Honor 9X ရဲ့ အရောင်သစ် ၁ မျိုးကို ရောင်းမယ်လို့ကြေညာလိုက်ပါတယ်။ နာမည်က ခပ်ဆန်းဆန်းပါပဲ။ Holographic Icelandic White ဖြစ်ပါတယ်။ တရုတ်မှာ အရောင် အသစ်ကို အောက်တိုဘာလ ၁ ရက်နေ့မှာ ရောင်းမှာပါ။ အဖြူရောင် ဖြစ်ပြီး အလင်းရောင်ကျရောက်တဲ့ပေါ်မူတည်ပြီး အရောင် မျိုးစုံ ပြောင်းသွားတာက အဆန်းပါ။ Honor 9X နဲ့ 9X Pro ၂ လုံးစလုံးအတွက် အဲဒီ အရောင်ကို ထုတ်လုပ်ပေးမှာပါ။

စွမ်းရည်သင့် Honor 9X နဲ့ 9X Pro တို့ကို ဇူလိုင်လက ကြေညာခဲ့ပါတယ်။ မူလက Honor 9X အတွက် Magic Night Black, Charm Sea Blue (Phantom Blue) နဲ့ Flame Red (Phantom Red) အရောင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက စတင် ရောင်းပေးခဲ့ပါတယ်။

Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။ Honor 9X အတွက် 4GB နဲ့ 6GB RAM တွေ ထုတ်လုပ်ပေးထားပါတယ်။

Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့ နှစ်လုံးဟာ အများစု တူညီကြပါတယ်။ ပရိုဗားရှင်းရဲ့ အနောက်မှာ ကင်မရာ အပိုပါပြီး RAM နဲ့ Storage ကလည်း ပိုများပါတယ်။ သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design ကို ဖန်တီးထားနိုင်ပါတယ်။

Ref : gizmochina