ကြည့်ရတာတော့ Honor ကုမ္ပဏီဟာ သူတို့ရဲ့ လူကြိုက်များ 9X အတွက် Lite ဗားရှင်းကို ပြင်ဆင်နေပုံပါပဲ။ ယနေ့မှာ ရုတ်တရက် အင်တာနက်ပေါ် Leak ဖြစ်လာတဲ့ Banner တစ်ခုမှာ Honor 9X Lite ဟန်းဆက်ကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ တရားဝင်ထွက်ရှိလာတာမဟုတ်သေးတဲ့ 9X Lite ဖုန်းဟာ ပုံမှန် 9X ကို အဓိက အခြေခံပြီး အနည်းငယ်ပဲပြောင်းလဲလာမှာလား ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။

အနည်းဆုံးတော့ ဒီဖုန်းရဲ့နောက်ဘက်မှာ ပါဝင်တဲ့ ကင်မရာဟာ Honor V30 စီးရီးမှာ မြင်ခဲ့ရသလိုမျိုး လေးထောင့်ဆန်ဆန် စတိုင်လ်နဲ့ ပိုကျယ်တဲ့ Module ကို မြင်တွေ့ရပါတယ်။ ဒါ့အပြင် ‘XTRAORDINARY PHOTOGRAPHER” လို့ အမည်ပေးထားပြီး 48MP ဦးဆောင်တဲ့ ကင်မရာနှစ်လုံး (Dual-cam) ကိုလည်း ဖော်ပြလာပါတယ်။ ဒုတိယ Sensor က Depth Sensor ပဲဖြစ်မယ်လို့ ယူဆရပါတယ်။

သူ့ရဲ့အမည်နဲ့ ပတ်သက်လို့လည်း Honor 9X Lite အမည်ဟာ Google Play မှာ အတည်ပြုချက်ရခဲ့ပြီးသားပါ။ ဒါကို Google ရဲ့တရားဝင်ဆိုက်မှာ ကြည့်ရှုနိုင်ပြီး Honor 9X Lite အတွက် သတ်မှတ်ထားတဲ့ မော်ဒယ်နံပါတ်တွေက JSN-L21, JSN-L22 နဲ့ JSN-L23 တို့ဖြစ်ပါတယ်။

ထွက်ထားတဲ့သတင်းတွေအရတော့ Honor ဟာ ပုံမှန် 9X မှာပါတဲ့ Kirin 710F ချစ်ပ်ဆက်ကို Lite ဗားရှင်းအတွက် ဆက်လက်ယူဆောင်လာဦးမှာပါ။ လာမယ့်ရက်ပိုင်းမှာ Honor 9X Lite နဲ့ပတ်သက်ပြီး သတင်းတွေ ဆက်ထွက်လာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena