[Zawgyi]

Honor 9X နဲ႔ 9X Pro တို႔ကို တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားပါၿပီ။ ေမာ္ဒယ္ ၂မ်ိဴးစလုံးအတြက္ Kirin 810 (7nm) SoC ကို အသုံးျပဳထားတာျဖစ္ၿပီး၊ ဂိမ္းေဆာ့တဲ့အခါမွာ ဖုန္းရဲ႕ အပူခ်ိန္ကို ေလွ်ာ့ခ်ေပးမယ့္ Liquid Cooling နည္းပညာက Pro ေမာ္ဒယ္မွာပဲ ပါတယ္လို႔ သိရပါတယ္။

Honor 9X အတြက္ RAM 4GB နဲ႔ 6GB ဆိုၿပီး ၂မ်ိဴး ထုတ္လုပ္ထားေပမယ့္ Pro ေမာ္ဒယ္အတြက္ကိုေတာ့ RAM 8GB တစ္မ်ိဴးတည္းသာ ထုတ္လုပ္ထားပါတယ္။ Honor 9X ကို Storage 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္သလို Pro ေမာ္ဒယ္ကိုလည္း 128GB နဲ႔ 256GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။

Honor 9X မွာ 48MP + 2MP (Depth) Sensor ကိုသာ တပ္ဆင္ထားေပမယ့္ Pro ေမာ္ဒယ္မွာေတာ့ 48MP + 8MP (Wide-angle) + 2MP (Depth) Sensor ေတြကို တပ္ဆင္ေပးထားပါတယ္။ ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Selfie Camera အတြက္ 16MP Sensor ေတြကို အသုံးျပဳထားၿပီး Pop-up Camera အေနနဲ႔ ထည့္သြင္းတပ္ဆင္ထားပါတယ္။

ေမာ္ဒယ္ ၂မ်ိဴးစလုံးရဲ႕ Display အပိုင္းအတြက္ Resolution 1080 x 2340 pixels ရွိတဲ့ 6.59” LCD Display ေတြကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ In-display Fingerprint Sensor ကို ေမွ်ာ္လင့္လို႔ မရေတာ့ပါဘူး။ ဒါေပမယ့္ ႐ိုး႐ိုး Fingerprint Sensor ကို ဖုန္းရဲ႕ ေဘးဘက္မွာ Side-mounted အျဖစ္ ထည့္သြင္းတပ္ဆင္ေပးထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏအေနနဲ႔ 4000mAh ပါဝင္ၾကၿပီး USB Type-C ကေနတဆင့္ 5V/2A (10W) အျမန္အားသြင္းစနစ္ကိုသာ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

Honor 9X နဲ႔ 9X Pro တို႔ရဲ႕ ေစ်းႏႈန္းမ်ား
Honor 9X (4GB+64GB) – ၁၃၉၉ ယြမ္ ( ျမန္မာေငြ ၃သိန္း ဝန္းက်င္)
Honor 9X (6GB+64GB) – ၁၅၉၉ ယြမ္ ( ျမန္မာေငြ ၃သိန္းခြဲ ဝန္းက်င္)
Honor 9X (6GB+128GB) – ၁၈၉၉ ယြမ္ ( ျမန္မာေငြ ၄၁၆,၀၀၀ က်ပ္ ဝန္းက်င္)
Honor 9X Pro (8GB+128GB) – ၂၁၉၉ ယြမ္ ( ျမန္မာေငြ ၄၈၀,၀၀၀ က်ပ္ ဝန္းက်င္)
Honor 9X Pro (8GB+256GB) – ၂၃၉၉ ယြမ္ ( ျမန္မာေငြ ၅၂၅,၀၀၀ က်ပ္ ဝန္းက်င္)

ေလာေလာဆယ္ Honor 9X နဲ႔ 9X Pro တို႔ကို တ႐ုတ္ႏိုင္ငံမွာပဲ ဝယ္ယူရရွိႏိုင္မွာ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံကိုေတာ့ သိပ္မၾကာခင္မွာ ဝင္ေရာက္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref : Android Authority

[Unicode]

Kirin 810 SoC နဲ့ Pop-up Camera တွေပါပေမယ့် ဈေးချိူနေတဲ့ Honor 9X နဲ့ 9X Pro

Honor 9X နဲ့ 9X Pro တို့ကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားပါပြီ။ မော်ဒယ် ၂မျိူးစလုံးအတွက် Kirin 810 (7nm) SoC ကို အသုံးပြုထားတာဖြစ်ပြီး၊ ဂိမ်းဆော့တဲ့အခါမှာ ဖုန်းရဲ့ အပူချိန်ကို လျှော့ချပေးမယ့် Liquid Cooling နည်းပညာက Pro မော်ဒယ်မှာပဲ ပါတယ်လို့ သိရပါတယ်။

Honor 9X အတွက် RAM 4GB နဲ့ 6GB ဆိုပြီး ၂မျိူး ထုတ်လုပ်ထားပေမယ့် Pro မော်ဒယ်အတွက်ကိုတော့ RAM 8GB တစ်မျိူးတည်းသာ ထုတ်လုပ်ထားပါတယ်။ Honor 9X ကို Storage 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို Pro မော်ဒယ်ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Honor 9X မှာ 48MP + 2MP (Depth) Sensor ကိုသာ တပ်ဆင်ထားပေမယ့် Pro မော်ဒယ်မှာတော့ 48MP + 8MP (Wide-angle) + 2MP (Depth) Sensor တွေကို တပ်ဆင်ပေးထားပါတယ်။ မော်ဒယ် ၂မျိူးစလုံးရဲ့ Selfie Camera အတွက် 16MP Sensor တွေကို အသုံးပြုထားပြီး Pop-up Camera အနေနဲ့ ထည့်သွင်းတပ်ဆင်ထားပါတယ်။

မော်ဒယ် ၂မျိူးစလုံးရဲ့ Display အပိုင်းအတွက် Resolution 1080 x 2340 pixels ရှိတဲ့ 6.59” LCD Display တွေကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် In-display Fingerprint Sensor ကို မျှော်လင့်လို့ မရတော့ပါဘူး။ ဒါပေမယ့် ရိုးရိုး Fingerprint Sensor ကို ဖုန်းရဲ့ ဘေးဘက်မှာ Side-mounted အဖြစ် ထည့်သွင်းတပ်ဆင်ပေးထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 4000mAh ပါဝင်ကြပြီး USB Type-C ကနေတဆင့် 5V/2A (10W) အမြန်အားသွင်းစနစ်ကိုသာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Honor 9X နဲ့ 9X Pro တို့ရဲ့ ဈေးနှုန်းများ
Honor 9X (4GB+64GB) – ၁၃၉၉ ယွမ် ( မြန်မာငွေ ၃သိန်း ဝန်းကျင်)
Honor 9X (6GB+64GB) – ၁၅၉၉ ယွမ် ( မြန်မာငွေ ၃သိန်းခွဲ ဝန်းကျင်)
Honor 9X (6GB+128GB) – ၁၈၉၉ ယွမ် ( မြန်မာငွေ ၄၁၆,၀၀၀ ကျပ် ဝန်းကျင်)
Honor 9X Pro (8GB+128GB) – ၂၁၉၉ ယွမ် ( မြန်မာငွေ ၄၈၀,၀၀၀ ကျပ် ဝန်းကျင်)
Honor 9X Pro (8GB+256GB) – ၂၃၉၉ ယွမ် ( မြန်မာငွေ ၅၂၅,၀၀၀ ကျပ် ဝန်းကျင်)

လောလောဆယ် Honor 9X နဲ့ 9X Pro တို့ကို တရုတ်နိုင်ငံမှာပဲ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကိုတော့ သိပ်မကြာခင်မှာ ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Android Authority