Honor 9X Pro ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက တရုတ်မှာ ကြေညာခဲ့ပြီး အခုတော့ ၂၄ ရက်နေ့မှာ တစ်ကမ္ဘာလုံးအတွက် မိတ်ဆက်တော့မှာပါ။ Honor ဥက္ကဌ George Zhao က Facebook မှာ ကြေညာလိုက်တာ ဖြစ်ပြီး 9X Pro မှာ Huawei Mobile Services (HMS) ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ HMS ပါတဲ့ Honor ရဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။

Honor 9X Pro global launch set for February 24

Honor 9X Pro မှာ Kirin 810 SoC မောင်းနှင်ထားပြီး တရုတ်မှာလိုပဲ 8/128GB နဲ့ 8/256GB တွေ ထုတ်လုပ်ထားမှာပါ။ တရုတ် မော်ဒယ်မှာ Android 9 Pie အခြေပြု EMUI 9.1 ထည့်ထားပြီး Global Version မှာ Android 10 အခြေပြု EMUI 10 ပါလာနိုင်ပါတယ်။

Image result for Honor 9X Pro

9X Pro မှာ ၆.၅၉ လက်မ FHD+ Notchless မျက်နှာပြင် ထည့်သွင်းထားပြီး ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ 10W Charging ပါတဲ့ 4,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ 16MP Pop-up ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 48MP ပင်မ၊ 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ ပါလာပါတယ်။

Ref : gsmarena