Honor 9X Pro စမတ်ဖုန်းကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လာခဲ့ပါပြီ။ ဒီဖုန်းဟာ အရှေ့တောင်အာရှဈေးကွက်ကို Google Mobile Services တွေမပါဘဲ ပထမဆုံးမိတ်ဆက်လာတဲ့ ဟန်းဆက်ဖြစ်ပြီး Huawei ရဲ့ကိုယ်ပိုင် AppGallery ကို အစားထိုးသုံးစွဲရမှာပါ။

တရုတ်အခြေစိုက်ကုမ္ပဏီဟာ ၂၀၂၀ အစောပိုင်းမှာ Honor 9X ကိုမိတ်ဆက်ခဲ့ပြိး အခုမှ 9X Pro ကို ထပ်မံပွဲထုတ်လာတာပါ။ 9X Pro မှာ 6.59” LCD Display အသုံးပြုထားပြီး Screen-to-body Ratio 92% ထိ ရှိပါတယ်။ အတွင်းမှာ HiSilicon ရဲ့ 7nm Kirin 810 ချစ်ပ်ဆက်နဲ့ ARM Mali-G52 MP6 GPU ပါဝင်ပြီး မိုဘိုင်းဂိမ်းကစားရင်း ဖုန်းပူတာကို လျော့ချပေးဖို့ GPU Turbo 3.0 အအေးပေးစနစ်လည်း ပါပါတယ်။

Honor 9X Pro မှာ Vanilla Android OS ဗားရှင်းကို အသုံးပြုထားပြီး Google ဝန်ဆောင်မှုတွေကို တစ်ပါတည်း မထည့်ပေးထားပါဘူး။ တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ ဟန်းဆက်ဟာ ဥရောပဈေးကွက်မှာ အလားတူ ဖြန့်ချိရောင်းချနေပြီဖြစ်ပေမယ့် အရှေ့တောင်အာရှဒေသမှာ AppGallery နဲ့ထွက်လာတာတော့ ပထမဆုံးပါပဲ။ AppGallery ဟာ Huawei ရဲ့ Google Play Store ဗားရှင်းဖြစ်ပါတယ်။

9X Pro မှာ 6GB LPDDR4X RAM နဲ့ 256GB UFS 2.1 Storage မန်မိုရီတို့ပါဝင်ပါတယ်။ ဘက္ထရီက 4,000 mAh ဖြစ်ပြီး USB Type C အားသွင်းစနစ်နဲ့ပါ။ နောက်ဘက်မှာ အဓိက 48MP Sony IMX582 Sensor ကို 8MP Super Wide နဲ့ 2MP Depth Sensor တို့နဲ့ တွဲဖက်ထားပါတယ်။

Honor 9X Pro စမတ်ဖုန်းကို အိန္ဒိယရူပီး ၁၇၉၉၉ (မြန်မာငွေ သုံးသိန်းသုံးသောင်းဝန်းကျင်) သတ်မှတ်ထားပါတယ်။

Ref – GizmoChina