[Zawgyi]

တ႐ုတ္အေျခစိုက္ နည္းပညာကုမၸဏီျဖစ္တဲ့ Huawei ဟာ Apple ကို ေက်ာ္ျဖတ္ၿပီး ကမာၻ႔စမတ္ဖုန္းေဈးကြက္ရဲ႕ ဒုတိယေနရာမွာရွိေနသလို Huawei ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Honor ကလည္း ကမာၻ႔စမတ္ဖုန္းေဈးကြက္ရဲ႕ အေရာင္းရဆုံး အမွတ္တံဆိပ္ ၁၀ ခုထဲမွာ ပါဝင္ေနပါတယ္။

ၿပီးခဲ့တဲ့ မတ္လဆန္းက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္မွာေတာ့ ၂၀၁၈ စက္တင္ဘာမွာ စတင္ျဖန႔္ခ်ိခဲ့တဲ့ Honor 8X ဟာ ကမာၻ႔ေဈးကြက္ကို အလုံးေရေပါင္း ၁၀ သန္းေက်ာ္ထိ တင္ပို႔ေရာင္းခ်ႏိုင္ခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။ အခုအခ်ိန္ကေတာ့ Honor 8X ကို ဆက္ခံမယ့္ ေနာက္ထပ္ မ်ိဳးဆက္သစ္ စမတ္ဖုန္းအေၾကာင္းကို ေစာင့္ၾကည့္ရေတာ့မယ့္ အခ်ိန္ ျဖစ္ပါတယ္။

Honor 9X Pro ကေတာ့ Honor 9X နဲ႔အတူ ေစာင့္ၾကည့္ခံစာရင္းထဲမွာ ရွိေနတာပါ။ တြစ္တာ Leakster တစ္ဦးျဖစ္တဲ့ Teme@RODENT950 ရဲ႕ ေဖာ္ျပခ်က္မွာေတာ့ Honor 9X Pro ရဲ႕ အခ်က္အလက္အခ်ိဳ႕ကို ျမင္ေတြ႕ရၿပီျဖစ္ပါတယ္။ ခိုင္လုံတဲ့ အတည္ျပဳစရာအခ်က္ မရွိေသးတဲ့ ဒီေကာလာဟလသတင္းဟာ Honor 9X Pro ကိုေတာ့ စိတ္ဝင္စားမႈျဖစ္ေစတာ အမွန္ပါပဲ။

Teme ဟာ Honor 9X Pro ကို 6.5-inch ဒါမွမဟုတ္ 6.7-inch ၾကားမွာရွိၿပီး LCD အမ်ိဳးအစား မ်က္ႏွာျပင္ရွိမယ္လို႔ ခန႔္မွန႔္ထားပါတယ္။ Punch-hole ဒီဇိုင္းလည္း ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ကင္မရာပိုင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း 48MP IMX582 အဓိက ကင္မရာကို 8MP wide-angle, 2MP Macro နဲ႔ 2MP depth sensor အပါအဝင္ ကင္မရာေလးလုံး တပ္ဆင္ေပးထားမယ္လို႔လည္း ေဖာ္ျပထားတာပါ။

အေရွ႕ဘက္ Punch-hole ထဲမွာ 25MP selfie ကင္မရာ ပါဝင္မယ္ဆိုတဲ့အေၾကာင္းကေတာ့ ဒီသတင္းမတိုင္မီကတည္းက ထြက္ေပၚေနခဲ့တာပါ။ ဒါတင္မကေသးဘဲ Honor 9X Pro ဟာ 7nm HiSilicon Kirin 810 SoC အသုံးျပဳထားတဲ့ ဖုန္းလည္းျဖစ္လာႏိုင္တယ္လို႔ ဆိုထားပါေသးတယ္။ ဘက္ထရီပိုင္းမွာေတာ့ 4,000mAh ပမာဏကို တပ္ဆင္ေပးထားမွာျဖစ္ၿပီး 20W အျမန္အားသြင္းစနစ္လည္း ပါဝင္မယ္လို႔ ဆိုပါတယ္။

Honor 9X Pro ထုတ္မယ္ဆိုတဲ့အေၾကာင္းကို ကုမၸဏီက အခုအခ်ိန္ထိ အတည္ျပဳေပးေသးတာ မဟုတ္ေပမယ့္ ၿပီးခဲ့တဲ့ တစ္ပါတ္ကေတာ့ ႐ုရွားမွာ တရားဝင္ Certified ရသြားတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ Honor 9X Pro ကို ဒီႏွစ္ကုန္ပိုင္းမွာ Honor 9X နဲ႔အတူ ထြက္လာမယ္လို႔ ခန႔္မွန္းေနၾကပါတယ္။ ၾသဂုတ္နဲ႔ စက္တင္ဘာလေတြဟာ Honor 9X နဲ႔ 9X Pro ေတြကို ျမင္ေတြ႕ရဖြယ္ရွိတဲ့ လေတြလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

ကျောဘက်ကင်မရာ ၄လုံး တပ်ဆင်ထားဖွယ်ရှိတဲ့ Honor 9X Pro ရဲ့ Spec အချို့ သတင်းထွက်လာပြီ

တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ဟာ Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ ဒုတိယနေရာမှာရှိနေသလို Huawei ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Honor ကလည်း ကမ္ဘာ့စမတ်ဖုန်းဈေးကွက်ရဲ့ အရောင်းရဆုံး အမှတ်တံဆိပ် ၁၀ ခုထဲမှာ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ၂၀၁၈ စက်တင်ဘာမှာ စတင်ဖြန့်ချိခဲ့တဲ့ Honor 8X ဟာ ကမ္ဘာ့ဈေးကွက်ကို အလုံးရေပေါင်း ၁၀ သန်းကျော်ထိ တင်ပို့ရောင်းချနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အခုအချိန်ကတော့ Honor 8X ကို ဆက်ခံမယ့် နောက်ထပ် မျိုးဆက်သစ် စမတ်ဖုန်းအကြောင်းကို စောင့်ကြည့်ရတော့မယ့် အချိန် ဖြစ်ပါတယ်။

Honor 9X Pro ကတော့ Honor 9X နဲ့အတူ စောင့်ကြည့်ခံစာရင်းထဲမှာ ရှိနေတာပါ။ တွစ်တာ Leakster တစ်ဦးဖြစ်တဲ့ Teme@RODENT950 ရဲ့ ဖော်ပြချက်မှာတော့ Honor 9X Pro ရဲ့ အချက်အလက်အချို့ကို မြင်တွေ့ရပြီဖြစ်ပါတယ်။ ခိုင်လုံတဲ့ အတည်ပြုစရာအချက် မရှိသေးတဲ့ ဒီကောလာဟလသတင်းဟာ Honor 9X Pro ကိုတော့ စိတ်ဝင်စားမှုဖြစ်စေတာ အမှန်ပါပဲ။

Teme ဟာ Honor 9X Pro ကို 6.5-inch ဒါမှမဟုတ် 6.7-inch ကြားမှာရှိပြီး LCD အမျိုးအစား မျက်နှာပြင်ရှိမယ်လို့ ခန့်မှန့်ထားပါတယ်။ Punch-hole ဒီဇိုင်းလည်း ဖြစ်မယ်လို့ ဆိုပါတယ်။ ကင်မရာပိုင်းနဲ့ပတ်သက်ပြီးတော့လည်း 48MP IMX582 အဓိက ကင်မရာကို 8MP wide-angle, 2MP Macro နဲ့ 2MP depth sensor အပါအဝင် ကင်မရာလေးလုံး တပ်ဆင်ပေးထားမယ်လို့လည်း ဖော်ပြထားတာပါ။

အရှေ့ဘက် Punch-hole ထဲမှာ 25MP selfie ကင်မရာ ပါဝင်မယ်ဆိုတဲ့အကြောင်းကတော့ ဒီသတင်းမတိုင်မီကတည်းက ထွက်ပေါ်နေခဲ့တာပါ။ ဒါတင်မကသေးဘဲ Honor 9X Pro ဟာ 7nm HiSilicon Kirin 810 SoC အသုံးပြုထားတဲ့ ဖုန်းလည်းဖြစ်လာနိုင်တယ်လို့ ဆိုထားပါသေးတယ်။ ဘက်ထရီပိုင်းမှာတော့ 4,000mAh ပမာဏကို တပ်ဆင်ပေးထားမှာဖြစ်ပြီး 20W အမြန်အားသွင်းစနစ်လည်း ပါဝင်မယ်လို့ ဆိုပါတယ်။

Honor 9X Pro ထုတ်မယ်ဆိုတဲ့အကြောင်းကို ကုမ္ပဏီက အခုအချိန်ထိ အတည်ပြုပေးသေးတာ မဟုတ်ပေမယ့် ပြီးခဲ့တဲ့ တစ်ပါတ်ကတော့ ရုရှားမှာ တရားဝင် Certified ရသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် Honor 9X Pro ကို ဒီနှစ်ကုန်ပိုင်းမှာ Honor 9X နဲ့အတူ ထွက်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။ သြဂုတ်နဲ့ စက်တင်ဘာလတွေဟာ Honor 9X နဲ့ 9X Pro တွေကို မြင်တွေ့ရဖွယ်ရှိတဲ့ လတွေလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

Ref: GSMArena