[Zawgyi]

ဇြန္လ တတိယပတ္တုန္းကေတာ့ Honor 9X Pro ဟာ ေက်ာဘက္မွာ ကင္မရာေလးလုံး တပ္ဆင္ထားဖြယ္ရွိတယ္လို႔ သတင္းထြက္ေပၚခဲ့ပါတယ္။ အဲဒီသတင္းက တြစ္တာ Leakster တစ္ဦးျဖစ္တဲ့ Teme @RODENT950 က ေဖာ္ျပခဲ့တာပါ။ ဒါ့အျပင္ သူဟာ Honor 9X နဲ႔ပတ္သက္တဲ့ အခ်က္အလက္အခ်ိဳ႕ကိုလည္း ခန႔္မွန္းေဖာ္ျပခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက Honor 9X နဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြကို သိခဲ့ရပါတယ္။ ဒီတစ္ပတ္မွာေတာ့ ပုံမွန္ Honor 9X ထက္ အ႐ြယ္အစား အနည္းငယ္ပိုႀကီးမယ့္ Honor 9X Pro ရဲ႕ ပုံစံကို ေဖာ္ျပထားတဲ့ ႐ုပ္ပုံေတြကို ေတြ႕ျမင္လာရပါတယ္။ Evan Blass ရဲ႕ေဖာ္ျပမႈကတစ္ဆင့္ ေတြ႕ျမင္ရတဲ့ ႐ုပ္ပုံေတြအရ Honor 9X Pro က ေက်ာဘက္ကင္မရာ သုံးလုံးပဲ တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

ေကာလာဟလထြက္ထားတဲ့အတိုင္းဆိုရင္ေတာ့ Honor 9X Pro ဟာ 48MP Sony IMX582 အဓိက ကင္မရာ၊ 8MP wide-angle ဆင္ဆာနဲ႔ 2MP depth တို႔ ပါဝင္လာမွာ ျဖစ္ပါတယ္။ မ်က္ႏွာျပင္အမ်ိဳးအစားကေတာ့ LCD panel ပဲ ျဖစ္မယ္လို႔ ခန႔္မွန္းရၿပီး 6.5-inch နဲ႔ 6.7-inch ၾကားမွာပဲ ရွိႏိုင္ပါတယ္။ လက္ရွိေပါက္ၾကားလာတဲ့ ႐ုပ္ပုံအရ 3.5mm headphone jack လည္း ပါဝင္လာဦးမွာပါ။

Processor ကိုေတာ့ ၿပီးခဲ့တဲ့လတုန္းက Huawei Nova 5 နဲ႔ ပြဲထြက္လာခဲ့တဲ့ Kirin 810 ပဲ သုံးလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ 25MP Pop-up ကင္မရာ ျဖစ္ၿပီး 4,000 mAh ဘက္ထရီတပ္ဆင္ထားမယ္ 20W အျမန္အားသြင္းစနစ္ ေထာက္ပံ့ထားမယ္ဆိုတဲ့ အခ်က္အလက္ေတြကလည္း အခုထိေတာ့ အေျပာင္းအလဲ မရွိေသးပါဘူး။

Ref: GSMArena

[Unicode]

Honor 9X Pro မှာကျောဘက်ကင်မရာ သုံးလုံးနဲ့ Pop-up ကင်မရာတစ်လုံး ပါဝင်မယ်လို့ သတင်းထွက်ပေါ်လာ

ဇွန်လ တတိယပတ်တုန်းကတော့ Honor 9X Pro ဟာ ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားဖွယ်ရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ အဲဒီသတင်းက တွစ်တာ Leakster တစ်ဦးဖြစ်တဲ့ Teme @RODENT950 က ဖော်ပြခဲ့တာပါ။ ဒါ့အပြင် သူဟာ Honor 9X နဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း ခန့်မှန်းဖော်ပြခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းက Honor 9X နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိခဲ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုံမှန် Honor 9X ထက် အရွယ်အစား အနည်းငယ်ပိုကြီးမယ့် Honor 9X Pro ရဲ့ ပုံစံကို ဖော်ပြထားတဲ့ ရုပ်ပုံတွေကို တွေ့မြင်လာရပါတယ်။ Evan Blass ရဲ့ဖော်ပြမှုကတစ်ဆင့် တွေ့မြင်ရတဲ့ ရုပ်ပုံတွေအရ Honor 9X Pro က ကျောဘက်ကင်မရာ သုံးလုံးပဲ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

ကောလာဟလထွက်ထားတဲ့အတိုင်းဆိုရင်တော့ Honor 9X Pro ဟာ 48MP Sony IMX582 အဓိက ကင်မရာ၊ 8MP wide-angle ဆင်ဆာနဲ့ 2MP depth တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အမျိုးအစားကတော့ LCD panel ပဲ ဖြစ်မယ်လို့ ခန့်မှန်းရပြီး 6.5-inch နဲ့ 6.7-inch ကြားမှာပဲ ရှိနိုင်ပါတယ်။ လက်ရှိပေါက်ကြားလာတဲ့ ရုပ်ပုံအရ 3.5mm headphone jack လည်း ပါဝင်လာဦးမှာပါ။

Processor ကိုတော့ ပြီးခဲ့တဲ့လတုန်းက Huawei Nova 5 နဲ့ ပွဲထွက်လာခဲ့တဲ့ Kirin 810 ပဲ သုံးလာမယ်လို့ မျှော်လင့်ရပါတယ်။ အရှေ့ဘက်ကင်မရာကတော့ 25MP Pop-up ကင်မရာ ဖြစ်ပြီး 4,000 mAh ဘက်ထရီတပ်ဆင်ထားမယ် 20W အမြန်အားသွင်းစနစ် ထောက်ပံ့ထားမယ်ဆိုတဲ့ အချက်အလက်တွေကလည်း အခုထိတော့ အပြောင်းအလဲ မရှိသေးပါဘူး။

Ref: GSMArena