[Zawgyi]

Honor 9X Series ေတြကို တရုတ္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေၾကညာခဲ့ပါတယ္။ Honor 9X နဲ႔ 9X Pro တို႔မွာ တူညီတဲ့ Displays, Chipsets နဲ႔ Batteries ေတြ ပါပါတယ္။ 9X Pro ရဲ႕ အေနာက္ဘက္မွာ အပို 8MP Ultra-wide Camera ပါလာၿပီး အေျခခံ ေမာ္ဒယ္မွာ 8GB RAM ထည့္ထားပါတယ္။ Honor 9X အတြက္  4GB နဲ႔ 6GB RAM ေတြ ထုတ္လုပ္ေပးထားပါတယ္။

Honor 9X Series ေတြဟာ တရုတ္မွာ လူႀကိဳက္မ်ားေနတဲ့ ပံုေပၚပါတယ္။ ေၾကညာၿပီး ၂၄ နာရီအတြင္း Huawei Mall မွာ သူတို႔အတြက္ စာရင္းေပးသြင္းသူ ၁၀၀ ၀၀၀ ရသြားပါတယ္။ ဒါ့အျပင္ JD.com မွာလည္း စာရင္းေပးသြင္းသူ ၁၀၀ ၀၀၀ ရခဲ့ပါတယ္။ အဲဒီအတြက္ အားလံုးေပါင္း ၂၀၀ ၀၀၀ ရသြားပါတယ္။

ေငြႀကိဳသြင္းထားစရာ မလိုတဲ့ အတြက္ ဒါဟာ စာရင္းေပးသြင္းထားတဲ့ သေဘာသာ ျဖစ္ပါတယ္။ Pre-order မဟုတ္ေသးပါဘူး။ ဒါေပမယ့္ လူေတြ စိတ္၀င္စားမႈ ျမင့္မားေနတယ္ဆိုတာ သိႏုိင္ပါတယ္။  တရုတ္မွာ Honor 9X ကို ဇူလိုင္လ ၃၀ ရက္နဲ႔ Honor 9X Pro ကို ၾသဂုတ္လ ၉ ရက္မွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ အျခား ႏုိင္ငံေတြမွာ ေရာင္းခ်မယ့္ အခ်ိန္ကို မသိရေသးပါဘူး။

Honor 9X နဲ႔ 9X Pro တို႔ဟာ Pop-up Selfie Camera ေတြပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ သူတို႔ ႏွစ္လံုးဟာ အမ်ားစု တူညီၾကပါတယ္။ ပရိုဗားရွင္းရဲ႕ အေနာက္မွာ ကင္မရာ အပိုပါၿပီး RAM နဲ႔ Storage ကလည္း ပိုမ်ားပါတယ္။ သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ေၾကာင့္ Full Screen Design ကို ဖန္တီးထားႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

တစ်ရက်ထဲမှာ စာရင်းပေးသွင်းသူ ၂၀၀ ၀၀၀ ရရှိသွားတဲ့ Honor 9X Series များ

Honor 9X Series တွေကို တရုတ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။ Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။ Honor 9X အတွက် 4GB နဲ့ 6GB RAM တွေ ထုတ်လုပ်ပေးထားပါတယ်။

Honor 9X Series တွေဟာ တရုတ်မှာ လူကြိုက်များနေတဲ့ ပုံပေါ်ပါတယ်။ ကြေညာပြီး ၂၄ နာရီအတွင်း Huawei Mall မှာ သူတို့အတွက် စာရင်းပေးသွင်းသူ ၁၀၀ ၀၀၀ ရသွားပါတယ်။ ဒါ့အပြင် JD.com မှာလည်း စာရင်းပေးသွင်းသူ ၁၀၀ ၀၀၀ ရခဲ့ပါတယ်။ အဲဒီအတွက် အားလုံးပေါင်း ၂၀၀ ၀၀၀ ရသွားပါတယ်။

ငွေကြိုသွင်းထားစရာ မလိုတဲ့ အတွက် ဒါဟာ စာရင်းပေးသွင်းထားတဲ့ သဘောသာ ဖြစ်ပါတယ်။ Pre-order မဟုတ်သေးပါဘူး။ ဒါပေမယ့် လူတွေ စိတ်ဝင်စားမှု မြင့်မားနေတယ်ဆိုတာ သိနိုင်ပါတယ်။ တရုတ်မှာ Honor 9X ကို ဇူလိုင်လ ၃၀ ရက်နဲ့ Honor 9X Pro ကို သြဂုတ်လ ၉ ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ အခြား နိုင်ငံတွေမှာ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။

Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့ နှစ်လုံးဟာ အများစု တူညီကြပါတယ်။ ပရိုဗားရှင်းရဲ့ အနောက်မှာ ကင်မရာ အပိုပါပြီး RAM နဲ့ Storage ကလည်း ပိုများပါတယ်။ သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design ကို ဖန်တီးထားနိုင်ပါတယ်။

Ref : gsmarena