[Zawgyi]

တရုတ္မွာ Honor 9X နဲ႔ 9X Pro တို႔ကို ၾသဂုတ္လမွာ ေၾကညာခဲ့ပါတယ္။ အခုေတာ့ ဥေရာပမွာ ေရာင္းေပးေတာ့မွာပါ။ ရုရွားနဲ႔ နယ္သာလန္က Honor Fans ေတြ ၀မ္းသာစရာပါ။ Honor 9X ကို ရုရွားမွာ ဒီလ ၁၇ ရက္ေန႔နဲ႔ ေနာက္တစ္ပတ္မွာ နယ္သာလန္မွာ ေရာင္းေပးမွာ ျဖစ္ပါတယ္။ ေရာင္းခ်မယ့္ ေန႔ပါတဲ့ ပိုစတာကို Honor က ျပသလိုက္တာပါ။

ဥေရာပမွာ ေရာင္းမယ့္ ေမာ္ဒယ္မွာ အဓိက Specs တစ္ခု ေျပာင္းလဲထားပါတယ္။ ပိုစြမ္းရည္ျမင့္တဲ့ Kirin 810 Processor အစား Kirin 710F ထည့္ထားပါတယ္။ ဒီဇိုင္းပိုင္းမွာလည္း ကြာျခားခ်က္တစ္ခု ရွိလာပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကို အေနာက္ဘက္ အစား ေဘးဘက္မွာ တပ္ဆင္ထားပါတယ္။ တျခား Specs ေတြကေတာ့ တူညီၾကပါတယ္။

Honor 9X နဲ႔ 9X Pro တို႔မွာ တူညီတဲ့ Displays, Chipsets နဲ႔ Batteries ေတြ ပါပါတယ္။ 9X Pro ရဲ႕ အေနာက္ဘက္မွာ အပို 8MP Ultra-wide Camera ပါလာၿပီး အေျခခံ ေမာ္ဒယ္မွာ 8GB RAM ထည့္ထားပါတယ္။

Honor 9X နဲ႔ 9X Pro တို႔ဟာ Pop-up Selfie Camera ေတြပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္ပါတယ္။ သူတို႔ ႏွစ္လံုးဟာ အမ်ားစု တူညီၾကပါတယ္။ Pro Model ရဲ႕ အေနာက္မွာ ကင္မရာ အပိုပါၿပီး RAM နဲ႔ Storage ကလည္း ပိုမ်ားပါတယ္။ သူတို႔မွာ ၆.၅၉ လက္မ IPS LCD Screen ပါၿပီး 1080x2340p Resolution ျဖစ္ပါတယ္။ Pop-up Selfie Camera ေၾကာင့္ Full Screen Design က အရမ္းလန္းပါတယ္။

Ref : gizmochina

[Unicode]

Honor 9X ကို ရုရှားမှာ ဒီလ ၁၇ ရက်နေ့ ရောင်းမည်

တရုတ်မှာ Honor 9X နဲ့ 9X Pro တို့ကို သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အခုတော့ ဥရောပမှာ ရောင်းပေးတော့မှာပါ။ ရုရှားနဲ့ နယ်သာလန်က Honor Fans တွေ ဝမ်းသာစရာပါ။ Honor 9X ကို ရုရှားမှာ ဒီလ ၁၇ ရက်နေ့နဲ့ နောက်တစ်ပတ်မှာ နယ်သာလန်မှာ ရောင်းပေးမှာ ဖြစ်ပါတယ်။ ရောင်းချမယ့် နေ့ပါတဲ့ ပိုစတာကို Honor က ပြသလိုက်တာပါ။

ဥရောပမှာ ရောင်းမယ့် မော်ဒယ်မှာ အဓိက Specs တစ်ခု ပြောင်းလဲထားပါတယ်။ ပိုစွမ်းရည်မြင့်တဲ့ Kirin 810 Processor အစား Kirin 710F ထည့်ထားပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ကွာခြားချက်တစ်ခု ရှိလာပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက်ဘက် အစား ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။ တခြား Specs တွေကတော့ တူညီကြပါတယ်။

Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။

Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့ နှစ်လုံးဟာ အများစု တူညီကြပါတယ်။ Pro Model ရဲ့ အနောက်မှာ ကင်မရာ အပိုပါပြီး RAM နဲ့ Storage ကလည်း ပိုများပါတယ်။ သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design က အရမ်းလန်းပါတယ်။

Ref : gizmochina