[Zawgyi]





Ref : gizmochina

[Unicode]

Honor 9X ရဲ့ 8GB RAM Model ကို တရုတ်မှာ ရောင်းပြီ

တရုတ်မှာ Honor 9X နဲ့ 9X Pro တို့ကို သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။  Honor 9X အတွက် 4GB RAM နဲ့ 6GB RAM တွေ ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုတော့ Honor က ဈေးအကြီးဆုံး 8GB RAM Model ကို ရောင်းချပေးလိုက်ပါပြီ။ အဲဒီ Model မှာ 128GB Storage ပါပြီး 2,099 Yuan သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၄၅၀,၀၀၀ လောက်ရှိပါတယ်။ အနက်နဲ့ အပြာရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Honor 9X အတွက် 4 GB RAM + 64 GB Storage, 6 GB RAM + 64 GB Storage နဲ့ 6 GB RAM + 128 GB Storage Models တွေကိုလည်း ထုတ်လုပ်ပေးထားပြီး 1,399 Yuan , 1,599 Yuan နဲ့ 1,899 Yuan အသီးသီး သတ်မှတ်ထားပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၃၀၀,၀၀၀ ၊ ၃၄၀,၀၀၀ နဲ့ ၄၁၀,၀၀၀ လောက် ကျသင့်ပါတယ်။ Magic Night Black, Charm Sea Blue, Charm Red နဲ့ Icelandic White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Honor 9X နဲ့ 9X Pro တို့မှာ တူညီတဲ့ Displays, Chipsets နဲ့ Batteries တွေ ပါပါတယ်။ 9X Pro ရဲ့ အနောက်ဘက်မှာ အပို 8MP Ultra-wide Camera ပါလာပြီး အခြေခံ မော်ဒယ်မှာ 8GB RAM ထည့်ထားပါတယ်။

Honor 9X နဲ့ 9X Pro တို့ဟာ Pop-up Selfie Camera တွေပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်ပါတယ်။ သူတို့ နှစ်လုံးဟာ အများစု တူညီကြပါတယ်။ ပရိုဗားရှင်းရဲ့ အနောက်မှာ ကင်မရာ အပိုပါပြီး RAM နဲ့ Storage ကလည်း ပိုများပါတယ်။ သူတို့မှာ ၆.၅၉ လက်မ IPS LCD Screen ပါပြီး 1080x2340p Resolution ဖြစ်ပါတယ်။ Pop-up Selfie Camera ကြောင့် Full Screen Design ကို ဖန်တီးထားနိုင်ပါတယ်။

Ref : gizmochina