[Zawgyi]

စမတ္ဖုန္းထုတ္လုပ္သူ Honor ဟာ သူတုိ႔ရဲ႕ Honor View 20 နဲ႔ Honor 8X စမတ္ဖုန္းေတြအတြက္ Feature အသစ္ေတြ ထပ္ထည့္လာခဲ့ၿပီး View 20 စမတ္ဖုန္းကို Gaming+ Mode ျဖည့္စြက္လာကာ Honor 8X ကေတာ့ အေရာင္ေျပး ကာလာအသစ္တစ္ေရာင္ ထပ္ထုတ္လာခဲ့ပါတယ္။

Honor View 20 စမတ္ဖုန္းကို ၂၀၁၈ ဒီဇင္ဘာမွာ မိတ္ဆက္ခဲ့ၿပီး အခုအခ်ိန္ထိ အလုံးေရတစ္သန္းခြဲထိ ေရာင္းခ်ၿပီးျဖစ္တယ္လို႔ ကုမၸဏီက MWC ပြဲမွာ ေၾကျငာခဲ့ပါတယ္။ View 20 ဖုန္းဟာ တရုတ္ျပည္တြင္းမွာ ယြမ္ေငြ ၃၀၀၀ အထက္ ဖုန္းေတြထဲ ေရာင္းအားအေကာင္းဆုံးျဖစ္သလို Amazon စတုိးမွာလည္း ေဒၚလာ ၅၀၀ အထက္ ဖုန္းေတြထဲမွာ နံပါတ္တစ္ ဘက္ဆဲလားဟန္းဆက္ ျဖစ္လာခဲ့ပါတယ္။

Honor က သူတုိ႔ရဲ႕ဖုန္းအတြက္ Gaming+ လို႔ေခၚတဲ့ Feature အသစ္ကို မိတ္ဆက္လုိက္ကာ Kirin 980 ခ်စ္ပ္ဆက္ရဲ႕ စြမ္းအင္သုံးစြဲမႈႏႈန္းကို ၂၀% ထိ ပိုမုိသက္သာေစမွာျဖစ္တယ္။ ဖရိန္အသစ္တစ္ခုကို ဖန္တီးဖို႔ လိုအပ္တဲ့အႀကိမ္တုိင္းမွာ အေကာင္းဆုံး CPU နဲ႔ GPU Clockspeed ေတြကို AI မွ တြက္ခ်က္ေပးတဲ့ စနစ္ကို သုံးစြဲလာတာေၾကာင့္ Clockspeed မလိုအပ္ဘဲ ျမင့္တက္ေနတာကို တားဆီးၿပီး ေခ်ာေမြ႕တဲ့ 60fps ႏႈန္းနဲ႔ ေဆာ့ကစားႏုိင္ေစမွာပါ။

Honor ဟာ Vulcan အေျခခံ Gaming ကိုေရြ႕လ်ားေနၿပီး ဂိမ္းထဲက ပုံထြက္ကြာလတီကို ထိန္းညွိေပးဖို႔ ႀကိဳးစားလာပါတယ္။ Fortnite ကိုထုတ္လုပ္ခဲ့တဲ့ Epic Games ဟာ သူတုိ႔ရဲ႕ နာမည္ေက်ာ္ဂိမ္းမွာ Vulcan ေထာက္ပံ့မႈထည့္သြင္းဖို႔ ႀကဳိးစားေနၿပီး မၾကာခင္မွာရရွိေတာ့မွာပါ။ ဒါ့အျပင္ Arena of Valor လိုဂိမ္းေတြကလည္း Gaming+ Mode အသစ္နဲ႔ တြဲဖက္ေဆာ့ကစားႏုိင္မွာျဖစ္ပါတယ္။

Epic နဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္မႈကို ဂုဏ္ျပဳတဲ့အေနနဲ႔ Honor ကုမၸဏီက View 20 ဟန္းဆက္ပုိင္ရွင္ေတြကို အထူး Honor Guard ဝတ္စုံကို ဂိမ္းထဲမွာ ရရွိေစမွာျဖစ္ပါတယ္။ ဒါေၾကာင့္ Honor View 20 ပုိင္ရွင္ေတြက HiHonor.com ကိုသြားၿပီး ဝတ္စုံကို Redeem လုပ္ႏုိင္ပါတယ္။

ဒါ့အျပင္ မတ္လအေစာပုိင္းေလာက္ကစၿပီး Honor 8X ဝယ္မယ့္သူေတြဟာ Phantom Blue လို႔ ေခၚတဲ့ ကာလာအသစ္ကို ေရြးခ်ယ္ဝယ္ယူႏုိင္ေတာ့မွာပါ။ ကာလာအသစ္ကုိ အေနာက္ဥေရာပေစ်းကြက္ကေန စတင္ ျဖန္႔ခ်ိသြားမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စက္တင္ဘာလမွာ စတင္ေရာင္းခ်ခဲ့တဲ့ Honor 8X နဲ႔ 8X Max ဟန္းဆက္ ေတြဟာလည္း အခုခ်ိန္ထိဆုိရင္ စုစုေပါင္း အလုံးေရ ဆယ္သန္းေက်ာ္ ေရာင္းခ်ၿပီးၿပီျဖစ္ေၾကာင္း ကုမၸဏီက ေၾကျငာခဲ့ပါတယ္။

Ref – GSM Arena

[Unicode]

စမတ်ဖုန်းထုတ်လုပ်သူ Honor ဟာ သူတို့ရဲ့ Honor View 20 နဲ့ Honor 8X စမတ်ဖုန်းတွေအတွက် Feature အသစ်တွေ ထပ်ထည့်လာခဲ့ပြီး View 20 စမတ်ဖုန်းကို Gaming+ Mode ဖြည့်စွက်လာကာ Honor 8X ကတော့ အရောင်ပြေး ကာလာအသစ်တစ်ရောင် ထပ်ထုတ်လာခဲ့ပါတယ်။

Honor View 20 စမတ်ဖုန်းကို ၂၀၁၈ ဒီဇင်ဘာမှာ မိတ်ဆက်ခဲ့ပြီး အခုအချိန်ထိ အလုံးရေတစ်သန်းခွဲထိ ရောင်းချပြီးဖြစ်တယ်လို့ ကုမ္ပဏီက MWC ပွဲမှာ ကြေငြာခဲ့ပါတယ်။ View 20 ဖုန်းဟာ တရုတ်ပြည်တွင်းမှာ ယွမ်ငွေ ၃၀၀၀ အထက် ဖုန်းတွေထဲ ရောင်းအားအကောင်းဆုံးဖြစ်သလို Amazon စတိုးမှာလည်း ဒေါ်လာ ၅၀၀ အထက် ဖုန်းတွေထဲမှာ နံပါတ်တစ် ဘက်ဆဲလားဟန်းဆက် ဖြစ်လာခဲ့ပါတယ်။

Honor က သူတို့ရဲ့ဖုန်းအတွက် Gaming+ လို့ခေါ်တဲ့ Feature အသစ်ကို မိတ်ဆက်လိုက်ကာ Kirin 980 ချစ်ပ်ဆက်ရဲ့ စွမ်းအင်သုံးစွဲမှုနှုန်းကို ၂၀% ထိ ပိုမိုသက်သာစေမှာဖြစ်တယ်။ ဖရိန်အသစ်တစ်ခုကို ဖန်တီးဖို့ လိုအပ်တဲ့အကြိမ်တိုင်းမှာ အကောင်းဆုံး CPU နဲ့ GPU Clockspeed တွေကို AI မှ တွက်ချက်ပေးတဲ့ စနစ်ကို သုံးစွဲလာတာကြောင့် Clockspeed မလိုအပ်ဘဲ မြင့်တက်နေတာကို တားဆီးပြီး ချောမွေ့တဲ့ 60fps နှုန်းနဲ့ ဆော့ကစားနိုင်စေမှာပါ။

Honor ဟာ Vulcan အခြေခံ Gaming ကိုရွေ့လျားနေပြီး ဂိမ်းထဲက ပုံထွက်ကွာလတီကို ထိန်းညှိပေးဖို့ ကြိုးစားလာပါတယ်။ Fortnite ကိုထုတ်လုပ်ခဲ့တဲ့ Epic Games ဟာ သူတို့ရဲ့ နာမည်ကျော်ဂိမ်းမှာ Vulcan ထောက်ပံ့မှုထည့်သွင်းဖို့ ကြိုးစားနေပြီး မကြာခင်မှာရရှိတော့မှာပါ။ ဒါ့အပြင် Arena of Valor လိုဂိမ်းတွေကလည်း Gaming+ Mode အသစ်နဲ့ တွဲဖက်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Epic နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ Honor ကုမ္ပဏီက View 20 ဟန်းဆက်ပိုင်ရှင်တွေကို အထူး Honor Guard ဝတ်စုံကို ဂိမ်းထဲမှာ ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် Honor View 20 ပိုင်ရှင်တွေက HiHonor.com ကိုသွားပြီး ဝတ်စုံကို Redeem လုပ်နိုင်ပါတယ်။

ဒါ့အပြင် မတ်လအစောပိုင်းလောက်ကစပြီး Honor 8X ဝယ်မယ့်သူတွေဟာ Phantom Blue လို့ ခေါ်တဲ့ ကာလာအသစ်ကို ရွေးချယ်ဝယ်ယူနိုင်တော့မှာပါ။ ကာလာအသစ်ကို အနောက်ဥရောပဈေးကွက်ကနေ စတင် ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ စတင်ရောင်းချခဲ့တဲ့ Honor 8X နဲ့ 8X Max ဟန်းဆက် တွေဟာလည်း အခုချိန်ထိဆိုရင် စုစုပေါင်း အလုံးရေ ဆယ်သန်းကျော် ရောင်းချပြီးပြီဖြစ်ကြောင်း ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။

Ref – GSM Arena