Honor ကနေ အခုနောက်ပိုင်းမှာ MagicBook Series နာမည်နဲ့ laptop တွေကို ထုတ်လုပ်လာသလို အခုလည်း MagicBook 14 နဲ့ MagicBook 15 Laptop တွေကို Upgrade ထပ်မံပြုလုပ်ခဲ့ပါတယ်။

အခု Honor MagicBook အသစ်တွေဟာ အပေါ်ဘက်နဲ့ ဘေးဘက်ဘောင်တွေကို အလွန်ပါးလွှာအောင်ပြုလုပ်ထားပြီးတော့ 4.8mm ပဲ အထူရှိမှာဖြစ်ပါတယ်။ Honor ရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့ Generation ထက် 0.4mm ပိုပြီး ပါးလွှာမှာဖြစ်သလို ပိုပြီး Immersive ဖြစ်တဲ့ Viewing Experience ကိုပါရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Performance ပိုင်းတော့ Honor ကနေ AMD Ryzen 5 3500U Processor ကို အသုံးပြုထားပြီးတော့ Radeon RX Vega 8 Graphics လည်းပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ Ryzen 7 Version ကတော့ တရုတ်နိုင်ငံအတွင်းမှာပဲ ရောင်းချသွားမယ့်ပုံစံပါပဲ။ RAM အနေနဲ့ကတော့ 8GB ပါဝင်မှာဖြစ်ပြီး 256GB SSD ပါဝင်မှာဖြစ်ပါတယ်။

အခု Honor MagicBook 14 နဲ့ 15 ဟာ Display က 14″ နဲ့ 15.6″ ဖြစ်တာကလွဲရင် Specification တွေအကုန်လုံးနီးပါးတူညီပြီးတော့ Battery Life အနေနဲ့လည်း ပုံမှန် ရုံးသုံးအတွက် ၁၀ နာရီခန့်အသုံးပြုနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ Fast Charging ကိုလည်း Support ပြုလုပ်ပြီးတော့ 0-46% ကို နာရီဝက်အတွင်း ပြန်လည်အားသွင်းနိုင်မှာပါ။

စျေးနှုန်းအနေနဲ့ကတော့ RAM 8GB ၊ 256GB Version ကို 599 Euros နဲ့ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ Storage ပိုများတဲ့ 512GB Version ကိုတော့ ရောင်းချမယ့်အချိန်နဲ့ စျေးနှုန်းကို ကြေညာထားခြင်းရှိသေးပါဘူး။

Ref – Gizmo China