Honor က MWC 2023 မှာ Magic 5 Pro ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Chip နဲ့ အဆင့်မြင့် ကင်မရာတွေ ပါလာပါတယ်။

ဒီဇိုင်း အကြောင်းစပြောရရင် အနောက်ဘက်မှာ စက်ဝိုင်းပုံ ကင်မရာ Island ထည့်သွင်းထားပြီး ကိုယ်ထည်ကို သတ္တုနဲ့ ဖန် ပေါင်းစပ်ဖန်တီးထားကာ မာကျောပါတယ်။ အရှေ့ဘက်မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး ဘယ်ဘက်ခြမ်းမှာ ဆေးတောင့်ပုံ Punch Hole ပါပါတယ်။

Honor Magic 5 pro purple

၆.၈၁ လက်မ OLED LPTO မျက်နှာပြင် တပ်ဆင်ထားပြီး 1Hz to 120Hz Refresh Rate , 480Hz Touch Sampling Rate , HDR10+, 1100 nits Brightness ထောက်ပံ့ထားပါတယ်။ Snapdragon 8 Gen 2 မောင်းနှင်ထားပြီး LPDDR5x RAM နဲ့ UFS 4.0 Storage ထည့်သွင်းထားပါတယ်။ 66W Wired နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,100mAh ဘက်ထရီ ပါလာပါတယ်။

Honor Magic5 Pro unveiled with a custom 1/1.12'' camera sensor, vanilla Magic5 follows

Magic 5 Pro မှာ စိတ်ဝင်စားစရာ ကင်မရာတွေ တပ်ဆင်ထားပြီး 50MP Main (OIS) , 50MP Telephoto (3.5x Optical Zoom ) , 50MP Ultrawide ကို အနောက်ဘက်နဲ့ 12MP Ultrawide , 3D Depth ကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။ Android 13 အခြေပြု Magic UI 7.0 မောင်းနှင်ထားပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာပါလာကာ IP68 ရေစိုခံစံနှုန်း ထည့်ထားပါတယ်။

Honor Magic 5 Pro အတွက် Cyan , Black , Orange နဲ့ တခြား အရောင်တွေ ထုတ်လုပ်ထားပြီး 12GB RAM/ 512GB Storage မော်ဒယ်ကို ၁,၁၉၉ ယူရို ( ၁,၂၆၇ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပါတယ်။ ကုမ္ပဏီက ရောင်းချမယ့် နိုင်ငံနဲ့ အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina