[Zawgyi]

Honor က ၁၆.၁ လက္မ မ်က္ႏွာျပင္ထည့္သြင္းထားတဲ့ လက္ပ္ေတာ့ အသစ္တစ္လံုးကို ေၾကညာလိုက္ပါတယ္။ MagicBook Pro ရဲ႕ မ်က္နွာျပင္ေဘးေဘာင္ေတြဟာ အရမ္းကို ပါးလႊာၿပီး Full Screen Design ျဖစ္ပါတယ္။ သူ႔မွာ Intel ရဲ႕ Quad-core Processor ထည့္ထားပါတယ္။ NVIDIA ရဲ႕ အလန္းစား Graphics Chip ပါပါတယ္။ စြမ္းရည္ျမင့္မားေပမယ့္ အရြယ္အစား က်စ္လစ္ၿပီး ေပါ့ပါးပါတယ္။ တရုတ္မွာ အေစာဆံုး ေရာင္းခ်မွာပါ။ တရုတ္မွာ ေဒၚလာ ၁၀၀၀ ေအာက္သာ က်သင့္မွာပါ။ ျမန္မာေငြ ၁၅ သိန္းေအာက္ ရွိႏုိင္ပါတယ္။

Honor MagicBook Pro မွာ လွ်ိဳ႕၀ွက္ အမည္ Whiskey Lake Processor လို႔ ေခၚတဲ့ Intel ရဲ႕ Quad-core Core i5/i7 ကို အေျချပဳ တည္ေဆာက္ထားပါတယ္။ NVIDIA GeForce MX250 Graphics Chip , 2GB GDDR5 Memory ေတြ ပါပါတယ္။ ပန္ကာႏွစ္လံုးနဲ႔ အပူစုပ္ယူတဲ့ ပိုက္ႏွစ္ခု ပါတဲ့ အေအးေပး စနစ္ထည့္သြင္းထားတဲ့ အတြက္ စြမ္းေဆာင္ရည္ကို စဥ္ဆက္မျပတ္ ေကာင္းေစမွာပါ။

Honor MagicBook Pro အတြက္ 8 or 16GB RAM နဲ႔ 512GB or 1TB SSD ေတြ ေရြးခ်ယ္ႏုိင္ပါတယ္။ အရြယ္ႀကီး မ်က္ႏွာျပင္နဲ႔ စြမ္းရည္ျမင့္ အစိတ္အပိုင္းေတြ ပါေပမယ့္ သူ႔ရဲ႕ အေလးခ်ိန္ဟာ ၁.၇ ကီလိုဂရမ္နဲ႔ အထူဟာ ၁၆.၉ မီလီမီတာသာ ရွိပါတယ္။ အလူမီနီယမ္ကိုယ္ထည္နဲ႔ တည္ေဆာက္ထားၿပီး Apple MacBook Pro နဲ႔ ဒီဇိုင္းဆင္တူပါတယ္။

သူ႔ရဲ႕ ထူးျခားခ်က္တစ္ခုက ကီးဘုတ္ ခလုတ္တစ္ခုမွာ Pop-up Webcam ကို ထည့္သြင္းထားတာပါ။ Full Screen Design ဖန္တီးခ်င္တဲ့ အတြက္ ကင္မရာကို ဒီေနရာမွာ ထည့္ထားတာပါ။ Honor MagicBook Pro ရဲ႕ i5 Version ကို ၇၉၉ ေဒၚလာနဲ႔  i7 Version ကို  ၉၀၁ ေဒၚလာ သတ္မွတ္ထားပါတယ္။ ျမန္မာေငြ ၁၂ သိန္းနဲ႔ ၁၃ သိန္း ၆ ေသာင္းေလာက္ အသီးသီး က်သင့္ႏုိင္ပါတယ္။

Ref : anandtech

[Unicode]

၁၆.၁ လက်မ MagicBook Pro ကို ကြေညာလိုက်တဲ့ Honor

Honor က ၁၆.၁ လက်မ မျက်နှာပြင်ထည့်သွင်းထားတဲ့ လက်ပ်တော့ အသစ်တစ်လုံးကို ကြေညာလိုက်ပါတယ်။ MagicBook Pro ရဲ့ မျက်နှာပြင်ဘေးဘောင်တွေဟာ အရမ်းကို ပါးလွှာပြီး Full Screen Design ဖြစ်ပါတယ်။ သူ့မှာ Intel ရဲ့ Quad-core Processor ထည့်ထားပါတယ်။ NVIDIA ရဲ့ အလန်းစား Graphics Chip ပါပါတယ်။ စွမ်းရည်မြင့်မားပေမယ့် အရွယ်အစား ကျစ်လစ်ပြီး ပေါ့ပါးပါတယ်။ တရုတ်မှာ အစောဆုံး ရောင်းချမှာပါ။ တရုတ်မှာ ဒေါ်လာ ၁၀၀၀ အောက်သာ ကျသင့်မှာပါ။ မြန်မာငွေ ၁၅ သိန်းအောက် ရှိနိုင်ပါတယ်။

Honor MagicBook Pro မှာ လျှို့ဝှက် အမည် Whiskey Lake Processor လို့ ခေါ်တဲ့ Intel ရဲ့ Quad-core Core i5/i7 ကို အခြေပြု တည်ဆောက်ထားပါတယ်။ NVIDIA GeForce MX250 Graphics Chip , 2GB GDDR5 Memory တွေ ပါပါတယ်။ ပန်ကာနှစ်လုံးနဲ့ အပူစုပ်ယူတဲ့ ပိုက်နှစ်ခု ပါတဲ့ အအေးပေး စနစ်ထည့်သွင်းထားတဲ့ အတွက် စွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် ကောင်းစေမှာပါ။

Honor MagicBook Pro အတွက် 8 or 16GB RAM နဲ့ 512GB or 1TB SSD တွေ ရွေးချယ်နိုင်ပါတယ်။ အရွယ်ကြီး မျက်နှာပြင်နဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းတွေ ပါပေမယ့် သူ့ရဲ့ အလေးချိန်ဟာ ၁.၇ ကီလိုဂရမ်နဲ့ အထူဟာ ၁၆.၉ မီလီမီတာသာ ရှိပါတယ်။ အလူမီနီယမ်ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Apple MacBook Pro နဲ့ ဒီဇိုင်းဆင်တူပါတယ်။

သူ့ရဲ့ ထူးခြားချက်တစ်ခုက ကီးဘုတ် ခလုတ်တစ်ခုမှာ Pop-up Webcam ကို ထည့်သွင်းထားတာပါ။ Full Screen Design ဖန်တီးချင်တဲ့ အတွက် ကင်မရာကို ဒီနေရာမှာ ထည့်ထားတာပါ။ Honor MagicBook Pro ရဲ့ i5 Version ကို ၇၉၉ ဒေါ်လာနဲ့ i7 Version ကို ၉၀၁ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၁၂ သိန်းနဲ့ ၁၃ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်နိုင်ပါတယ်။

Ref : anandtech