Zawgyi

သတင္းထြက္ထားတဲ့အတုိင္း Honor 9X နဲ႔ 9X Pro တုိ႔ႏွင့္အတူ Honor Band ရဲ႕ေနာက္ဆုံးေပၚ စမတ္လက္ဝတ္ Honor Band 5 ကိုလည္း မိတ္ဆက္လာခဲ့ပါတယ္။ ပုံမွန္ Standard Edition ဟာ တရုတ္ယြမ္ေငြ ၁၉၀ (ျမန္မာေငြ ေလးေသာင္းေက်ာ္) က်သင့္မွာျဖစ္ၿပီး NFC ပါတဲ့ေမာ္ဒယ္ကေတာ့ တရုတ္ယြမ္ေငြ ၂၂၀ (ျမန္မာေငြ ငါးေသာင္းခန္႔) သတ္မွတ္ထားပါတယ္။

ေလာေလာဆယ္ေတာ့ Midnight Blue, Coral Powder နဲ႔ Meteorite Black ဆုိၿပီး အေရာင္သုံးမ်ဳိးနဲ႔ ေတြ႕ရွိရတဲ့ Honor Band 5 ဟာ ယခင္မ်ဳိးဆက္ေဟာင္းလုိပဲ 0.95” လက္မအရြယ္ OLED Display တစ္ခု သုံးစြဲထားၿပီး 120 x 240p Resolution ရွိပါတယ္။

ဖုန္းမက္ေဆ့ေတြ၊ WeChat နဲ႔ QQ တုိ႔က စာသားမက္ေဆ့ေတြကို ေဖာ္ျပေပးႏုိင္ၿပီး ဘကၳရီက အားအျပည့္သြင္းထားရင္ ၁၄ ရက္ဆက္တုိက္ေလာက္ အသုံးခံႏုိင္တယ္လို႔ ဆုိတယ္။ ေရစုိဒဏ္ခံႏုိင္မႈကို ေရအနက္ ၅၀ မီတာထိ ျမွင့္တင္ထားၿပီး အားကစား Mode ၁၀ မ်ဳိးပါဝင္ကာ ေရကူးအားကစားအတြက္ လက္ခတ္ (Stroke) Recognition လိုမ်ဳိး ထူးထူးျခားျခား ဆင္ဆာစနစ္ေတြ ပါဝင္လာတယ္။

Honor Band 5 မွာ ယခင္လိုပဲ ႏွလုံးခုန္ႏႈန္းေစာင့္ၾကည့္တုိင္းတာစနစ္ ပါဝင္လာၿပီး TruSeen 3.0 ကေန အနည္းငယ္ Upgrade ျဖစ္လာတဲ့ 3.5 ကိုအသုံးျပဳထားပါတယ္။ ဒါ့အျပင္ SpO2 Sensor လည္း ပါဝင္လာကာ ေသြးထဲက ေအာက္စီဂ်င္ပါဝင္မႈကို တုိင္းတာေပးႏုိင္မွာျဖစ္လို႔ အျမင့္ေပမ်ားစြာျမင့္မားတဲ့ ေတာင္ေတြကို တက္ရတာ ခုံမင္သူ အစရွိတဲ့သူေတြအတြက္ အသုံးဝင္တဲ့ စနစ္တစ္ခုျဖစ္မွာပါ။

Honor Band 5 ကိုေတာ့ တရုတ္ျပည္မွာ စတင္ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။ ႏုိင္ငံတကာေစ်းကြက္ အတြက္ေတာ့ မသိရေသးပါဘူး။

Ref – GSM Arena

Unicode

သတင်းထွက်ထားတဲ့အတိုင်း Honor 9X နဲ့ 9X Pro တို့နှင့်အတူ Honor Band ရဲ့နောက်ဆုံးပေါ် စမတ်လက်ဝတ် Honor Band 5 ကိုလည်း မိတ်ဆက်လာခဲ့ပါတယ်။ ပုံမှန် Standard Edition ဟာ တရုတ်ယွမ်ငွေ ၁၉၀ (မြန်မာငွေလေးသောင်းကျော်ခန့်) ကျသင့်မှာဖြစ်ပြီး NFC ပါတဲ့မော်ဒယ်ကတော့ တရုတ်ယွမ်ငွေ ၂၂၀ (မြန်မာငွေ ငါးသောင်းခန့်) သတ်မှတ်ထားပါတယ်။

လောလောဆယ်တော့ Midnight Blue, Coral Powder နဲ့ Meteorite Black ဆိုပြီး အရောင်သုံးမျိုးနဲ့ တွေ့ရှိရတဲ့ Honor Band 5 ဟာ ယခင်မျိုးဆက်ဟောင်းလိုပဲ 0.95” လက်မအရွယ် OLED Display တစ်ခု သုံးစွဲထားပြီး 120 x 240p Resolution ရှိပါတယ်။

ဖုန်းမက်ဆေ့တွေ၊ WeChat နဲ့ QQ တို့က စာသားမက်ဆေ့တွေကို ဖော်ပြပေးနိုင်ပြီး ဘက္ထရီက အားအပြည့်သွင်းထားရင် ၁၄ ရက်ဆက်တိုက်လောက် အသုံးခံနိုင်တယ်လို့ ဆိုတယ်။ ရေစိုဒဏ်ခံနိုင်မှုကို ရေအနက် ၅၀ မီတာထိ မြှင့်တင်ထားပြီး အားကစား Mode ၁၀ မျိုးပါဝင်ကာ ရေကူးအားကစားအတွက် လက်ခတ် (Stroke) Recognition လိုမျိုး ထူးထူးခြားခြား ဆင်ဆာစနစ်တွေ ပါဝင်လာတယ်။

Honor Band 5 မှာ ယခင်လိုပဲ နှလုံးခုန်နှုန်းစောင့်ကြည့်တိုင်းတာစနစ် ပါဝင်လာပြီး TruSeen 3.0 ကနေ အနည်းငယ် Upgrade ဖြစ်လာတဲ့ 3.5 ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် SpO2 Sensor လည်း ပါဝင်လာကာ သွေးထဲက အောက်စီဂျင်ပါဝင်မှုကို တိုင်းတာပေးနိုင်မှာဖြစ်လို့ အမြင့်ပေများစွာမြင့်မားတဲ့ တောင်တွေကို တက်ရတာ ခုံမင်သူ အစရှိတဲ့သူတွေအတွက် အသုံးဝင်တဲ့ စနစ်တစ်ခုဖြစ်မှာပါ။

Honor Band 5 ကိုတော့ တရုတ်ပြည်မှာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ နိုင်ငံတကာစျေးကွက် အတွက်တော့ မသိရသေးပါဘူး။

Ref – GSM Arena