[Unicode]

Honor က တရုတ်မှာ 9X နဲ့ 9X Pro အတွက် Android 10 အခြေပြု EMUI 10 Beta အစီအစဉ် စတင်ပြုလုပ်ပေးလိုက်ပါတယ်။ အစီအစဉ်မှာ ပါဝင်ချင်သူတွေကို ကုမ္ပဏီက ဖိတ်ခေါ်နေပြီး ဒီလ ၁၅ ရက်နေ့ မတိုင်ခင် စာရင်းပေးရမှာပါ။ EMUI 10 Beta အစီအစဉ်မှာ ပါဝင်ဖို့ အတွက် သင့်ဖုန်းမှာ Version Number 9.1.1.160(C00E160R6P2/R5P3/R3P5) နဲ့အထက် ပါတဲ့ EMUI တင်ထားရမှာပါ။

EMUI 10 ဟာ Android 10 အခြေပြု ဖြစ်ပြီး UI နဲ့ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ အရောင်အသွေး စုံတဲ့ Always-on Display အသစ် ပါလာပြီး Magazine Unlock Feature အသစ် ၊ Screen Sharing နဲ့ EMUI’s Desktop Mode အသစ်တွေ ထည့်သွင်းထားမှာပါ။ ဖုန်းကို ကားရဲ့ Infotainment စနစ်နဲ့ ချိတ်ဆက်နိုင်မှာပါ။

User Interface(UI) ကို ဆန်းသစ်ထားပြီး Gallery Feature အသစ် ပါလာပါတယ်။ Themes , Wallpapers နဲ့ Fonts အသစ်တွေလည်း ထည့်သွင်းထားပါတယ်။ Video , Game နဲ့ System Animation တွေကို ဆန်းသစ်ထားတာက ဂိမ်းကစားသူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ Huawei က EMUI 10 Beta ရမယ့် ဖုန်း စာရင်းကို ထုတ်ပြန်ကြေညာပြီးပါပြီ။

စွမ်းရည်သင့် Honor 9X နဲ့ 9X Pro တို့ကို ဇူလိုင်လက ကြေညာခဲ့ပြီး တရုတ်မှာ ဇူလိုင်လ ၃၀ ရက်နေ့ကတည်းက စတင် ရောင်းပေးခဲ့ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂,၁၉၉ ယွမ် ( ၃၀၉ ဒေါ်လာ) သတ်မှတ်ထားပြီး မြန်မာငွေ ၄၇၀,၀၀၀ လောက်ကျသင့်ပါတယ်။

Ref : gsmarena

[Zawgyi]

Honor 9X နဲ႔ 9X Pro အတြက္ Android 10 အေျချပဳ EMUI 10 Beta အစီအစဥ္ စတင္

Honor က တရုတ္မွာ 9X နဲ႔ 9X Pro အတြက္ Android 10 အေျချပဳ EMUI 10 Beta အစီအစဥ္ စတင္ျပဳလုပ္ေပးလိုက္ပါတယ္။ အစီအစဥ္မွာ ပါ၀င္ခ်င္သူေတြကို ကုမၸဏီက ဖိတ္ေခၚေနၿပီး ဒီလ ၁၅ ရက္ေန႔ မတိုင္ခင္ စာရင္းေပးရမွာပါ။ EMUI 10 Beta အစီအစဥ္မွာ ပါ၀င္ဖို႔ အတြက္ သင့္ဖုန္းမွာ Version Number 9.1.1.160(C00E160R6P2/R5P3/R3P5) နဲ႔အထက္ ပါတဲ့ EMUI တင္ထားရမွာပါ။

EMUI 10 ဟာ Android 10 အေျချပဳ ျဖစ္ၿပီး UI နဲ႔ လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာပါတယ္။ အေရာင္အေသြး စံုတဲ့ Always-on Display အသစ္ ပါလာၿပီး Magazine Unlock Feature အသစ္ ၊ Screen Sharing နဲ႔ EMUI’s Desktop Mode အသစ္ေတြ ထည့္သြင္းထားမွာပါ။ ဖုန္းကို ကားရဲ႕ Infotainment စနစ္နဲ႔ ခ်ိတ္ဆက္ႏုိင္မွာပါ။

User Interface(UI) ကို ဆန္းသစ္ထားၿပီး Gallery Feature အသစ္ ပါလာပါတယ္။ Themes , Wallpapers နဲ႔ Fonts အသစ္ေတြလည္း ထည့္သြင္းထားပါတယ္။ Video , Game နဲ႔ System Animation ေတြကို ဆန္းသစ္ထားတာက ဂိမ္းကစားသူေတြ အႀကိဳက္ေတြ႕ေစမွာ ျဖစ္ပါတယ္။ Huawei က EMUI 10 Beta ရမယ့္ ဖုန္း စာရင္းကို ထုတ္ျပန္ေၾကညာၿပီးပါၿပီ။

စြမ္းရည္သင့္ Honor 9X နဲ႔ 9X Pro တို႔ကို ဇူလုိင္လက ေၾကညာခဲ့ၿပီး တရုတ္မွာ ဇူလိုင္လ ၃၀ ရက္ေန႔ကတည္းက စတင္ ေရာင္းေပးခဲ့ပါတယ္။ တန္ဖိုးအနည္းဆံုး ေမာ္ဒယ္ကို ၂,၁၉၉ ယြမ္ ( ၃၀၉ ေဒၚလာ) သတ္မွတ္ထားၿပီး ျမန္မာေငြ ၄၇၀,၀၀၀ ေလာက္က်သင့္ပါတယ္။

Ref : gsmarena