Honor က X10 Pro နဲ့ X10 Max ကို ဇူလိုင်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီဖုန်းရဲ့ သတင်းတွေ မကြာခဏ ထွက်ခဲ့ဖူးပါတယ်။ အခုတော့ Honor CEO George Zhao က နောက်ထွက်မယ့် အရွယ်ကြီး ဖုန်း ၁ လုံးကို ဝီဘိုမှာ Tease လုပ်လိုက်ပါတယ်။ သူဟာ Max Series အကြောင်းကို ပြောချင်တာ သေချာပြီး အဲဒီ စမတ်ဖုန်းဟာ Honor X10 Max လို့ ထင်ပါတယ်။

George Zhao က Huawei ဟာ 4G ကနေ 5G ကူးပြောင်းတာ အပါအဝင် ထုတ်ကုန်အသစ်တွေအတွက် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်လို့ ရှင်းပြပါတယ်။ သူက အရွယ်ကြီး စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချဖို့ဆိုတာလည်း ခက်ခဲပေမယ့် မဖြစ်ဖြစ်အောင် ထုတ်မှာပါလို့ ဖြည့်စွက်ပြောပါသေးတယ်။ သူက ၇ လက်မ အရွယ် စမတ်ဖုန်းဟာ ရောင်းအား မကောင်းဘူးဆိုတာကို ငြင်းဆိုသွားပါတယ်။

အရင်သတင်းတွေအရ Honor X10 Max မှာ ၇.၀၉ လက်မ မျက်နှာပြင်ပါလာနိုင်ပြီး Dimensity 800 Chipset မောင်းနှင်ထားမှာပါ။ 48MP Main (26mm Lens & f/1.8 Aperture) ထည့်သွင်းထားနိုင်ပါတယ်။ ယွမ် ၁,၆၀၀ လောက်နဲ့ ရောင်းနိုင်ပြီး ၂၂၅ ဒေါ်လာလောက် ရှိပါတယ်။ မြန်မာငွေ ၃ သိန်း ၁ သောင်းလောက်ပဲရှိတဲ့အတွက် ဈေးအချိုဆုံး 5G စမတ်ဖုန်းတွေထဲက တစ်လုံး ဖြစ်လာမှာပါ။

Ref : gsmarena