Honor ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက 5G Mid Range ဖုန်းတစ်လုံးဖြစ်တဲ့ Honor X10 ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Honor X10 5G စမတ်ဖုန်းဟာ စွမ်းဆောင်ရည်မြင့် Kirin 820 Chipset ကို အသုံးပြုထားတာလည်းဖြစ်ပါတယ်။

Honor ရဲ့ Business Unit President ဖြစ်တဲ့ Zhao Ming ကနေ နောက်ပိုင်းမှာ Honor အနေနဲ့ MediaTek ရဲ့ 5G Chipset တွေကိုပါ အသုံးပြုသွားဖို့ရှိနေတယ်ဆိုပြီးပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ လက်ရှိအချိန်မှာ Honor နဲ့ MediaTek အကြားဆက်ဆံရေးကောင်းမွန်နေပြီး နောက်ပိုင်းမှာ အလုပ်အတူလုပ်ကိုင်ဖို့ အစီအစဥ်တွေရှိတယ်လို့သိရပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းဘယ်လိုမျိုး စမတ်ဖုန်းတွေမှာ MediaTek ရဲ့ ဘယ်လိုမျိုး 5G Chipset တွေကို အသုံးပြုသွားမလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ လက်ရှိ MidiaTek ရဲ့ Dimensity 800 နဲ့ 820 လိုမျိုး Mid Range Chipset တွေကို ပိုပြီးအသုံးပြုလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ US အစိုးရလည်း Huawei ကို TSMC ရဲ့ Chip တွေထောက်ပံ့ပေးမှုကို ပိတ်ပင်နေတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင် Kirin Chipset တွေအပြင် MediaTek Chipset တွေကိုပါ အားကိုးလာမယ့်ပုံစံပါပဲ။

Ref – Gizmo China