Honor က Play 4 နဲ့ 4 Pro ကို ဇွန်လ ၃ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Honor ရဲ့ ဝီဘို အကောင့်ကနေ ပိုစတာ ၁ ခုနဲ့ အတည်ပြုလိုက်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ၁ ပတ်က Honor Play 4 Pro ရဲ့ ပထမဆုံး ဓါတ်ပုံတွေ ထွက်လာခဲ့ပါတယ်။ Honor Play 4 ရဲ့ Specs တွေလည်း TENAA ကနေ ထွက်ခဲ့ပြီးပါပြီ။

Honor Play 4 နဲ့ 4 Pro မှာ 5G Support ပါလာမယ်လို့ ထင်ရပြီး TENAA မှာ Processor ကို မဖော်ပြထားပါဘူး။ 2.0GHz Octa-core CPU ပါမယ်လို့ ဖော်ပြထားတဲ့အတွက် 5G ထောက်ပံ့တဲ့ MediaTek Dimensity 800 ဖြစ်နိုင်ပါတယ်။ Play 4 Pro မှာ Kirin 990 လို စွမ်းရည်မြင့် Chipset မောင်းနှင်ထားနိုင်ပေမယ့် တချို့သတင်းတွေက တခြား Chipset တွေ သုံးထားမယ်လို့လည်း ပြောနေကြပါတယ်။

TENAA က စာရင်းအရ Play 4 မှာ ၆.၈၁ လက်မ Full HD+ မျက်နှာပြင် ပါလာနိုင်ပြီး အရွယ်အစား အပြည့်အစုံမှာ 170 x 78.5 x 8.9mm ဖြစ်ပါတယ်။ ၂၁၃ ဂရမ် အလေးချိန်ရှိပြီး 4,200mAh ဘက်ထရီ ပါလာမှာပါ။ Android 10 မောင်းနှင်ထားပြီး 4GB , 6GB , 8GB RAM နဲ့ 64GB , 128GB , 256GB Storage တွေ ထုတ်လုပ်ထားမှာပါ။

အနောက်ဘက်မှာ 64MP Main, 8MP , 2MP နဲ့ 2MP ကင်မရာ ၄ လုံးပါလာမှာ ဖြစ်ပြီး 2MP ၂ လုံးက Macro နဲ့ Depth တွေ ဖြစ်မှာပါ။ အရှေ့ကင်မရာက 16MP ဖြစ်ပြီး Punch Hole မှာ တပ်ဆင်ထားမှာပါ။ Honor 4 Play Pro မှာ အရှေ့ကင်မရာ ၂ လုံးပါလာမှာ ဖြစ်ပြီး ပင်မ ကင်မရာက Sony IMX600Y ဖြစ်နိုင်ပါတယ်။

Ref : gsmarena