[Zawgyi]

တရုတ္ရဲ႕ နာမည္ေက်ာ္ မိုဘိုင္းေအာ္ပေရတာ ၃ ခုက 5G ကြန္ရက္ကို ၀န္ေဆာင္မႈေပးလိုက္ၿပီလို႔ ဒီတစ္ပတ္ အေစာပိုင္းက ေၾကညာခဲ့ၿပီး Voice နဲ႔ Data Plans ေတြကို ခ်ျပခဲ့ပါတယ္။ တရုတ္မွာ 5G စမတ္ဖုန္း ၁၁ လံုးကို ေရာင္းခ်ေပးထားၿပီး လာမယ့္လေတြမွာ ဒီထက္ပိုမ်ားလာမွာပါ။ အဲဒီ ၁၁ လံုးထဲက ၅ လံုးကို Huawei က ထုတ္လုပ္ထားၿပီး က်န္တဲ့ အလံုးေတြကို Xiaomi , ZTE, Vivo , OPPO နဲ႔ Samsung တို႔က ဖန္တီးထားတာပါ။ 5G စမတ္ဖုန္းေတြ ထုတ္လုပ္တဲ့ ေနရာမွာ Huawei က ထိပ္ဆံုးက ဦးေဆာင္ေနပါတယ္။ ဒါေပမယ့္ Huawei က ဒီေနရာမွာတင္ ရပ္မေနပါဘူး။

Huawei ဟာ Honor Sub-brand ကေန 5G စမတ္ဖုန္း ၃ လံုးကို မၾကာခင္ ထုတ္လုပ္ေရာင္းခ်မယ္လို႔ သတင္းထြက္လာပါတယ္။ အဲဒီ စမတ္ဖုန္းေတြက Honor V30 5G , Honor V30 Pro 5G နဲ႔ Honor Magic 3 5G တို႔ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းေတြထဲက တခ်ိဳ႕အတြက္ 4G Model ေတြကိုပါ ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ပါတယ္။ ဒီသတင္းဟာ Huawei ကုမၸဏီအတြင္းပိုင္းက ထြက္လာတာ ျဖစ္ပါတယ္။

Honor V30 နဲ႔ V30 Pro ရဲ႕ သတင္းအခ်က္အလက္ေတြမ်ားစြာ ထြက္ေပၚေနပါတယ္။ Honor Magic 3 ရဲ႕ သတင္းကေတာ့ အခုမွ ပထမဆံုး အႀကိမ္ထြက္လာတာ ျဖစ္ပါတယ္။ အဲဒီ စမတ္ဖုန္းဟာ Sliding Display ပါတဲ့ ၂၀၁၈ ခုႏွစ္ထုတ္ Honor Magic 2 ရဲ႕ မ်ိဳးဆက္သစ္ ျဖစ္လာမွာပါ။

Honor Magic 3 ရဲ႕ Specifications ေတြ သိပ္မထြက္လာေသးပါဘူး။ ဒါေပမယ့္ အရင္မ်ိဳးဆက္လိုပဲ စြမ္းရည္ျမင့္ စမတ္ဖုန္း ျဖစ္မွာပါ။ မ်ိဳးဆက္သစ္မွာ ေနာက္ဆံုးထုတ္ အလန္းစား Huawei Kirin 990 Chipset ထည့္သြင္းထားႏုိင္ပါတယ္။ ဒီေန႔ေခတ္ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြလို Screen-to-body Ratio ျမင့္မားမွာ ျဖစ္ၿပီး Fast Charging နဲ႔ အလန္းစား ကင္မရာေတြ ပါလာႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Honor က စွမ်းရည်မြင့် 5G စမတ်ဖုန်း ၃ လုံးကို မကြာခင် ကြေညာနိုင်

တရုတ်ရဲ့ နာမည်ကျော် မိုဘိုင်းအော်ပရေတာ ၃ ခုက 5G ကွန်ရက်ကို ဝန်ဆောင်မှုပေးလိုက်ပြီလို့ ဒီတစ်ပတ် အစောပိုင်းက ကြေညာခဲ့ပြီး Voice နဲ့ Data Plans တွေကို ချပြခဲ့ပါတယ်။ တရုတ်မှာ 5G စမတ်ဖုန်း ၁၁ လုံးကို ရောင်းချပေးထားပြီး လာမယ့်လတွေမှာ ဒီထက်ပိုများလာမှာပါ။ အဲဒီ ၁၁ လုံးထဲက ၅ လုံးကို Huawei က ထုတ်လုပ်ထားပြီး ကျန်တဲ့ အလုံးတွေကို Xiaomi , ZTE, Vivo , OPPO နဲ့ Samsung တို့က ဖန်တီးထားတာပါ။ 5G စမတ်ဖုန်းတွေ ထုတ်လုပ်တဲ့ နေရာမှာ Huawei က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒါပေမယ့် Huawei က ဒီနေရာမှာတင် ရပ်မနေပါဘူး။

Huawei ဟာ Honor Sub-brand ကနေ 5G စမတ်ဖုန်း ၃ လုံးကို မကြာခင် ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ စမတ်ဖုန်းတွေက Honor V30 5G , Honor V30 Pro 5G နဲ့ Honor Magic 3 5G တို့ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေထဲက တချို့အတွက် 4G Model တွေကိုပါ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ဒီသတင်းဟာ Huawei ကုမ္ပဏီအတွင်းပိုင်းက ထွက်လာတာ ဖြစ်ပါတယ်။

Honor V30 နဲ့ V30 Pro ရဲ့ သတင်းအချက်အလက်တွေများစွာ ထွက်ပေါ်နေပါတယ်။ Honor Magic 3 ရဲ့ သတင်းကတော့ အခုမှ ပထမဆုံး အကြိမ်ထွက်လာတာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းဟာ Sliding Display ပါတဲ့ ၂၀၁၈ ခုနှစ်ထုတ် Honor Magic 2 ရဲ့ မျိုးဆက်သစ် ဖြစ်လာမှာပါ။

Honor Magic 3 ရဲ့ Specifications တွေ သိပ်မထွက်လာသေးပါဘူး။ ဒါပေမယ့် အရင်မျိုးဆက်လိုပဲ စွမ်းရည်မြင့် စမတ်ဖုန်း ဖြစ်မှာပါ။ မျိုးဆက်သစ်မှာ နောက်ဆုံးထုတ် အလန်းစား Huawei Kirin 990 Chipset ထည့်သွင်းထားနိုင်ပါတယ်။ ဒီနေ့ခေတ် စွမ်းရည်မြင့် စမတ်ဖုန်းတွေလို Screen-to-body Ratio မြင့်မားမှာ ဖြစ်ပြီး Fast Charging နဲ့ အလန်းစား ကင်မရာတွေ ပါလာနိုင်ပါတယ်။

Ref : gizmochina