[Zawgyi]

Honor ကေတာ့ လုပ္ခ်လိုက္ျပန္ပါၿပီ။ FlyPods နဲ႔ FlyPods Pro လို႔ေခၚတဲ့ ႀကိဳးမဲ့နားၾကပ္ေလးေတြကို ထုတ္လုပ္ေရာင္းခ်လိုက္တာပါ။ ပုံစံအားျဖင့္ေတာ့ Apple ရဲ႕ AirPods နဲ႔ တစ္ထပ္တည္းနီးပါးတူတယ္လို႔ ဆိုရမွာပါ။ တ႐ုတ္ကုမၸဏီေတြက ပုံစံတူေတြလုပ္တာ မဆန္းပါဘူး။ ဒါေပမယ့္ Honor ဆိုတာက Huawei နဲ႔ဘယ္လို ဆက္စပ္ေနမွန္း အားလုံးသိေနေတာ့ ဒီႏွစ္အေစာပိုင္းတုန္းက Huawei FreeBuds ေတြ ထုတ္ခဲ့တာကို ျပန္ၿပီး သတိရစရာ ျဖစ္လာပါေတာ့တယ္။ အဲဒီတုန္းကေတာ့ Mate 20 နဲ႔အတူ ထြက္ဖို႔လုပ္ခဲ့ေပမယ့္ အစီအစဥ္ကို ေျပာင္းခဲ့ရပါတယ္။ အခုေတာ့ FreeBuds Pro 2 က Honor FlyPods Pro နာမည္နဲ႔ ထြက္လာပါၿပီ။

FlyPods ေတြဟာ Bluetooth 5.0 နဲ႔ခ်ိတ္ဆက္လို႔ရပါတယ္။ IP54 အဆင့္ ေရစိုခံပါတယ္။ ဒီေတာ့ ေနပူမိုး႐ြာ သုံးရတာ အဆင္ေျပတယ္လို႔ ဆိုရမွာေပါ့။ Earbuds ေတြဟာ ဖုန္းေခၚဆိုတာေတြကို ျပန္ေျဖလို႔ရပါတယ္။ ဖုန္းထဲမွာ သီခ်င္း၊ ဗီဒီယိုဖြင့္ထားၿပီးရင္လည္း နားၾကပ္ကတစ္ဆင့္ ထိန္းခ်ဳပ္လို႔ရပါတယ္။ Honor ရဲ႕ YoYo voice Assistant ကိုလည္း activate လုပ္လို႔ရပါေသးတယ္။ သူ႔မွာပါဝင္တဲ့ 420mAh ဘက္ထရီကေတာ့ တစ္ႀကိမ္အားသြင္းၿပီးရင္ နာရီ ၂၀ ၾကာ အသုံးျပဳလို႔ရတယ္လို႔ ဆိုပါတယ္။ အားသြင္းခ်ိန္ကေတာ့ ၃ နာရီေလာက္ ၾကာမယ္လို႔ ယူဆရပါတယ္။ FlyPods ဟာ USB-C နဲ႔ပဲျဖစ္ျဖစ္ ႀကိဳးမဲ့စနစ္နဲ႔ပဲျဖစ္ျဖစ္ ႏွစ္မ်ိဳးစလုံးနဲ႔ အားသြင္းလို႔ရပါတယ္။

FlyPods Pro ကေတာ့ Honor ရဲ႕အဆိုအရ “BoneID technology” ကို ေထာက္ပံ့ေပးၿပီး Voice recognition နဲ႔ ေပါင္းစပ္ေပးပါတယ္။ ၿပီးေတာ့ “Bone sound pattern” ဆိုတဲ့ အသံပိုင္းဆိုင္ရာ သိမွတ္မႈနဲ႔အတူ ဖုန္းကို Unlock လုပ္ေပးႏိုင္တယ္လို႔ သိရပါတယ္။ ဒါတင္မကဘဲ WeChat နဲ႔ AliPay တို႔မွာ ေငြေပးေခ်မႈအတြက္လည္း အသုံးျပဳလို႔ရတယ္လို႔ သိရပါတယ္။

FlyPods ေတြအတြက္ Preorder ေတြ လုပ္လို႔ရေနပါၿပီ။ ေဈးႏႈန္းေတြကေတာ့ FlyPods စိမ္းျပာေရာင္နဲ႔ အျဖဴေရာင္က $115 USD ဝန္းက်င္ျဖစ္ပါတယ္။ FlyPods Pro အနီေရာင္နဲ႔ အျဖဴေရာင္က $143 USD ဝန္းက်င္ ျဖစ္တယ္လို႔ သိရပါတယ္။ ႏွစ္မ်ိဳးစလုံးကိုေတာ့ လာမယ့္ ႏိုဝင္ဘာ ၆ ရက္ေန႔မွာမွ ေရာင္းခ်မွာ ျဖစ္ပါတယ္။

Ref: Theverge

[Unicode]

Honor ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ FlyPods နဲ့ FlyPods Pro လို့ခေါ်တဲ့ ကြိုးမဲ့နားကြပ်လေးတွေကို ထုတ်လုပ်ရောင်းချလိုက်တာပါ။ ပုံစံအားဖြင့်တော့ Apple ရဲ့ AirPods နဲ့ တစ်ထပ်တည်းနီးပါးတူတယ်လို့ ဆိုရမှာပါ။ တရုတ်ကုမ္ပဏီတွေက ပုံစံတူတွေလုပ်တာ မဆန်းပါဘူး။ ဒါပေမယ့် Honor ဆိုတာက Huawei နဲ့ဘယ်လို ဆက်စပ်နေမှန်း အားလုံးသိနေတော့ ဒီနှစ်အစောပိုင်းတုန်းက Huawei FreeBuds တွေ ထုတ်ခဲ့တာကို ပြန်ပြီး သတိရစရာ ဖြစ်လာပါတော့တယ်။ အဲဒီတုန်းကတော့ Mate 20 နဲ့အတူ ထွက်ဖို့လုပ်ခဲ့ပေမယ့် အစီအစဉ်ကို ပြောင်းခဲ့ရပါတယ်။ အခုတော့ FreeBuds Pro 2 က Honor FlyPods Pro နာမည်နဲ့ ထွက်လာပါပြီ။

FlyPods တွေဟာ Bluetooth 5.0 နဲ့ချိတ်ဆက်လို့ရပါတယ်။ IP54 အဆင့် ရေစိုခံပါတယ်။ ဒီတော့ နေပူမိုးရွာ သုံးရတာ အဆင်ပြေတယ်လို့ ဆိုရမှာပေါ့။ Earbuds တွေဟာ ဖုန်းခေါ်ဆိုတာတွေကို ပြန်ဖြေလို့ရပါတယ်။ ဖုန်းထဲမှာ သီချင်း၊ ဗီဒီယိုဖွင့်ထားပြီးရင်လည်း နားကြပ်ကတစ်ဆင့် ထိန်းချုပ်လို့ရပါတယ်။ Honor ရဲ့ YoYo voice Assistant ကိုလည်း activate လုပ်လို့ရပါသေးတယ်။ သူ့မှာပါဝင်တဲ့ 420mAh ဘက်ထရီကတော့ တစ်ကြိမ်အားသွင်းပြီးရင် နာရီ ၂၀ ကြာ အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။ အားသွင်းချိန်ကတော့ ၃ နာရီလောက် ကြာမယ်လို့ ယူဆရပါတယ်။ FlyPods ဟာ USB-C နဲ့ပဲဖြစ်ဖြစ် ကြိုးမဲ့စနစ်နဲ့ပဲဖြစ်ဖြစ် နှစ်မျိုးစလုံးနဲ့ အားသွင်းလို့ရပါတယ်။

FlyPods Pro ကတော့ Honor ရဲ့အဆိုအရ “BoneID technology” ကို ထောက်ပံ့ပေးပြီး Voice recognition နဲ့ ပေါင်းစပ်ပေးပါတယ်။ ပြီးတော့ “Bone sound pattern” ဆိုတဲ့ အသံပိုင်းဆိုင်ရာ သိမှတ်မှုနဲ့အတူ ဖုန်းကို Unlock လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါတင်မကဘဲ WeChat နဲ့ AliPay တို့မှာ ငွေပေးချေမှုအတွက်လည်း အသုံးပြုလို့ရတယ်လို့ သိရပါတယ်။။

FlyPods တွေအတွက် Preorder တွေ လုပ်လို့ရနေပါပြီ။ ဈေးနှုန်းတွေကတော့ FlyPods စိမ်းပြာရောင်နဲ့ အဖြူရောင်က $115 USD ဝန်းကျင်ဖြစ်ပါတယ်။ FlyPods Pro အနီရောင်နဲ့ အဖြူရောင်က $143 USD ဝန်းကျင် ဖြစ်တယ်လို့ သိရပါတယ်။ နှစ်မျိုးစလုံးကိုတော့ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာမှ ရောင်းချမှာ ဖြစ်ပါတယ်။

Ref: Theverge