Zawgyi

Huawei ရဲ႕ Sub-brand တစ္ခုျဖစ္တဲ့ Honor ဟာ Magic 2 စမတ္ဖုန္းကို လာမယ့္ ေအာက္တိုဘာလ ၃၁ရက္ေန႔မွာ တရားဝင္ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ Honor Magic 2 ရဲ႕ ရမွတ္ေတြနဲ႔ အခ်က္အလက္တခ်ိဴ႕ဟာ Geekbench ဝက္ဆိုက္ကေန တဆင့္ ေပါက္ၾကားထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

 

ေပါက္ၾကားထြက္ေပၚခဲ့တဲ့ အခ်က္အလက္ေတြအရ Magic 2 ရဲ႕ Processor အပိုင္းအတြက္ Huawei Mate 20 စီးရီးေတြနဲ႔အတူ ပြဲထြက္ခဲ့တဲ့ Kirin 980 SoC ကို အသုံးျပဳထားမွာ ျဖစ္ပါတယ္။ ဒီအတိုင္းသာ တကယ္ထြက္ရွိလာမယ္ဆိုရင္ေတာ့ Magic 2 ဟာ Honor စမတ္ဖုန္းေတြထဲမွာ Kirin 980 SoC ကို ပထမဦးဆုံး အသုံးျပဳတဲ့ စမတ္ဖုန္း တစ္လုံး ျဖစ္လာမွာပါ။ ဒါ့အျပင္ Magic 2 ရဲ႕ Operating System အပိုင္းအတြက္ Android 9.0 Pie ကို ထည့္သြင္းေမာင္းႏွင္ထားၿပီး RAM အေနနဲ႔ 8GB ပါဝင္တာကိုလည္း ေတြ႕ရပါတယ္။

Geekbench မွာ ေဖာ္ျပထားတဲ့ Magic 2 ရဲ႕ ရမွတ္ေတြကေတာ့ Single-core မွာ 3316 နဲ႔ Multi-core မွာ 9534 ျဖစ္ပါတယ္။ အဆိုပါ စမတ္ဖုန္းဟာ ေရာင္းခ်ရန္ မဟုတ္ဘဲ စမ္းသပ္ေနဆဲ ဖုန္းတစ္လုံးသာ ျဖစ္ႏိုင္ၿပီး ရမွတ္ေတြကိုလည္း အတည္မွတ္ယူလို႔ မရေၾကာင္း တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္မ်ားက ေျပာဆိုထားၾကပါတယ္။ ဒါေပမယ့္လည္း Honor Magic 2 ရဲ႕ Geekbench ရလဒ္ေတြက Mate 20 Pro ရဲ႕ ရမွတ္ေတြနဲ႔ သိပ္မကြာတာကို ေတြ႕ရပါတယ္။ ဘာဘဲျဖစ္ျဖစ္ Honor Magic 2 ဟာ ဒီဇိုင္းပိုင္း ေျပာင္းလဲမႈေတြနဲ႔အတူ Camera Slider အသုံးျပဳ စမတ္ဖုန္း တစ္လုံးအျဖစ္ ပြဲထြက္လာမွာ ျဖစ္တာေၾကာင့္ Magic 2 မိတ္ဆက္ပြဲႀကီးက ေတာ္ေတာ္ေလး စိတ္ဝင္စားစရာေကာင္းေနတာေတာ့ အမွန္ပါပဲ။

Ref: gsmarena

Unicode

Geekbench ကနေ တဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ Honor Magic 2 ရဲ့ အချက်အလက်များ

Huawei ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Honor ဟာ Magic 2 စမတ်ဖုန်းကို လာမယ့် အောက်တိုဘာလ ၃၁ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Honor Magic 2 ရဲ့ ရမှတ်တွေနဲ့ အချက်အလက်တချိူ့ဟာ Geekbench ဝက်ဆိုက်ကနေ တဆင့် ပေါက်ကြားထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရ Magic 2 ရဲ့ Processor အပိုင်းအတွက် Huawei Mate 20 စီးရီးတွေနဲ့အတူ ပွဲထွက်ခဲ့တဲ့ Kirin 980 SoC ကို အသုံးပြုထားမှာ ဖြစ်ပါတယ်။ ဒီအတိုင်းသာ တကယ်ထွက်ရှိလာမယ်ဆိုရင်တော့ Magic 2 ဟာ Honor စမတ်ဖုန်းတွေထဲမှာ Kirin 980 SoC ကို ပထမဦးဆုံး အသုံးပြုတဲ့ စမတ်ဖုန်း တစ်လုံး ဖြစ်လာမှာပါ။ ဒါ့အပြင် Magic 2 ရဲ့ Operating System အပိုင်းအတွက် Android 9.0 Pie ကို ထည့်သွင်းမောင်းနှင်ထားပြီး RAM အနေနဲ့ 8GB ပါဝင်တာကိုလည်း တွေ့ရပါတယ်။

Geekbench မှာ ဖော်ပြထားတဲ့ Magic 2 ရဲ့ ရမှတ်တွေကတော့ Single-core မှာ 3316 နဲ့ Multi-core မှာ 9534 ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ရောင်းချရန် မဟုတ်ဘဲ စမ်းသပ်နေဆဲ ဖုန်းတစ်လုံးသာ ဖြစ်နိုင်ပြီး ရမှတ်တွေကိုလည်း အတည်မှတ်ယူလို့ မရကြောင်း တချိူ့သော ကျွမ်းကျင်ပညာရှင်များက ပြောဆိုထားကြပါတယ်။ ဒါပေမယ့်လည်း Honor Magic 2 ရဲ့ Geekbench ရလဒ်တွေက Mate 20 Pro ရဲ့ ရမှတ်တွေနဲ့ သိပ်မကွာတာကို တွေ့ရပါတယ်။ ဘာဘဲဖြစ်ဖြစ် Honor Magic 2 ဟာ ဒီဇိုင်းပိုင်း ပြောင်းလဲမှုတွေနဲ့အတူ Camera Slider အသုံးပြု စမတ်ဖုန်း တစ်လုံးအဖြစ် ပွဲထွက်လာမှာ ဖြစ်တာကြောင့် Magic 2 မိတ်ဆက်ပွဲကြီးက တော်တော်လေး စိတ်ဝင်စားစရာကောင်းနေတာတော့ အမှန်ပါပဲ။

Ref: gsmarena