[Zawgyi]

Honor ကုမၸဏီဟာ မူလ Magic 2 စမတ္ဖုန္းကို ၂၀၁၈ ႏွစ္ကုန္ပုိင္းမွာ မိတ္ဆက္လာခဲ့ၿပီး ႏုိဝင္ဘာမွာ ေစ်းကြက္ထဲ ျဖန္႔ခ်ိခဲ့ပါတယ္။ ဒါေပမယ့္ 3D Scanner ပါဝင္လာတဲ့ Honor Magic 2 ဗားရွင္းအသစ္ကို သူတုိ႔ရဲ႕ Weibo အေကာင့္မွာ ၿပီးခဲ့တဲ့အပတ္က ရုတ္တရက္ဆုိသလို ထပ္မံမိတ္ဆက္လာခဲ့တာေၾကာင့္ Honor Magic 2 3D လို႔ေလာေလာဆယ္ အမည္ေပးထားတဲ့ စမတ္ဖုန္းရဲ႕ တည္ရွိမႈကို စသိလာခဲ့ရပါတယ္။

ဒီစမတ္ဖုန္းသစ္ကို လာမယ့္ မတ္လ ၇ ရက္ေန႔မွာ တရားဝင္မိတ္ဆက္သြားမယ့္အေၾကာင္းကိုလည္း ကုမၸဏီရဲ႕ စီအီးအုိကိုယ္တုိင္ တရုတ္ဆုိရွယ္မီဒီယာမွာ ထပ္မံအတည္ျပဳလိုက္ပါၿပီ။ ဒီေၾကျငာခ်က္ကိုေတာ့ Honor ကုမၸဏီက သူတုိ႔အမွတ္တံဆိပ္ စတင္ခဲ့ရာမွ အခုထိေအာင္ျမင္မႈေတြအေၾကာင္း ေရးသားထားတဲ့ စာအုပ္ကို မိတ္ဆက္ျပသရင္းနဲ႔ အတည္ျပဳေပးခဲ့တာပဲ ျဖစ္ပါတယ္။

Honor အမႈေဆာင္အရာရွိခ်ဳပ္ George Zhao ဟာ ေက်ာဘက္မွာ Slide တစ္ခုကို ျမင္ရတဲ့ ပုံအပါအဝင္ ဓါတ္ပုံေတြကို ဆုိရွယ္အေကာင့္မွာတင္ခဲ့ၿပီး Honor Magic 2 3D လို႔ပါ သုံးႏႈန္းေျပာဆုိခဲ့ပါတယ္။ ဒါေၾကာင့္ 3D ဗားရွင္းမွာ Slider ကင္မရာနဲ႔ Kirin 980 ခ်စ္ပ္ဆက္တုိ႔ကို ဆက္လက္သုံးစြဲလာမယ္လို႔ ယူဆရေပမယ့္ စြမ္းအားျမင့္လုပ္ေဆာင္ခ်က္ေတြကို အခ်ိန္ၾကာၾကာ အသုံးျပဳရာမွာ ပိုအဆင္ေျပေစဖို႔ SoC မွာ Cooling Pad ပါလာမယ္လို႔ ဆုိပါတယ္။

Honor Magic 2 ရဲ႕ေစ်းႏႈန္းေတြဟာ လက္ရွိမွာ မန္မုိရီေပၚမူတည္ၿပီး တရုတ္ယြမ္ေငြ ၃,၇၉၉ (ျမန္မာေငြ ရွစ္သိန္းေျခာက္ေသာင္း) ကေန အျမင့္ဆုံး ယြမ္ ၄,၇၉၉ (ျမန္မာေငြ ဆယ္သိန္းရွစ္ေသာင္းေက်ာ္) ထိရွိပါတယ္။ 3D ဗားရွင္း ဖုန္းအသစ္ကေတာ့ တရုတ္ယြမ္ ၅,၇၉၉ (ျမန္မာေငြ ဆယ့္သုံးသိန္းေက်ာ္) ထိသတ္မွတ္လာႏုိင္ေျခ ရွိေၾကာင္း သတင္းထြက္ေနကာ Honor Magic 2 3D ကို ေသာၾကာေန႔မွာ တရားဝင္မိတ္ဆက္လာခ်ိန္ထိ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

Honor ကုမ္ပဏီဟာ မူလ Magic 2 စမတ်ဖုန်းကို ၂၀၁၈ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာခဲ့ပြီး နိုဝင်ဘာမှာ ဈေးကွက်ထဲ ဖြန့်ချိခဲ့ပါတယ်။ ဒါပေမယ့် 3D Scanner ပါဝင်လာတဲ့ Honor Magic 2 ဗားရှင်းအသစ်ကို သူတို့ရဲ့ Weibo အကောင့်မှာ ပြီးခဲ့တဲ့အပတ်က ရုတ်တရက်ဆိုသလို ထပ်မံမိတ်ဆက်လာခဲ့တာကြောင့် Honor Magic 2 3D လို့လောလောဆယ် အမည်ပေးထားတဲ့ စမတ်ဖုန်းရဲ့ တည်ရှိမှုကို စသိလာခဲ့ရပါတယ်။

ဒီစမတ်ဖုန်းသစ်ကို လာမယ့် မတ်လ ၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမယ့်အကြောင်းကိုလည်း ကုမ္ပဏီရဲ့ စီအီးအိုကိုယ်တိုင် တရုတ်ဆိုရှယ်မီဒီယာမှာ ထပ်မံအတည်ပြုလိုက်ပါပြီ။ ဒီကြေငြာချက်ကိုတော့ Honor ကုမ္ပဏီက သူတို့အမှတ်တံဆိပ် စတင်ခဲ့ရာမှ အခုထိအောင်မြင်မှုတွေအကြောင်း ရေးသားထားတဲ့ စာအုပ်ကို မိတ်ဆက်ပြသရင်းနဲ့ အတည်ပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။

Honor အမှုဆောင်အရာရှိချုပ် George Zhao ဟာ ကျောဘက်မှာ Slide တစ်ခုကို မြင်ရတဲ့ ပုံအပါအဝင် ဓါတ်ပုံတွေကို ဆိုရှယ်အကောင့်မှာတင်ခဲ့ပြီး Honor Magic 2 3D လို့ပါ သုံးနှုန်းပြောဆိုခဲ့ပါတယ်။ ဒါကြောင့် 3D ဗားရှင်းမှာ Slider ကင်မရာနဲ့ Kirin 980 ချစ်ပ်ဆက်တို့ကို ဆက်လက်သုံးစွဲလာမယ်လို့ ယူဆရပေမယ့် စွမ်းအားမြင့်လုပ်ဆောင်ချက်တွေကို အချိန်ကြာကြာ အသုံးပြုရာမှာ ပိုအဆင်ပြေစေဖို့ SoC မှာ Cooling Pad ပါလာမယ်လို့ ဆိုပါတယ်။

Honor Magic 2 ရဲ့ဈေးနှုန်းတွေဟာ လက်ရှိမှာ မန်မိုရီပေါ်မူတည်ပြီး တရုတ်ယွမ်ငွေ ၃,၇၉၉ (မြန်မာငွေ ရှစ်သိန်းခြောက်သောင်း) ကနေ အမြင့်ဆုံး ယွမ် ၄,၇၉၉ (မြန်မာငွေ ဆယ်သိန်းရှစ်သောင်းကျော်) ထိရှိပါတယ်။ 3D ဗားရှင်း ဖုန်းအသစ်ကတော့ တရုတ်ယွမ် ၅,၇၉၉ (မြန်မာငွေ ဆယ့်သုံးသိန်းကျော်) ထိသတ်မှတ်လာနိုင်ခြေ ရှိကြောင်း သတင်းထွက်နေကာ Honor Magic 2 3D ကို သောကြာနေ့မှာ တရားဝင်မိတ်ဆက်လာချိန်ထိ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref – GSM Arena