Honor က Mobile World Congress (MWC) 2023 မှာ ပြီးခဲ့တဲ့ ၁ ပတ်က Magic 5, Magic 5 Pro နဲ့ Magic 5 Lite ကို ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ Honor Magic5 Ultimate ကို မိတ်ဆက်လိုက်ပါတယ်။ အရင်နှစ်ထုတ် Magic4 Ultimate Edition ရဲ့ မျိုးဆက်သစ် ဖြစ်ပြီး တိုးတက်မှုများစွာ ပါလာပါတယ်။

Honor Magic5 Ultimate is a leather-bound Pro for China

Honor Magic5 Ultimate အတွက် Elegant Black နဲ့ Burning Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်ဟာ သားရေ ဒီဇိုင်း ဖြစ်ပြီး 6.81 inch 1312x2848p LTPO OLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အထက် ဘယ်ဘက်ခြမ်းမှာ ဆေးတောင့်ပုံ Cutout ထည့်သွင်းထားပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး Snapdragon 8 Gen 2 Chipset မောင်းနှင်ထားပါတယ်။ 16GB RAM နဲ့ 512GB Storage ထည့်ထားပြီး 66W Charging နဲ့ 50W Wireless Charging ထောက်ပံ့တဲ့ 5,450mAh ဘက်ထရီ ပါပါတယ်။ Android 13 အခြေပြု Magic UI 7.1 မောင်းနှင်ထားပြီး 5G, WiFi 6, Bluetooth 5.2 , USB-C နဲ့ NFC တွေ ပါပါတယ်။

အရှေ့ဘက်မှာ ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး 12MP နဲ့ Depth ကင်မရာတွေ ဖြစ်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 50MP Ultrawide Angle နဲ့ 50MP Periscope Telephoto (100x Digital Zoom) ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေက 4K Video တွေကို ရိုက်ကူးပေးနိုင်ပါတယ်။

Honor Magic5 Ultimate ကို တရုတ်မှာ CNY 6,699 ($966) သတ်မှတ်ထားပြီး မတ်လ ၂၀ ရက်နေ့ စတင် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

Ref : gizmochina