Honor ကနေ တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Honor Smart Life Product Launch Event မှာ Product အသစ်တွေအများအပြားကို မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီထဲကမှ Highend Laptop တစ်ခုဖြစ်တဲ့ Honor MagicBook Pro 2020 ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Honor MagicBook Pro 2020 ဟာ ပြီးခဲ့တဲ့ 2019 Model လိုမျိုးပဲ 16.1″ Display ကို အသုံးပြုထားပြီးတော့ ဘေးဘောင်တွေကို 4.9mm ပဲရှိအောင် လျော့ချထားတဲ့အတွက် Screen-to-Body Ratio က 90% အထိရှိနေမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Color Accuracy ပိုင်းမှာလည်း 100% sRGB အထိ Support ပေးနိုင်မှာဖြစ်ပြီး Resolution အနေနဲ့ကတော့ Full HD ကို Support ပေးသွားမယ်လို့ သိရပါတယ်။

Processor ပိုင်းအနေနဲ့ကတော့ Intel ရဲ့ 10th Gen Core i5 နဲ့ i7 ၂ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပြီး RAM 16GB အပြင် 512GB SSD ပါဝင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Nvidia MX350 GPU လည်းပါဝင်မှာဖြစ်ပါတယ်။

Honor MagicBook Pro 2020 ဟာ တခြားသော Huawei Laptp တွေလိုမျိုးပဲ Webcam ကို Keyboard အတွင်းမှာ မြုပ်ထားတာဖြစ်ပြီးတော့ Huawei Share လိုမျိုး Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Honor ကနေ Performance ကို 8% ကနေ 15% အထိတိုးလာစေမယ့် Performance Mode ကိုလည်း ထည့်သွင်းထားတယ်လို့သိရပါတယ်။

Honor MagicBook Pro 2020 ကို မေလ ၁၉ ရက်နေ့ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီ Intel Core i5 Version ကို 5,999 Yuan (မြန်မာငွေ ၁၂ သိန်းဝန်းကျင်) ၊ Core i7 Version ကိုတော့ 6,699 Yuan (မြန်မာငွေ ၁၃ သိန်းဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China