ဝယ်ယူသုံးစွဲသူများအနေနဲ့ မန္တလေးနဲ့ မော်လမြိုင်မြို့တွေမှာ ဆန်းသစ်တဲ့ စမတ်ဖုန်းပစ္စည်းများကို ဝယ်ယူရင်း Honor စမတ်ဖုန်းတွေကို လက်တွေ့စမ်းသပ် ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Honor က သူတို့ရဲ့ ပထမဦးဆုံးသော Flagship offline ပြခန်းများကို အထက်မြန်မာနိုင်ငံနဲ့ အောက်မြန်မာနိုင်ငံများရှိ အဓိကမြို့ကြီးတွေမှာ အောင်မြင်စွာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဆိုပါ အရောင်းပြခန်းတွေမှာ Honor ရဲ့ စိတ်လှုပ်ရှားဖွယ် ဖုန်းအမျိုးအစားသစ်များကို လက်ဝယ်ရယူ အသုံးပြုနိုင်ရန်အတွက် အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Honor Myanmar ရဲ့ ဥက္ကဌဖြစ်သူ Mr. Bai Jing က “ကျွန်ုပ်တို့ရဲ့ Honor ဦးဆောင်ပြခန်းတွေက တံခါးဖွင့်ပြီး လက်ကမ်းကြိုဆိုလျက်ရှိကြောင်း ဝမ်းမြောက်ဝမ်းသာ ကြေငြာလိုက်ပါတယ်။ ဝယ်ယူသူများအနေနဲ့ Handset များကို ရှာဖွေဝယ်ယူစဉ် ပြိုင်စံရှားတဲ့ အသုံးပြုသူ အတွေ့အကြုံတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ငယ်ရွယ်သူများနဲ့ ငယ်ရွယ်နုပျိုသောနှလုံးသား ပိုင်ဆိုင်သူတို့အတွက် မြန်မာနိုင်ငံမှာ တိုးတက်မှုအမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်နဲ့ ပတ်သတ်ပြီး ပိုမိုသိရှိနိုင်ရန် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Honor ရဲ့ ဦးဆောင်ပြခန်းသစ်ဟာ သမားရိုးကျ မိုဘိုင်းဖုန်း အရောင်းဆိုင်တွေရဲ့ အစဉ်အလာ ပုံစံခွက်မှ ရုန်းထွက်ပြီး လာရောက်သူများအနေနဲ့ ပျော်ရွှင်စရာ အရောင်စုံစိုပြည်တယ့် နေရာတစ်ခု အဖြစ် ဖန်တီးထားပါတယ်။ မန္တလေး ပထမပြခန်းမှာ ၇၃ လမ်း၊ ငုဝါလမ်းနဲ့ သဇင်လမ်းကြားရှိ Mandalar Mall တွင် ကြမ်းပြင်ဧရိယာ ၁၁၀ စတုရန်းမီတာအကျယ်နဲ့ အချက်အချာကျစွာ တည်ရှိနေပါတယ်။ အဆိုပါ အရောင်းပြခန်းကို အရောင်းနဲ့ အတွေ့အကြုံဆိုပြီး နေရာနှစ်ခု ခွဲခြားထားပြီး နောက်ဆုံးပေါ် ဈေးကွက်ဦးဆောင် စမတ်ဖုန်းများ၊ နားကြပ်များ၊ စပီကာများနှင့် အခြား အသုံးအဆောင် ပစ္စည်းများ အပါအဝင် ထုတ်ကုန်အမျိးမျိးကို ပြသရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒုတိယပြခန်းကို ၇၈ လမ်းမပေါ်၊ ၃၃ လမ်းနဲ့ ၃၄ လမ်း အကြားရှိ Myintmin Ayarwaddy တိုက်ခန်းမှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ မော်လမြိုင်တွင် အမှတ် ၁၇၆၊ အောက်လမ်းမကြီး၊ ရွှေတောင်ရပ်မှာ ဦးဆောင်ပြခန်းကို ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံ တောင်ဖက်ကို ဆက်လက်ချဲ့ထွင်ခဲ့ပါတယ်။

Mr. Bai Jing က “ငယ်ရွယ်ရဲရင့်မှုအပေါ် အခြေပြုဖန်တီးထားတယ့် အမှတ်တံဆိပ် တစ်ခုအနေနဲ့ မြန်မာနိုင်ငံမှ နည်းပညာလိုက်စားသူ လူငယ်များအတွက် လိုအပ်ချက်များကို ဖြည့်တင်းပေးမယ့်အရည်အသွေးမြင့် စမတ်ဖုန်းများကို ဆန်းသစ်သော နည်းပညာတို့ဖြင့် ပုံစံထုတ်ဖန်တီးလျက် ရှိပါတယ်။ ယနေ့ နေရာတိုးချဲ့ ဖွင့်လှစ်မှုတွေကြောင့် မန္တလေးနဲ့ မော်လမြိုင်မြို့များရှိ စမတ်ဖုန်းချစ်သူများအတွက် Honor စမတ်ဖုန်းများကို အလွယ်တကူ ရရှိနိုင်ပါပြီ” လို့ ထပ်မံပြောကြားခဲ့ပါတယ်။

အဆိုပါ ဖွင့်ပွဲများနဲ့အတူ Honor ရဲ့ စိတ်လှုပ်ရှားဖွယ်ရာ တရားဝင်ထုတ်ကုန်များနဲ့ လက်ဆောင်များကို စက်တင်ဘာလ ၁၅ ရက်မှ ၂၃ ရက်အတွင်း Honor စမတ်ဖုန်းနဲ့ တွဲဖက်ပစ္စည်းဝယ်ယူသူများအတွက် Lucky draw ကူပွန်များ ပါဝင်မှာ ဖြစ်ပါတယ်။ Honor စမတ်ဖုန်း ဝယ်ယူတဲ့ အကြိမ်တိုင်း Honor စမတ်ဖုန်း နောက်တစ်လုံး ကံထူးခွင့်ရှိမှာ ဖြစ်ပြီး Honor ရဲ့ Lucky draw အစီအစဉ်များကနေ တစ်ဆင့် တရားဝင်ကုန်ပစ္စည်းများကိုလည်း ကံထူးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Honor 7X သို့မဟုတ် Honor 6X တို့ကို ဝယ်ယူအသုံးပြုခဲ့တဲ့ မော်လမြိုင်ရှိ Honor ပရိသတ်များနဲ့ အသုံးပြုသူများသည် ၁၀၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်အထိ ပါဝင်သော Honor ဈေးလျော့ကူပွန်များကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်၊ ညနေ ၆ နာရီတွင် Honor မန္တလေးပြခန်းကနေ Facebook မှတစ်ဆင့် Live လွှင့်ပြီး SMART stainless steel ရေခဲသေတ္တာတစ်လုံး မဲဖောက်ကံစမ်းပေးမှာ ဖြစ်ပြီး ကံထူးရှင်ကိုလည်း Live ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

ယခုနှစ် ဇွန်လတွင် Honor 7A နဲ့ Honor 7C တို့ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Honor ဟာ အရောင်းတိုးတက်မှုနှုန်း ၁၀၀% ရှိလာခဲ့ပြီး သြဂုတ်လ အစောပိုင်းမှာလည်း 7S နဲ့ 9Lite တို့ကို ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ 7S နဲ့ 9Lite တို့ကိုလည်း လှိုက်လှဲစွာ ကြိုဆိုဝယ်ယူ အသုံးပြုခဲ့ကြပါတယ်။ ရန်ကုန်ရှိ ဝယ်ယူအသုံးပြုသူများက Honor ဖုန်းများကို အမှတ် ၁၃၉၊ လသာလမ်း၊ အပေါ်ဘလောက်ရှိ Honor ရဲ့ တရားဝင်ပြခန်းမှာ သွားရောက်ဝယ်ယူနိုင်ပါတယ်။