[Zawgyi]

– ႏိုင္ငံတကာစမတ္ဖုန္းအမွတ္တံဆိပ္တစ္ခုျဖစ္သည့္အားေလ်ာ္စြာ ေနာက္ဆုံးေပၚ Update မ်ား အပါအဝင္ feature မ်ားစြာပါဝင္သည့္ EMUI OS version 9.0 ရရွိ ႏိုင္ေစရန္ ဦးတည္ႀကိဳးပမ္းလ်က္ရွိ
– အသစ္ထပ္မံထြက္ရွိထားသည့္ HONOR 20 စမတ္ဖုန္းမ်ားတြင္ မ်ားစြာအက်ိဳးရွိသည့္ ARK စနစ္ ပါဝင္ၿပီး ၎က အကြာအေဝး ၂၆၅ မီတာအထိ ဖမ္းယူနားဆင္ႏိုင္မည့္ Super Bluetooth စနစ္ႏွင့္ Virtual 9.1 Surround Sound နည္းပညာကို ထည့္သြင္းအသုံးျပဳထား
– အြန္လိုင္းေပၚမွတစ္ဆင့္ ေတးသီခ်င္းေပါင္းမ်ားစြာနားဆင္ႏိုင္မည့္ JOOX အက္ပလီေကးရွင္းႏွင့္အတူ ပူးေပါင္း၍ စမတ္ဖုန္းအသစ္မ်ားစြာပိုင္ဆိုင္ႏိုင္မည့္ campaign အစီအစဥ္မ်ား ျမန္မာႏိုင္ငံအတြင္း စတင္က်င္းပလ်က္ရွိ

ေဈးကြက္အတြင္းဦးေဆာင္အမွတ္တံဆိပ္တစ္ခုျဖစ္သည့္ HONOR က စိတ္လႈပ္ရွားဖြယ္ရာ နည္းပညာအသစ္မ်ား၊ စမတ္ဖုန္းအသစ္မ်ားႏွင့္ ႏိုင္ငံတကာေဈးကြက္အတြင္း ၎တို႔ ဆက္ လက္လုပ္ေဆာင္လ်က္ရွိေနသည့္ တီထြင္ဖန္တီးမႈမ်ားႏွင့္ပတ္သက္သည့္ ကတိကဝတ္မ်ားအား ယခုလအတြင္း တစ္စုတစ္ေဝးတည္း ထုတ္ေဖာ္ေၾကညာခဲ့သည္။ ေဆာ့ဖ္ဝဲလ္အပိုင္းတြင္ သုံးစြဲသူမ်ားက မိုဘိုင္းလ္လည္ပတ္မႈ စနစ္ (OS) ကို ယခင္ EMUI 8.0 မွ ယခု 9thVersion သို႔ ေျပာင္းလဲသုံးစြဲႏိုင္ၿပီျဖစ္ၿပီး အဆိုပါေျပာင္းလဲအသုံးျပဳႏိုင္မည့္ စနစ္တြင္ ယခင္ထက္ပိုမိုေကာင္းမြန္သည့္ user experience မ်ားကို ရယူအသုံးျပဳႏိုင္မည္ျဖစ္သည္။ အဆိုပါ စနစ္အား လက္တေလာမိတ္ဆက္ျပသထားသည့္ flagship အမ်ိဳးအစား စမတ္ဖုန္းျဖစ္သည့္ HONOR 20 တြင္ ပြဲဦးထြက္ ထည့္သြင္းေပးခဲ့ျခင္းျဖစ္ၿပီး အဆိုပါ စမတ္ဖုန္း၏ စြမ္းေဆာင္ရည္ပိုမိုျမင့္မားေစရန္အတြက္ အဆင့္ျမင့္မားသည့္ hardware နည္းပညာစနစ္ကို ထည့္သြင္းတည္ေဆာက္ထားျခင္းျဖစ္သည္။

EMUI 9.0 ၏ သြင္ျပင္အသစ္ႏွင့္ အဆင့္ျမႇင့္တင္ထားသည့္ စြမ္းေဆာင္ရည္

HONOR က EMUI 9.0 Update ကို အသစ္ျပသမိတ္ဆက္ထားသည့္ HONOR 20 အျပင္ လက္ရွိေဈးကြက္ အတြင္း ေရာင္းခ်အသုံးျပဳလ်က္ရွိေသာ HONOR 9 Lite ႏွင့္ HONOR 8X စမတ္ဖုန္းမ်ားအတြက္လည္း ရယူ အသုံးျပဳႏိုင္ေစရန္ ထုတ္ေဝခဲ့ၿပီး အသုံးျပဳသူမ်ား၏ ေန႔စဥ္ဘဝမ်ားတြင္ ပိုမိုအသုံးတည့္ေစရန္ရည္႐ြယ္ထားပါသည္။ ယခုေျခလွမ္းမွာ ယခင္အသုံးျပဳႏိုင္ေနသည့္ EMUI 8.X ႏွင့္ ကနဦး update မ်ားႏွင့္ ယခု EMUI အသစ္ တို႔အၾကား HONOR အမွတ္တံဆိပ္အေနျဖင့္ OS ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဆက္လက္လုပ္ေဆာင္ေနႏိုင္မႈ ႏွင့္ ဆြဲေဆာင္မႈရွိသည့္ သြင္ျပင္သ႑ာန္အသစ္မ်ားႏွင့္ feature မ်ားကို ဆက္လက္ေထာက္ပံ့ေနႏိုင္ေၾကာင္း ျပသႏိုင္ျခင္းလည္း ျဖစ္သည္။ ႐ိုးရွင္းေကာင္းမြန္ေသာ သာမန္ဒီဇိုင္းမွ သုံးစြဲသူမ်ားႏွင့္လိုက္ေလ်ာညီေထြကိုက္ညီမႈ ရွိ သည့္ နည္းပညာမ်ား၊ အဆင့္ျမႇင့္တင္တိုးျမႇင့္လိုက္သည့္ စနစ္ေၾကာင့္ ျမန္ႏႈန္းတိုးျမင့္လာျခင္းမ်ား၊ ပိုမိုေကာင္း မြန္သည့္ လူလုပ္မွတ္ဉာဏ္တုစနစ္မ်ား ႏွင့္ ေန႔စဥ္ဘဝမ်ားအတြက္ တိုးတက္ေကာင္းမြန္သည့္ နည္းလမ္းမ်ား အစရွိတို႔ကို စိတ္ကူးစိတ္သန္းေကာင္းမ်ားျဖင့္ တီထြင္ႏိုင္ခဲ့သည္။

အသစ္ထပ္မံျမႇင့္တင္လိုက္ႏိုင္ၿပီျဖစ္သည့္ EMUI 9.0 မွာ စမတ္ဖုန္း၏ လည္ပတ္လုပ္ေဆာင္ႏိုင္စြမ္းရည္အား ပိုမို ျမန္ဆန္ေစရန္ႏွင့္ လူလုပ္မွတ္ဉာဏ္တုျဖင့္ ခန႔္မွန္းေဆာင္႐ြက္သည့္ နည္းပညာစနစ္မ်ားတြင္ ပိုမိုခရီးတြင္ေစရန္ ေထာက္ပံ့ေဆာင္႐ြက္ေပးႏိုင္သည္။ ထိုကဲ့သို႔ ေထာက္ပံ့ေဆာင္႐ြက္ႏိုင္မႈတြင္ ပ်မ္းမွ်အေနျဖင့္ စမတ္ဖုန္းတစ္လုံး၏ လုပ္ငန္းေဆာင္႐ြက္မႈစနစ္ကို ၂၅.၈ ရာခိုင္ႏႈန္းထိ ျမႇင့္တင္လ်င္ျမန္ေစမည္ျဖစ္ၿပီး အက္ပလီေကးရွင္းမ်ား ထည့္သြင္းလုပ္ေဆာင္မႈမ်ားကို ၁၀၂ မီလီစကၠန႔္အတြင္း လုပ္ေဆာင္မည္ျဖစ္ကာ ဖုန္းတစ္လုံးလုံး၏ စနစ္လည္ ပတ္မႈအေနအထားအား ေယဘုယ်ၿခဳံငုံၾကည့္ပါက ၁၂.၉ ရာခိုင္ႏႈန္းအဆင့္ျမင့္လာေၾကာင္း ေတြ႕ရမည္။ ဂိမ္း ကစားမႈအပိုင္းတြင္လည္း GPU Turbo 2.0 နည္းပညာျဖင့္ ဂိမ္းကစားသူမ်ား၏ ခံစားမႈကို အျမင့္မားဆုံး စြမ္းေဆာင္ရည္ျဖင့္ ေပးစြမ္းႏိုင္မည္ျဖစ္သည္။ လူလုပ္မွတ္ဉာဏ္တုျဖင့္ ေထာက္ပံ့လုပ္ေဆာင္သည့္ စြမ္းေဆာင္ ရည္မ်ားအပိုင္းတြင္ တိက်ေသခ်ာသည့္ ခြဲေဝပိုင္းျခားမႈမ်ား၊ တာဝန္ခြဲေဝလုပ္ေဆာင္မႈမ်ား အထူးသျဖင့္ ဂိမ္းပိုင္း ဆိုင္ရာတြင္ ထိထိေရာက္ေရာက္တိုးတက္ေကာင္းမြန္လာၿပီး ဖုန္းမ်က္ႏွာျပင္အားထိေတြ႕လုပ္ေဆာင္ရာတြင္ ေႏွးေကြးမႈမ်ားကို ပ်မ္းမွ်အားျဖင့္ ၃၆ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးႏိုင္မည္ျဖစ္သည္။

ဒီဇိုင္းပိုင္းတြင္လည္း EMUI 9.0 ၏ feature မ်ားမွာ ႐ိုးရွင္း၍ သဘာဝဆန္ေသာအသြင္အျပင္ႏွင့္ အသံမ်ားကို ထင္ဟပ္ေစမည္ျဖစ္သည္။ ၎ကို သဘာဝအေရာင္မ်ား ေပါင္းစပ္ေရာေႏွာမႈမွတစ္ဆင့္ ကြန႔္ျမဴးရယူထားျခင္း ျဖစ္ၿပီး ေတာင္တန္းမ်ား၊ သမုဒၵရာေရျပင္မ်ား၊ ေရခဲျမစ္မ်ားႏွင့္ ေက်ာက္တုံးမ်ား၏ အလင္းႏွင့္ အရိပ္က်ျခင္း စသည္တို႔ကို နမူနာယူကာ အလင္းေဖာက္ဝင္ေရာက္ေနသည့္ ျမင္ကြင္းပုံသ႑ာန္အျဖစ္ ရယူတည္ေဆာက္ ထားသည္။ EMUI အသစ္တြင္ အက္ပလီေကးရွင္းမ်ားအတြက္ ပိုမိုအသုံးတည့္မည့္ အေနအထားသို႔ ေျပာင္းလဲထားၿပီး ဒီဇိုင္းပိုင္းတြင္မူ လက္တစ္ဖက္တည္းျဖင့္ အလြယ္တကူအသုံးျပဳႏိုင္မည့္ပုံစံသို႔ ေျပာင္းလဲ ေပးထားသည္။

EMUI 9.0 မွာ Google ၏ ေနာက္ဆုံးထြက္ အန္းဒ႐ြိဳက္ဗားရွင္း Android 9.0 ေပၚတြင္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ အဆိုပါ ေနာက္ဆုံးထြက္ EMUI ဗားရွင္းျဖင့္ HONOR သုံးစြဲသူမ်ားက ၎တို႔၏ စမတ္ဖုန္းမ်ားအား သစ္လြင္ေသာ ခံစားမႈပုံစံျဖင့္ သုံးစြဲႏိုင္မည္ျဖစ္ၿပီး Google ၏ ေနာက္ဆုံးေပၚနည္းပညာႏွင့္ ဝန္ေဆာင္မႈမ်ားအား အခက္အခဲတစ္စုံတစ္ရာမရွိဘဲ ရယူအသုံးျပဳႏိုင္မည္ျဖစ္သည္။

HONOR ၏ Super Bluetooth စနစ္ : အင္တာနက္အေျချပဳအသုံးေဆာင္ပစၥည္းမ်ားျဖင့္လႊမ္းၿခဳံသည့္ကမာၻ (IoT world) သို႔ ေမာင္းႏွင္သြားလာျခင္း

ၿပီးခဲ့သည့္လအတြင္း လန္ဒန္ၿမိဳ႕ ၌ ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့သည့္ HONOR 20 စီးရီးစမတ္ဖုန္းမ်ိဳးဆက္ မိတ္ဆက္ပြဲတြင္ ႀကိဳးမဲ့နည္းပညာအသစ္တစ္ခုျဖစ္ေသာ “Super Bluetooth” ႏွင့္ ၎၏ ကိုယ္ပိုင္ Android app compiler (Ark Compiler) ၊ အဆင့္ျမႇင့္တင္ထားသည့္ Virtual 9.1 Surround Sound System မ်ားကို HONOR မွ မိတ္ဆက္ခဲ့သည္။

Super Bluetooth စနစ္မွာ ပတ္ဝန္းက်င္အေႏွာင့္အယွက္မ်ားမွ ဖယ္ရွားေပးၿပီး ၂၆၅ မီတာဝန္းက်င္အထိ အျမင့္မားဆုံးခ်ိတ္ဆက္မႈကို လုပ္ေဆာင္ေပးႏိုင္မည္ျဖစ္သည္။ အဆိုပါစနစ္ကို HONOR 20 စီးရီးမ်ားတြင္ ထည့္ သြင္းအသုံးျပဳထားၿပီး ႐ုံးခန္းက်ယ္မ်ား (သို႔) ေနအိမ္မ်ားစသည့္ သတ္မွတ္ဧရိယာမ်ားအတြင္းရွိ devices မ်ား ႏွင့္ ေကာင္းမြန္စြာခ်ိတ္ဆက္ႏိုင္သည့္ နည္းပညာအသစ္မ်ားျဖင့္ တည္ေဆာက္ထားျခင္းျဖစ္သည္။ Hi1103 chip သုံး AI နည္းပညာ၏ အကူအညီျဖင့္ အဆင့္ျမႇင့္တင္ထားသည့္ ၎စနစ္ေၾကာင့္ HONOR 20 စီးရီးမ်ားမွာ ပတ္ ဝန္းက်င္အေႏွာင့္အယွက္မ်ိဳးစုံၾကားမွ ခ်ိတ္ဆက္လိုသည့္ device မ်ားႏွင့္ ခိုင္ခိုင္မာမာ ခ်ိတ္ဆက္ေပးႏိုင္မည္ ျဖစ္သည္။

Virtual 9.1 Surround Sound: ကမာၻ႔နံပတ္(၁) အသံစနစ္

HONOR 20 စီးရီးမ်ိဳးဆက္စမတ္ဖုန္းမ်ားမွာ Virtual 9.1 Surround Sound စနစ္အား ထည့္သြင္းေပးထားသည့္ ပထမဆုံးေသာ စမတ္ဖုန္းမ်ိဳးဆက္ျဖစ္ၿပီး အဆိုပါ အသံစနစ္အသစ္ေၾကာင့္ နားဆင္သူမ်ားအေနျဖင့္ အား ေကာင္းၿပီး ႐ုပ္ရွင္႐ုံမ်ားအတြင္း ကိုယ္တိုင္သြားေရာက္ၾကည့္ရႈရသကဲ့သို႔ အသံပိုင္းဆိုင္ရာ ခံစားမႈမ်ားကို ေပး စြမ္းႏိုင္မည္ျဖစ္သည္။ အသံပိုင္းဆိုင္ရာ အေျခခံမူမ်ားအရ Virtual 9.1 Surround Sound ကို တည္ေဆာက္ ထားေသာေၾကာင့္ အားေကာင္းၿပီး အဘက္ဘက္မွ ပံ့ပိုးေပးေသာပုံစံ အသံထြက္ကို နားဆင္ခံစားႏိုင္မည္။ အဆို ပါ Virtual 9.1 Surround Sound စနစ္ကို ကမာၻ႔ထိပ္တန္းအသံပိုင္းဆိုင္ရာ ကြၽမ္းက်င္သူႏွင့္ ပညာရွင္ေပါင္း ၄၀ ေက်ာ္က စမ္းသပ္စစ္ေဆးမႈမ်ား ျပဳလုပ္ေပးထားၿပီး သက္ဆိုင္ရာနယ္ပယ္ေပါင္း ၂၁ ခုမွ ခ်ီးက်ဴးဂုဏ္ျပဳမႈမ်ားစြာ ကိုလည္း ေအာင္ျမင္စြာလက္ခံရရွိထားၿပီးျဖစ္သည္။ ၎အသံစနစ္မွာ HONOR အမွတ္တံဆိပ္နားၾကပ္မ်ားျဖင့္ သာမက ေဈးကြက္အတြင္းရွိ အျခားေသာ အမွတ္တံဆိပ္ နားၾကပ္အမ်ိဳးအစားမ်ားျဖင့္လည္း သင့္ေလ်ာ္ၿပီး ေကာင္းမြန္စြာနားေထာင္ႏိုင္မည္ျဖစ္သည္။

HONOR ႏွင့္ JOOX တို႔ ပူးေပါင္းေဆာင္႐ြက္ေသာ Top Fan Campaign

ျမန္မာေတးသီခ်င္းႀကိဳက္ႏွစ္သက္သူမ်ားအတြက္ HONOR ႏွင့္ အာရွတြင္ ထိပ္တန္းေရာက္ရွိေနသည့္ ေတးဂီတ အက္ပလီေကးရွင္းတစ္ခုျဖစ္ေသာ JOOX တို႔ အတူတကြ ပူးေပါင္း၍ စိတ္လႈပ္ရွားဖြယ္ရာ ဆုလက္ေဆာင္မ်ား ေပးအပ္သြားမည့္ ၿပိဳင္ပြဲတစ္ခုကို စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။ ၂၀၁၉ ခုႏွစ္ ေမလမွ စတင္ကာ ၂၀၂၀ ခုႏွစ္ ဇြန္လကုန္အထိ တစ္ႏွစ္တာလုံး စီစဥ္ေဆာင္႐ြက္သြားမည့္ Top Fan Campaign တြင္ ပါဝင္ယွဥ္ၿပိဳင္လိုသူမ်ား က JOOX မွ ေ႐ြးခ်ယ္ေပးထားမည့္ ေနာက္ဆုံးထြက္ ေတးသီခ်င္းမ်ားကို နားဆင္ျဖင္းျဖင့္ HONOR စမတ္ဖုန္း မ်ားကို လစဥ္လတိုင္း ကံထူးႏိုင္မည္ျဖစ္သည္။ လစဥ္ HONOR စမတ္ဖုန္း ၆ လုံးကို ကံစမ္းခြင့္ရရွိမည္ျဖစ္ၿပီး တစ္ႏွစ္တာ Campaign အတြက္ HONOR မွ စမတ္ဖုန္းအလုံးေရ စုစုေပါင္း ၈၀ နီးပါးကို ပံ့ပိုးကူညီေပးသြားမည္ ျဖစ္သည္။ စမတ္ဖုန္းကံစမ္းခြင့္ရရွိမည့္ အစီအစဥ္တြင္ ပါဝင္ခြင့္မရရွိလိုက္သူမ်ားအေနျဖင့္လည္း HONOR ႏွင့္ JOOX မွ ဇူလိုင္လတြင္ စတင္ေဆာင္႐ြက္ေပးသြားမည့္ HONOR စမတ္ဖုန္းမ်ားႏွင့္ အပိုပစၥည္းမ်ားဝယ္ယူျခင္း အတြက္ အထူးေလ်ာ့ေဈးမ်ား ရရွိႏိုင္မည့္ အစီအစဥ္မ်ားတြင္ ပါဝင္ႏိုင္မည္ျဖစ္သည္။

မိုးရာသီအထူးပ႐ိုမိုးရွင္း

ျမန္မာႏိုင္ငံ၏ မိုးရာသီကာလအထူးအစီအစဥ္အျဖစ္ HONOR မွ အထူးကံစမ္းမဲအစီအစဥ္တစ္ခုကို ဖုန္းဝယ္ယူ သူမ်ားအတြက္ ယခုလာမည့္ ဇြန္လ ၂၈ ရက္မွ ဇူလိုင္လ ၁၈ ရက္ေန႔အထိ ျပဳလုပ္သြားမည္ျဖစ္ကာ အဆိုပါ ကာလအတြင္း ႏွစ္သက္ရာ HONOR စမတ္ဖုန္းတစ္လုံးဝယ္ယူ႐ုံျဖင့္ Toyomax အမွတ္တံဆိပ္ႏွင့္ CZI အမွတ္ တံဆိပ္ ေမာ္ေတာ္ဆိုင္ကယ္ အစီး ၃၀ ကို ကံစမ္းႏိုင္မည္ျ ဖစ္သည္။ အဆိုပါကံစမ္းမဲအစီအစဥ္တြင္ ပါဝင္ရန္ အတြက္ ဖုန္းဝယ္ယူသူမ်ားက ၎တို႔ဝယ္ယူလိုက္သည့္ ဖုန္းအသစ္၏အာမခံကတ္ျပားအား ကံစမ္းမဲ လက္မွတ္အေနျဖင့္ သိမ္းဆည္းေပးထားရမည္ျဖစ္ၿပီး ကံထူးသူမ်ားကိုမူ HONOR မွ ေ႐ြးခ်ယ္ေပးသြားမည္ျဖစ္ ကာ ကံထူးရွင္မ်ားအား HONOR ၏ တရားဝင္ေဖ့စ္ဘြတ္စာမ်က္ႏွာတြင္ ရရွိသြားေသာ ဆုမ်ားႏွင့္တကြ ေဖာ္ျပ ေပးသြားမည္ျဖစ္သည္။ ထို႔အျပင္ ဖုန္းဝယ္ယူမႈတိုင္းအတြက္ မိုးရာသီလက္ေဆာင္ HONOR အမွတ္တံဆိပ္ ထီး မ်ား ေပးအပ္သြားမည္လည္းျဖစ္သည္။

[Unicode]

HONOR မှ မြန်မာနိုင်ငံရှိ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအတွက် နည်းပညာအသစ်များ ဆက်လက်တီထွင်ဖန်တီးလျက်ရှိ

– နိုင်ငံတကာစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သည့်အားလျော်စွာ နောက်ဆုံးပေါ် Update များ အပါအဝင် feature များစွာပါဝင်သည့် EMUI OS version 9.0 ရရှိ နိုင်စေရန် ဦးတည်ကြိုးပမ်းလျက်ရှိ
– အသစ်ထပ်မံထွက်ရှိထားသည့် HONOR 20 စမတ်ဖုန်းများတွင် များစွာအကျိုးရှိသည့် ARK OS စနစ် ပါဝင်ပြီး ၎င်းက အကွာအဝေး ၂၆၅ မီတာအထိ ဖမ်းယူနားဆင်နိုင်မည့် Super Bluetooth စနစ်နှင့် Virtual 9.1 Surround Sound နည်းပညာကို ထည့်သွင်းအသုံးပြုထား
– အွန်လိုင်းပေါ်မှတစ်ဆင့် တေးသီချင်းပေါင်းများစွာနားဆင်နိုင်မည့် JOOX အက်ပလီကေးရှင်းနှင့်အတူ ပူးပေါင်း၍ စမတ်ဖုန်းအသစ်များစွာပိုင်ဆိုင်နိုင်မည့် campaign အစီအစဉ်များ မြန်မာနိုင်ငံအတွင်း စတင်ကျင်းပလျက်ရှိ

ဈေးကွက်အတွင်းဦးဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်သည့် HONOR က စိတ်လှုပ်ရှားဖွယ်ရာ နည်းပညာအသစ်များ၊ စမတ်ဖုန်းအသစ်များနှင့် နိုင်ငံတကာဈေးကွက်အတွင်း ၎င်းတို့ ဆက် လက်လုပ်ဆောင်လျက်ရှိနေသည့် တီထွင်ဖန်တီးမှုများနှင့်ပတ်သက်သည့် ကတိကဝတ်များအား ယခုလအတွင်း တစ်စုတစ်ဝေးတည်း ထုတ်ဖော်ကြေညာခဲ့သည်။ ဆော့ဖ်ဝဲလ်အပိုင်းတွင် သုံးစွဲသူများက မိုဘိုင်းလ်လည်ပတ်မှု စနစ် (OS) ကို ယခင် EMUI 8.0 မှ ယခု 9thVersion သို့ ပြောင်းလဲသုံးစွဲနိုင်ပြီဖြစ်ပြီး အဆိုပါပြောင်းလဲအသုံးပြုနိုင်မည့် စနစ်တွင် ယခင်ထက်ပိုမိုကောင်းမွန်သည့် user experience များကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါ စနစ်အား လက်တလောမိတ်ဆက်ပြသထားသည့် flagship အမျိုးအစား စမတ်ဖုန်းဖြစ်သည့် HONOR 20 တွင် ပွဲဦးထွက် ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ စမတ်ဖုန်း၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရန်အတွက် အဆင့်မြင့်မားသည့် hardware နည်းပညာစနစ်ကို ထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်သည်။

EMUI 9.0 ၏ သွင်ပြင်အသစ်နှင့် အဆင့်မြှင့်တင်ထားသည့် စွမ်းဆောင်ရည်

HONOR က EMUI 9.0 Update ကို အသစ်ပြသမိတ်ဆက်ထားသည့် HONOR 20 အပြင် လက်ရှိဈေးကွက် အတွင်း ရောင်းချအသုံးပြုလျက်ရှိသော HONOR 9 Lite နှင့် HONOR 8X စမတ်ဖုန်းများအတွက်လည်း ရယူ အသုံးပြုနိုင်စေရန် ထုတ်ဝေခဲ့ပြီး အသုံးပြုသူများ၏ နေ့စဉ်ဘဝများတွင် ပိုမိုအသုံးတည့်စေရန်ရည်ရွယ်ထားပါသည်။ ယခုခြေလှမ်းမှာ ယခင်အသုံးပြုနိုင်နေသည့် EMUI 8.X နှင့် ကနဦး update များနှင့် ယခု EMUI အသစ် တို့အကြား HONOR အမှတ်တံဆိပ်အနေဖြင့် OS ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်နေနိုင်မှု နှင့် ဆွဲဆောင်မှုရှိသည့် သွင်ပြင်သဏ္ဍာန်အသစ်များနှင့် feature များကို ဆက်လက်ထောက်ပံ့နေနိုင်ကြောင်း ပြသနိုင်ခြင်းလည်း ဖြစ်သည်။ ရိုးရှင်းကောင်းမွန်သော သာမန်ဒီဇိုင်းမှ သုံးစွဲသူများနှင့်လိုက်လျောညီထွေကိုက်ညီမှု ရှိ သည့် နည်းပညာများ၊ အဆင့်မြှင့်တင်တိုးမြှင့်လိုက်သည့် စနစ်ကြောင့် မြန်နှုန်းတိုးမြင့်လာခြင်းများ၊ ပိုမိုကောင်း မွန်သည့် လူလုပ်မှတ်ဉာဏ်တုစနစ်များ နှင့် နေ့စဉ်ဘဝများအတွက် တိုးတက်ကောင်းမွန်သည့် နည်းလမ်းများ အစရှိတို့ကို စိတ်ကူးစိတ်သန်းကောင်းများဖြင့် တီထွင်နိုင်ခဲ့သည်။

အသစ်ထပ်မံမြှင့်တင်လိုက်နိုင်ပြီဖြစ်သည့် EMUI 9.0 မှာ စမတ်ဖုန်း၏ လည်ပတ်လုပ်ဆောင်နိုင်စွမ်းရည်အား ပိုမို မြန်ဆန်စေရန်နှင့် လူလုပ်မှတ်ဉာဏ်တုဖြင့် ခန့်မှန်းဆောင်ရွက်သည့် နည်းပညာစနစ်များတွင် ပိုမိုခရီးတွင်စေရန် ထောက်ပံ့ဆောင်ရွက်ပေးနိုင်သည်။ ထိုကဲ့သို့ ထောက်ပံ့ဆောင်ရွက်နိုင်မှုတွင် ပျမ်းမျှအနေဖြင့် စမတ်ဖုန်းတစ်လုံး၏ လုပ်ငန်းဆောင်ရွက်မှုစနစ်ကို ၂၅.၈ ရာခိုင်နှုန်းထိ မြှင့်တင်လျင်မြန်စေမည်ဖြစ်ပြီး အက်ပလီကေးရှင်းများ ထည့်သွင်းလုပ်ဆောင်မှုများကို ၁၀၂ မီလီစက္ကန့်အတွင်း လုပ်ဆောင်မည်ဖြစ်ကာ ဖုန်းတစ်လုံးလုံး၏ စနစ်လည် ပတ်မှုအနေအထားအား ယေဘုယျခြုံငုံကြည့်ပါက ၁၂.၉ ရာခိုင်နှုန်းအဆင့်မြင့်လာကြောင်း တွေ့ရမည်။ ဂိမ်း ကစားမှုအပိုင်းတွင်လည်း GPU Turbo 2.0 နည်းပညာဖြင့် ဂိမ်းကစားသူများ၏ ခံစားမှုကို အမြင့်မားဆုံး စွမ်းဆောင်ရည်ဖြင့် ပေးစွမ်းနိုင်မည်ဖြစ်သည်။ လူလုပ်မှတ်ဉာဏ်တုဖြင့် ထောက်ပံ့လုပ်ဆောင်သည့် စွမ်းဆောင် ရည်များအပိုင်းတွင် တိကျသေချာသည့် ခွဲဝေပိုင်းခြားမှုများ၊ တာဝန်ခွဲဝေလုပ်ဆောင်မှုများ အထူးသဖြင့် ဂိမ်းပိုင်း ဆိုင်ရာတွင် ထိထိရောက်ရောက်တိုးတက်ကောင်းမွန်လာပြီး ဖုန်းမျက်နှာပြင်အားထိတွေ့လုပ်ဆောင်ရာတွင် နှေးကွေးမှုများကို ပျမ်းမျှအားဖြင့် ၃၆ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်မည်ဖြစ်သည်။

ဒီဇိုင်းပိုင်းတွင်လည်း EMUI 9.0 ၏ feature များမှာ ရိုးရှင်း၍ သဘာဝဆန်သောအသွင်အပြင်နှင့် အသံများကို ထင်ဟပ်စေမည်ဖြစ်သည်။ ၎င်းကို သဘာဝအရောင်များ ပေါင်းစပ်ရောနှောမှုမှတစ်ဆင့် ကွန့်မြူးရယူထားခြင်း ဖြစ်ပြီး တောင်တန်းများ၊ သမုဒ္ဒရာရေပြင်များ၊ ရေခဲမြစ်များနှင့် ကျောက်တုံးများ၏ အလင်းနှင့် အရိပ်ကျခြင်း စသည်တို့ကို နမူနာယူကာ အလင်းဖောက်ဝင်ရောက်နေသည့် မြင်ကွင်းပုံသဏ္ဍာန်အဖြစ် ရယူတည်ဆောက် ထားသည်။ EMUI အသစ်တွင် အက်ပလီကေးရှင်းများအတွက် ပိုမိုအသုံးတည့်မည့် အနေအထားသို့ ပြောင်းလဲထားပြီး ဒီဇိုင်းပိုင်းတွင်မူ လက်တစ်ဖက်တည်းဖြင့် အလွယ်တကူအသုံးပြုနိုင်မည့်ပုံစံသို့ ပြောင်းလဲ ပေးထားသည်။

EMUI 9.0 မှာ Google ၏ နောက်ဆုံးထွက် အန်းဒရွိုက်ဗားရှင်း Android 9.0 ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ နောက်ဆုံးထွက် EMUI ဗားရှင်းဖြင့် HONOR သုံးစွဲသူများက ၎င်းတို့၏ စမတ်ဖုန်းများအား သစ်လွင်သော ခံစားမှုပုံစံဖြင့် သုံးစွဲနိုင်မည်ဖြစ်ပြီး Google ၏ နောက်ဆုံးပေါ်နည်းပညာနှင့် ဝန်ဆောင်မှုများအား အခက်အခဲတစ်စုံတစ်ရာမရှိဘဲ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

HONOR ၏ Super Bluetooth စနစ် : အင်တာနက်အခြေပြုအသုံးဆောင်ပစ္စည်းများဖြင့်လွှမ်းခြုံသည့်ကမ္ဘာ (IoT world) သို့ မောင်းနှင်သွားလာခြင်း

ပြီးခဲ့သည့်လအတွင်း လန်ဒန်မြို့ ၌ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် HONOR 20 စီးရီးစမတ်ဖုန်းမျိုးဆက် မိတ်ဆက်ပွဲတွင် ကြိုးမဲ့နည်းပညာအသစ်တစ်ခုဖြစ်သော “Super Bluetooth” နှင့် ၎င်း၏ ကိုယ်ပိုင် Android app compiler (Ark Compiler) ၊ အဆင့်မြှင့်တင်ထားသည့် Virtual 9.1 Surround Sound System များကို HONOR မှ မိတ်ဆက်ခဲ့သည်။

Super Bluetooth စနစ်မှာ ပတ်ဝန်းကျင်အနှောင့်အယှက်များမှ ဖယ်ရှားပေးပြီး ၂၆၅ မီတာဝန်းကျင်အထိ အမြင့်မားဆုံးချိတ်ဆက်မှုကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အဆိုပါစနစ်ကို HONOR 20 စီးရီးများတွင် ထည့် သွင်းအသုံးပြုထားပြီး ရုံးခန်းကျယ်များ (သို့) နေအိမ်များစသည့် သတ်မှတ်ဧရိယာများအတွင်းရှိ devices များ နှင့် ကောင်းမွန်စွာချိတ်ဆက်နိုင်သည့် နည်းပညာအသစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ Hi1103 chip သုံး AI နည်းပညာ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ထားသည့် ၎င်းစနစ်ကြောင့် HONOR 20 စီးရီးများမှာ ပတ် ဝန်းကျင်အနှောင့်အယှက်မျိုးစုံကြားမှ ချိတ်ဆက်လိုသည့် device များနှင့် ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးနိုင်မည် ဖြစ်သည်။

Virtual 9.1 Surround Sound: ကမ္ဘာ့နံပတ်(၁) အသံစနစ်

HONOR 20 စီးရီးမျိုးဆက်စမတ်ဖုန်းများမှာ Virtual 9.1 Surround Sound စနစ်အား ထည့်သွင်းပေးထားသည့် ပထမဆုံးသော စမတ်ဖုန်းမျိုးဆက်ဖြစ်ပြီး အဆိုပါ အသံစနစ်အသစ်ကြောင့် နားဆင်သူများအနေဖြင့် အား ကောင်းပြီး ရုပ်ရှင်ရုံများအတွင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုရသကဲ့သို့ အသံပိုင်းဆိုင်ရာ ခံစားမှုများကို ပေး စွမ်းနိုင်မည်ဖြစ်သည်။ အသံပိုင်းဆိုင်ရာ အခြေခံမူများအရ Virtual 9.1 Surround Sound ကို တည်ဆောက် ထားသောကြောင့် အားကောင်းပြီး အဘက်ဘက်မှ ပံ့ပိုးပေးသောပုံစံ အသံထွက်ကို နားဆင်ခံစားနိုင်မည်။ အဆို ပါ Virtual 9.1 Surround Sound စနစ်ကို ကမ္ဘာ့ထိပ်တန်းအသံပိုင်းဆိုင်ရာ ကျွမ်းကျင်သူနှင့် ပညာရှင်ပေါင်း ၄၀ ကျော်က စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးထားပြီး သက်ဆိုင်ရာနယ်ပယ်ပေါင်း ၂၁ ခုမှ ချီးကျူးဂုဏ်ပြုမှုများစွာ ကိုလည်း အောင်မြင်စွာလက်ခံရရှိထားပြီးဖြစ်သည်။ ၎င်းအသံစနစ်မှာ HONOR အမှတ်တံဆိပ်နားကြပ်များဖြင့် သာမက ဈေးကွက်အတွင်းရှိ အခြားသော အမှတ်တံဆိပ် နားကြပ်အမျိုးအစားများဖြင့်လည်း သင့်လျော်ပြီး ကောင်းမွန်စွာနားထောင်နိုင်မည်ဖြစ်သည်။

HONOR နှင့် JOOX တို့ ပူးပေါင်းဆောင်ရွက်သော Top Fan Campaign

မြန်မာတေးသီချင်းကြိုက်နှစ်သက်သူများအတွက် HONOR နှင့် အာရှတွင် ထိပ်တန်းရောက်ရှိနေသည့် တေးဂီတ အက်ပလီကေးရှင်းတစ်ခုဖြစ်သော JOOX တို့ အတူတကွ ပူးပေါင်း၍ စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်များ ပေးအပ်သွားမည့် ပြိုင်ပွဲတစ်ခုကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၉ ခုနှစ် မေလမှ စတင်ကာ ၂၀၂၀ ခုနှစ် ဇွန်လကုန်အထိ တစ်နှစ်တာလုံး စီစဉ်ဆောင်ရွက်သွားမည့် Top Fan Campaign တွင် ပါဝင်ယှဉ်ပြိုင်လိုသူများ က JOOX မှ ရွေးချယ်ပေးထားမည့် နောက်ဆုံးထွက် တေးသီချင်းများကို နားဆင်ဖြင်းဖြင့် HONOR စမတ်ဖုန်း များကို လစဉ်လတိုင်း ကံထူးနိုင်မည်ဖြစ်သည်။ လစဉ် HONOR စမတ်ဖုန်း ၆ လုံးကို ကံစမ်းခွင့်ရရှိမည်ဖြစ်ပြီး တစ်နှစ်တာ Campaign အတွက် HONOR မှ စမတ်ဖုန်းအလုံးရေ စုစုပေါင်း ၈၀ နီးပါးကို ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။ စမတ်ဖုန်းကံစမ်းခွင့်ရရှိမည့် အစီအစဉ်တွင် ပါဝင်ခွင့်မရရှိလိုက်သူများအနေဖြင့်လည်း HONOR နှင့် JOOX မှ ဇူလိုင်လတွင် စတင်ဆောင်ရွက်ပေးသွားမည့် HONOR စမတ်ဖုန်းများနှင့် အပိုပစ္စည်းများဝယ်ယူခြင်း အတွက် အထူးလျော့ဈေးများ ရရှိနိုင်မည့် အစီအစဉ်များတွင် ပါဝင်နိုင်မည်ဖြစ်သည်။

မိုးရာသီအထူးပရိုမိုးရှင်း

မြန်မာနိုင်ငံ၏ မိုးရာသီကာလအထူးအစီအစဉ်အဖြစ် HONOR မှ အထူးကံစမ်းမဲအစီအစဉ်တစ်ခုကို ဖုန်းဝယ်ယူ သူများအတွက် ယခုလာမည့် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ အဆိုပါ ကာလအတွင်း နှစ်သက်ရာ HONOR စမတ်ဖုန်းတစ်လုံးဝယ်ယူရုံဖြင့် Toyomax အမှတ်တံဆိပ်နှင့် CZI အမှတ် တံဆိပ် မော်တော်ဆိုင်ကယ် အစီး ၃၀ ကို ကံစမ်းနိုင်မည်ြ ဖစ်သည်။ အဆိုပါကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန် အတွက် ဖုန်းဝယ်ယူသူများက ၎င်းတို့ဝယ်ယူလိုက်သည့် ဖုန်းအသစ်၏အာမခံကတ်ပြားအား ကံစမ်းမဲ လက်မှတ်အနေဖြင့် သိမ်းဆည်းပေးထားရမည်ဖြစ်ပြီး ကံထူးသူများကိုမူ HONOR မှ ရွေးချယ်ပေးသွားမည်ဖြစ် ကာ ကံထူးရှင်များအား HONOR ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွင် ရရှိသွားသော ဆုများနှင့်တကွ ဖော်ပြ ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ဖုန်းဝယ်ယူမှုတိုင်းအတွက် မိုးရာသီလက်ဆောင် HONOR အမှတ်တံဆိပ် ထီး များ ပေးအပ်သွားမည်လည်းဖြစ်သည်။