Honor က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ Dimensity 8100 Chipset ပါတဲ့ Honor Pad V8 Pro တက်ဘလက်ကို ကြေညာခဲ့ပြီး အခုတော့ Honor Pad V8 ကို မိတ်ဆက်လိုက်ပါတယ်။

Honor Pad V8

Honor Pad V8 မှာ 11 inch LCD 2.5K 2560x1600p မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Dimensity 8020 Chipset ပါတဲ့ ပထမဆုံး တက်ဘလက် ဖြစ်လာပါတယ်။

အရှေ့ဘက်မှာ 5MP နဲ့ အနောက်ဘက်မှာ 13MP Main , 2MP Depth ကင်မရာတွေ တပ်ဆင်ထားပြီး စပီကာ ၄ လုံး ပါပါတယ်။ 22.5W Charging ထောက်ပံ့တဲ့ 7,250mAh Battery တပ်ဆင်ထားပြီး WiFi နဲ့ Bluetooth ဆက်သွယ်မှုတွေ ထည့်သွင်းထားပါတယ်။ ပေါ့ပါး ပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပြီး အထူက ၇.၃၅ မီလီမီတာနဲ့ အလေးချိန်က ၄၈၅ ဂရမ် ဖြစ်ပါတယ်။

Honor Pad V8

Honor Pad V8 မှာ Chip အသစ် ပါလာပေမယ့် ကျန်တဲ့ Specs တွေဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လက ကြေညာခဲ့တဲ့ Honor Tab V7 Pro နဲ့ တူညီပါတယ်။

Honor Pad V8 အတွက် တရုတ်မှာ မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပါတယ်။ အခြေခံ 8GB RAM+128GB Storage ကို ၁,၇၉၉ ယွမ် (၂၆၀ ဒေါ်လာ)နဲ့ 8GB RAM+ 256GB Storage ကို ၁,၈၉၉ ယွမ် (၂၇၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Ref : gizmochina