Honor ဟာ အခုအချိန်မှာ Huawei ရဲ့ လက်အောက်ကနေ အပြီးတိုင်ခွဲထွက်လိုက်ပြီဖြစ်ပါတယ်။ Honor ကို Zhixin New Information Technology Co. Ltd က ပိုင်ဆိုင်သွားပြီးတဲ့အချိန်မှာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ဆောင်ရွက်သွားမယ့် အစီအစဥ်တွေကိုပါ သိရှိလာရပြီဖြစ်ပါတယ်။

ဒါကိုတော့ Nikkei Asia ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Honor အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ဝန်းကျင်အထိ ထုတ်လုပ်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ US နိုင်ငံအတွင်းမှာ ရောင်းချနိုင်ဖို့အတွက်လည်း Supplier တွေနဲ့ ဆက်သွယ်ချိတ်ဆက်ထားပြီးဖြစ်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

အဲ့ဒီအတွက် Honor အနေနဲ့ Huawei လက်အောက်ကနေ ခွဲထွက်ထားတာမှန်တယ်ဆိုပေမယ့် လောလောဆယ်မှာ Google အပါအဝင် US အစိုးရရဲ့ ပိတ်ဆို့မှုအောက်ကနေ လုံးဝလွတ်ကင်းသွားပြီလားဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် US နိုင်ငံအတွင်းမှာ ရောင်းချဖို့စီစဥ်နေတာဖြစ်တဲ့အတွက် Google Mobile Service တော့ အနည်းဆုံးပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာ Honor ကနေ MediaTek ကနေ Chipset တွေကိုရယူသွားမှာဖြစ်ပြီး မကြာခင်မှာ Qualcomm ဆီကနေပါ Snapdragon Chipset တွေကို ဝယ်ယူသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကျိန်းသေတာကတော့ Honor စမတ်ဖုန်းတွေမှာ Huawei ရဲ့ Kirin Chipset တွေကို လုံးဝမြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ၂၀၂၁ ခုနှစ်မှာ Honor ကို လုံးဝ ပုံစံအသစ်နဲ့ မြင်တွေ့ရမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Gizmo China