Honor ဟာ သူတို့ရဲ့ Mid-range အမျိုးအစား 5G စမတ်ဖုန်းဖြစ်တဲ့ X10 5G ကို ပွဲထုတ်ပြီးတဲ့အခါ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ မှတ်ချက်တစ်ခုကို ပြောခဲ့ပါတယ်။ Event Keynote တွေကို ကြေညာပြီးချိန်မှာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ Zhao Ming က ပြောခဲ့တာပါ။

Zhao ပြောခဲ့တာက ကုမ္ပဏီအနေနဲ့ MediaTek နဲ့ဆက်ဆံရေးပိုပြီးအားကောင်းလာစေဖို့အတွက် လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း၊ အနာဂတ်ရဲ့ Honor အမှတ်တံဆိပ် စမတ်ဖုန်းတွေမှာ MediaTek 5G chipset တွေကို အသုံးပြုသွားဖို့ စီစဉ်ထားတယ်ဆိုတဲ့အကြောင်းတွေပဲ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာတာလို့ ဆိုနိုင်ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Huawei ဟာ တားမြစ်ပိတ်ပင်မှု နောက်ထပ်တစ်နှစ်တိုးမြှင့်ခြင်းခံခဲ့ရတဲ့အပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနကလည်း Huawei ရဲ့ Chipset အသုံးပြုခွင့်နဲ့ပတ်သက်ပြီး အကန့်အသတ်ဖြစ်သွားစေတဲ့ ဥပဒေတွေ ထုတ်ခဲ့တဲ့နောက် Honor ကလည်း အခုလို ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

Chipset အသုံးပြုနိုင်မှုကို ကန့်သတ်ချက်တစ်ခုအောက်ရောက်သွားအောင် လုပ်လိုက်ခြင်းက Huawei နဲ့ Honor အမှတ်တံဆိပ်နှစ်ခုလုံးအတွက် ခက်ခဲတဲ့အခြေအနေတစ်ရပ်ဆီ ဦးတည်သွားစေပါတယ်။ ဒါကြောင့် ထိုင်ဝမ်အခြေစိုက် Chip ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ MediaTek ဘက်ကို မြားဦးလှည့်လာတာကလည်း လုံးဝကို အဓိပ္ပါယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

Dimensity စီးရီးဟာ ဈေးနှုန်းချိုသာတဲ့ 5G ရွေးချယ်မှုပေါင်းမြောက်များစွာကို ကမ်းလှမ်းထားတာဖြစ်ပြီး အချို့ဟာ Dual SIM 5G အထောက်အပံ့လို စွမ်းဆောင်ရည်မြင့်တဲ့ ပံ့ပိုးမှုတွေ ပေးထာပါတယ်။ ဒါကြောင့် နောက်ပိုင်းကာလတွေမှာ Huawei နဲ့ Honor စမတ်ဖုန်းတွေဟာ MediaTek ကိုဘယ်လောက်ထိ မှီခိုလာမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Ref: GSM Arena