Honor Play 30 ကို ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပေမယ့် ကုမ္ပဏီက ဈေးနှုန်းကို မပြောခဲ့ပါဘူး။ အခုတော့ တရုတ်မှာ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး ဈေးနှုန်းကိုလည်း သိလာရပါပြီ။

Honor Play 30 5G launched with iPhone-like design, Snapdragon 480+, 5000mAh battery - Gizmochina

Honor Play 30 ကို ၁,၀၉၉ ယွမ်နဲ့ တရုတ်မှာ ရောင်းချပေးထားပြီး မြန်မာငွေ ၃ သိန်း ဝန်းကျင် ကျသင့်မှာပါ။ Magic Night Black, Aurora blue, Titanium Silver နဲ့ Dawn Gold အရောင် ၄ မျိုး ထုတ်လုပ်ထားပြီး  တရုတ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Honor Play 30 5G Price, Specifications, Image - May 13, 2022

Honor Play 30 5G မှာ ၆.၅ လက်မ LCD HD+ မျက်နှာပြင် တပ်ဆင်ထားပြီး Snapdragon 480+ 5G Chipset မောင်းနှင်ထားပါတယ်။ 4GB / 8GB LPDDR4x RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။

အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံးကို အရွယ်သေး Notch မှာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP ကင်မရာနဲ့ LED Flash ထည့်သွင်းထားပါတယ်။ 5,000mAh ဘက်ထရီ ပါလာပြီး 10W Charging ပဲ ထောက်ပံ့ထားပါတယ်။ Android 11 အခြေပြု Magic UI 5.0 မောင်းနှင်ထားပြီး Dual-SIM Support, Wi-Fi 802.11ac, Bluetooth 5.1, GPS,  USB-C port နဲ့ 3.5mm Audio Jack တွေ ပါပါတယ်။

Ref : gizmochina