Honor က ပြီးခဲ့တဲ့ လမှာ Honor Play 4T နဲ့ Honor Play 4T Pro တို့ကို ကြေညာခဲ့ပြီး Specs တွေ နိမ့်တဲ့ တန်ဖိုးနည်း ဖုန်းတွေ ဖြစ်ပါတယ်။ အဲဒီ ဖုန်းတွေကို လက်ရှိမှာ တရုတ်မှာပဲ ရောင်းပေးထားပါတယ်။ အခုတော့ Honor ရဲ့ နောက်ထပ် စမတ်ဖုန်း ၁ လုံးရဲ့  သတင်းတွေ ဝီဘိုနဲ့ JD.com ကနေ ထွက်လာပါတယ်။ Honor Play 4 Pro လို့ နာမည်ပေးထားပြီး Kirin 5G Chipset မောင်းနှင်ထားပါတယ်။

40W Fast Charging နဲ့ LCD မျက်နှာပြင် ပါလာမှာဖြစ်ပြီး ပင်မ ကင်ရာက Sony IMX600Y ဖြစ်ပါတယ်။ Fast Charging နဲ့ 5G ၂ ခုစလုံးကို ထောက်ပံ့နိုင်တဲ့ Kirin 820 SoC ဖြစ်နိုင်ပြီး အနောက်ဘက်မှာ Kirin Logo ရေးထွင်းထားတဲ့ ဒီဇိုင်းက စိတ်ဝင်စားစရာကောင်းပါတယ်။ အရင်တုန်းက ဒီလိုမျိုး မတွေ့ခဲ့ဖူးပါဘူး။ Gaming စမတ်ဖုန်း ဒီဇိုင်းနဲ့တောင် တူပါတယ်။ လက်ရှိမှာ Honor Play 4 Pro ဟာ Gaming စမတ်ဖုန်းလားဆိုတာ ပြောဖို့ စောပါသေးတယ်။

Honor Play 4 Pro မှာ အနောက်ကင်မရာ ၂ လုံးနဲ့ အရှေ့ကင်မရာ ၂ လုံး တပ်ဆင်ထားပြီး အရှေ့ကင်မရာတွေကို ဘယ်ဘက်အထက်က Punch Hole မှာ ထည့်သွင်းထားပါတယ်။ LCD ဖြစ်တဲ့အတွက် မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်လို့ မရဘဲ ဘေးဘက်က ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ JD.com က ဓါတ်ပုံတွေအရ အောက်ခြေမှာ စပီကာနဲ့ USB-C Port တပ်ဆင်ထားပြီး နားကြပ်ပေါက် မပါပါဘူး။

Ref : gsmarena