Honor ဟာ မကြာခင်မှာ Honor Play 4 Pro စမတ်ဖုန်းအသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း Honor Play 4 Pro မှာပါဝင်လာနိုင်တဲ့ Feature တွေကို ကုမ္ပဏီရဲ့ Executive ကနေ Weibo စာမျက်နှာမှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြခဲ့ပါတယ်။

အဆိုပါ Teaser ဓါတ်ပုံတွေဟာ Honor Play 4 Pro မှာ 40W Fast Charging ၊ IR Blaster အပြင် Kirin 990 Chipset တွေပါဝင်လာမှာကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Honor Play 4 Pro ဖုန်းဟာ Flagship စွမ်းဆောင်ရည်ရှိလာမှာဖြစ်ပြီး 5G Network ကိုပါ Support ပြုလုပ်လာဖွယ်ရှိနေပါတယ်။

Honor ဟာ Play Series ဖုန်းကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက Kirin 970 Chipset နဲ့ Honor Play ဆိုပြီးထုတ်လုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ယခု Honor Play 4 Pro ဖုန်းဟာ အဆိုပါ ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်လာမှာပါ။ Design ပိုင်းအနေနဲ့လည်း ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက  Render ဓါတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။

Honor Play 4 Pro ဖုန်းဟာ Dual Punch-hole Display အပြင် 40MP IMX600 RYYB Primary Sensor ပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုလာမှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ တရုတ်ယွမ်ငွေ ၃,၀၀၀ (မြန်မာငွေ ၆ သိန်းဝန်းကျင်) နဲ့ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China